Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တိုက်ပွဲတွင် အထိနာခဲ့သောစစ်ကောင်စီတပ်က ရှပ်ပုံစံပြကျေးရွာအား မီးရှို့ဖျက်ဆီး

စစ်ကောင်စီက ရှပ်ပုံစံပြကျေးရွာအား ယနေ့ (ဇန်နဝါရီ ၁၉ ရက်)နံနက် ၉နာရီခန့်မှစတင်၍ မီးရှို့ဖျက်ဆီးနေဖြစ်သည်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသော ရှပ်ပုံစံပြကျေးရွာအား အဝေးမှ မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသော ရှပ်ပုံစံပြကျေးရွာအား အဝေးမှ မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ပုလောမြို့နယ်၌ ဇန်နဝါရီ ၆ရက် တိုက်ပွဲတွင် အထိနာခဲ့သောစစ်ကောင်စီတပ်က ရှပ်ပုံစံပြကျေးရွာအား မီးရှို့ဖျက်ဆီးနေကြောင်း တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီက ရှပ်ပုံစံပြကျေးရွာအား ယနေ့ (ဇန်နဝါရီ ၁၉ ရက်)နံနက် ၉နာရီခန့်မှစတင်၍ မီးရှို့ဖျက်ဆီးနေဖြစ်သည်။

Public Service Announcement
Public Service Announcement

“ရွာကိုမီးရှို့နေပြီ။ ရွာသားတွေကတော့ အရင်ကတည်းက ရှောင်နေကြတာ။ စစ်ကောင်စီ ပတ်ရမ်းနေတာ”ဟု တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်သည် ရှပ်ပုံရွာအတွင်း ဇန်နဝါရီ ၆ ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးနှင့် ပျူစောထီးတစ်ဦးကို ​သေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။