Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လောင်းလုံးမြို့တွင် လယ်ယာမြေများအကွက်ရိုက် ရောင်းချနေမှုများမပြုရန် လောင်းလုံး(ပအဖ) ထုတ်ပြန်

တရားဥပဒေစိုးမိုးမရှိချိန်တွင် စစ်ကောင်စီနှင့်အပေါင်းအပါများက လယ်မြေများကို မြေကွက် ဖို့ကာ အကွက်ရောင်းချနေမှုများ လောင်းလုံးမြို့နယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာသော ကြောင့် ယခုလို့ တားမြစ်ရခြင်းဖြစ်သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

လောင်းလုံးမြို့တွင် လယ်ယာမြေများအကွက်ရိုက် ရောင်းချနေမှုများမပြုရန် လောင်းလုံး(ပအဖ) ထုတ်ပြန်
လောင်းလုံးမြို့တွင် လယ်ယာမြေများအကွက်ရိုက် ရောင်းချနေမှုများမပြုရန် လောင်းလုံး(ပအဖ) ထုတ်ပြန်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် လယ်ယာမြေများ မြေဖို့အကွက်ရိုက် ရောင်းချနေမှုများကို မပြုလုပ်ကြရန် လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည်။

တရားဥပဒေစိုးမိုးမရှိချိန်တွင် စစ်ကောင်စီနှင့်အပေါင်းအပါများက လယ်မြေများကို မြေကွက် ဖို့ကာ အကွက်ရောင်းချနေမှုများ လောင်းလုံးမြို့နယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာသော ကြောင့် ယခုလို့ တားမြစ်ရခြင်းဖြစ်သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

“ဒါတွေက တွင်တွင်ကျယ်ကျယ်ဖြစ်ပြီး အခုဆိုရင် လောင်းလုံးမြို့နယ်ရဲ့ အဓိကလမ်းမကြီးတွေပါ မြေဖို့အကွက်ရောင်းတာဖြစ်လာပြီ ။ ဒါတွေက တရားဥပဒေစိုးမိုးမှုမရှိတဲံ့အချိန် စစ်ကောင်စီနဲ့ပေါင်းပြီး မြေကွက်ရိုက်ရောင်းတဲ့သူတွေက အကျိူးမြတ်မျိူးမျိုးမြတ်မြတ်ရသွားပြီး တကယ်ပြည်သူတွေစီက နောက်ပိုင်း ဒီလယ်ယာမြေတွေအတွက် ဥပဒေအကြောင်းအရပြန်လည် လုပ်ကိုင်တဲ့ အခါမှာပြန်လည်သိမ်းဆည်းတာတွေဖြစ်လာမှာ”ဟု လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိက ပြောသည်။

Public Service Announcement
Public Service Announcement

ပြည်သူများက အဆိုပါ မြေကွက်များကို ကာလပေါက်ဈေးထက်နည်းပါးသည်ဟု ယူဆကြပြီး လက်လုပ်၊ လက်စားပြည်သူများက ယခုချိန်တွင် ရင်းနှီးမြှပ်နှံထားပါက နောင်တချိန်တွင်ဈေးနှုန်းမြင့်မားနိုင်သည်ဟု ယူဆချက်ဖြင့် ဝယ်ယူနေခြင်းဖြစ်သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် လယ်ယာမြေအား ဖျက်ဆီးခြင်း ၊ မြေဖိုခြင်း ၊ အခြားနည်းဖြင့် အသုံးပြုခြင်းတိုမှာ တရားဝင်မှုမရှိသည့်အပြင် တည်ဆဲဥပဒေအရ ပြစ်မှုမြောက်ခြင်း ၊ဝယ်ယူထားသည့် မြေဧရိယာလည်း ပြန်လည်သိမ်းဆည်း ခံရနိုင်ဖွယ်ရှိခြင်းတိုကြောင့် အဓိကနစ်နာ ဆုံးရှုးမည့်သူ ဝယ်ယူထားသူများပင်ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ထိုကြောင့် လယ်ယာမြေများကို တရားမဝင် အကွက်ရိုက်ရောင်းချခြင်များ၊ လယ်ယာမြေများကို ဆက်လက်ဖျက်ဆီးခြင်းများမပြုရန် တားမြစ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တားမြစ်ချက်များကို လက်နက်ကိုင်တပ် ဖွဲ့များဖြစ်သည့် ပကဖနှင့်ကာကွယ်ရေးအဖွဲ့များကလည်း ဆက်လက်ထုတ်ပြန်သွားမည်ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မသိရသေးပေ။ တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းတနင်္သာရီ‌တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပြီး အသေးစိတ်မသိရသေးဟု ဆိုသည်။

သတင်း

စစ်ကောင်စီစစ်‌ကြောင်းသည် ချောင်းဝရွာအနီးရှိ မင်းကျောင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေသဖြင့် ပြင်ဆင်မှုမလုပ်နိုင်သေးပေ။

သတင်း

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် တရားရေးဌာနတို့က ဩဂုတ် ၁၄ရက်တွင် ပြုလုပ်ခဲ့သည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ ယင်းကဲ့သို့ကြေညာခြင်းဟု ဦးဇော်ထက်က ပြောသည်။