Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ်ရှိ ကျားရွာအိမ်ခြေထောင်ချီ မီးရှို့ခံရပြီး သက်ကြီးရွယ်အို သုံးဦး အမောဖောက်သေဆုံး

စစ်ကောင်စီတပ်သည် ကျားရွာကို ပြီးခဲ့သည့် ၂၀၂၁ ဧပြီအတွင်းက ပထမဆုံးအကြိမ် ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ၂၀၂၂ ဧပြီတွင်လည်း ဒုတိယအကြိမ်မြောက်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။

ကျားရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်၊ ဓာတ်ပုံ-Cj
ကျားရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျားကျေးရွာရှိ အိမ်ခြေထောင်ချီ မီးရှို့ဖျက်ဆီးခံရပြီး အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်သံများကြောင့် သက်ကြီးရွယ်အိုသုံးဦး အမောဖောက်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်)က ညောင်ပင်သာကျေးရွာ စိုက်ပျိုးရေးကျောင်းမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ကျားရွာသို့ ရောက်ရှိလာပြီး ကျားမြောက်ရွာ၊ ကျားအလယ်ရွာ၊ကျားတောင်ရွာနှင့် အနောက်ရွာလေးတို့ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ ကျားရွာကြီးရှိ အိမ်ခြေစုစုပေါင်း၏ ငါးပုံလေးပုံခန့် မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထို့ကြောင့် အိမ်ခြေတစ်ထောင်ခန့်မီးလောင်ဆုံးရှုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။

ကျားရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်၊ ဓာတ်ပုံ-Cj
ကျားရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်၊ ဓာတ်ပုံ-Cj

ထို့အပြင် စစ်ကောင်စီတပ်၏ ပစ်ခတ်သံများကြောင့် ကျားတောင်ရွာနေ အဘိုးအိုတစ်ဦးနှင့်အဘွားအိုတစ်ဦး နှလုံးအမောဖောက် ဆုံးပါးခဲ့ပြီး ဘေးရွာရှိ အဘိုးအိုတစ်ဦးလည်း နှလုံးအမောဖောက်၍ ဆုံးပါးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“ အိမ်တွေ၊စပါးတွေ၊စပါးတိုက်တွေ၊စက်ဘီး၊ဆိုင်ကယ်၊ကား၊ ဒန်အိုးတွေ၊အိုးခွက် ၊ ပန်းကန်တွေကအစ တွေ့ကရာ မီးရှို့ဖျက်ဆီးသွားကြတယ်။သက်ကြီးဘိုးဘွားတွေလည်း ထိတ်လန့်လို့ နှလုံးအမောဖောက်ဆုံးပါးခဲ့တယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကျားရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်၊ ဓာတ်ပုံ-Cj
ကျားရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်၊ ဓာတ်ပုံ-Cj

စစ်ကောင်စီတပ်သည် ကျားရွာကို ပြီးခဲ့သည့် ၂၀၂၁ ဧပြီအတွင်းက ပထမဆုံးအကြိမ် ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ၂၀၂၂ ဧပြီတွင်လည်း ဒုတိယအကြိမ်မြောက်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၃ ရက်)တွင် အဆိုပါစစ်ကြောင်းသည် ရွှေဘိုစိုက်ပျိုးရေးကျောင်းသို့ ပြန်ဝင်သွားသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁၂ ရက်)နံနက်ပိုင်းက ရွှေဘိုမြို့နယ်၊ ကျောက်မြင့်ကျေးရွာအနီးတွင် သီးလုံးရွာအထိုင်ချထားသော စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ညောင်မြင့်၊ ဒင်တဲရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ယနေနံနက်ပိုင်းတွင်လည်း ငါးဆူကုန်းရွာကို ဝင်ရောက်မီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလမြို့ရှိ မင်းပြင်ရွာကို စစ်ကောင်စီတပ်က သီတင်းကျွတ်လပြည့်ညကစပြီး လပြည့်ကျော် ၁ ရက်အထိ နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းများထုတ်ပြန်ကြေညာလျှက်ရှိရာ ဆင်တဲကုန်းအုပ်စုအ တွက်လာကပ်ထားတဲ့ မဲစာရင်းတွေကို မီးရှို့ရှင်းလင်းလိုက်တယ်လို့ သာယာဝတီခရိုင် တပ် ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ်(သရက်ချောင်းမြို့နယ်)မှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်တယ်လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး လူမှုကူညီရေးလုပ်ဆောင်တဲ့အမျိုးသားတဦးအပါအဝင် ဒေသခံနှစ်ဦး မိုင်နင်းမိပြီး သေဆုံးသွားခဲ့ပါတယ်။