Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာခြောက်ရွာ မီးတင်ရှို့

ဖေဖော်ဝါရီ ၁၅ရက်က စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် ပန်းလှိုင်ရွာနှင့် မုန့်စီကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ပလိုင်းကျေးရွာသို့ ဝင်ရောက်နားချိန် နံနက် ၇ နာရီခွဲအချိန်ကစ၍ (၆၀)မမ လက်နက် အချက်ရေ ၂၀ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရွှေဘိုနယ်ရှိ ကျေးရွာတစ်ရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ-Cj
ရွှေဘိုနယ်ရှိ ကျေးရွာတစ်ရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ-Cj

▪️မီးရှို့စစ်ကြောင်းကို လက်နက်ကြီးဖြင့်တိုက်ခိုက်ရာ လေးဦးသေဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်က ငါးရက်အတွင်း ကျေးရွာ ခြောက်ရွာအား မီးရှို့ဖျက်ဆီးရာ အဆိုပါ စစ်ကောင်စီတပ်ကို PDFများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ လေးဦးသေဆုံးကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၅ရက်က စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် ပန်းလှိုင်ရွာနှင့် မုန့်စီကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ပလိုင်းကျေးရွာသို့ ဝင်ရောက်နားချိန် နံနက် ၇ နာရီခွဲအချိန်ကစ၍ (၆၀)မမ လက်နက် အချက်ရေ ၂၀ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီဘက်ကလည်း စက်သေနတ်အပါအဝင် လက်နက်ကြီးဖြင့် နှစ်ချက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲကြာချိန် တစ်နာရီခွဲအတွင်း စစ်ကောင်စီဘက်က လေးဦးသေဆုံးကြောင်း သတင်းရပြီး PDF ရဲဘော်များ အထိအခိုက်မရှိကြောင်း Chindwin Attack Force ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“တော်တော်ထိတယ် ၄၀လောက်ကို ထိခိုက်ရှိတာအသေးစားဒဏ်ရော ဒဏ်ရာကြီးရော။ လေးကောင်ကတော့ သေချာပေါက်ပဲ။”ဟု Chindwin Attack Force ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force) တပ်ရင်း -၃၊ တပ်ခွဲ ၃ ဂဠုန်နက် PDF၊ မြောက်ပျံလွှား LPDF နှင့် နဂါးနီကျားမင်း LPDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းအသိပေးသည်။

စစ်ကောင်စီတပ်နှင့်ပျူများသည် ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်)တွင် ပန်းလှိုင်ရွာအတွင်း ကျန်ရှိနေသေးသည့် နေအိမ်များကို မီးထပ်ရှို့ဖျက်ဆီးကာ လက်နက်ကြီးများဖြင့် ရေတော်မူရွာနှင့် တက်တူရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ရေတော်မူရွာ အရှေ့ဘက် ဇီးဖြူကုန်းရွာသို့ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၂ ရက် က သီလုံးကျေးရွာမှ ထွက်လာပြီး ကျောက်မြင့်၊ တင့်တယ်၊ ငါးဆူကုန်း၊ မဲတော စသည့်ရွာများကို မီးရှို့ဖျက်ဆီးခဲ့သ​ည့် စစ်ကြောင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတချို့ကို စစ်တပ်က ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။