Connect with us

Hi, what are you looking for?

သတင်း

အင်အားအနည်းငယ်သာရှိသည့် KNLA တပ်စခန်းတစ်ခု စစ်ကောင်စီ ဝင်ရောက်စီးနင်း မီးရှို့

စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့သည့် KNLA တပ်ရင်း (၁၀၃) ဌာနချုပ်သည် ဗိုလ်ချုပ်နယ်ဒါးမြ ဦးဆောင်သည့် ကော်သူးလေအာမီ-KTLA ဌာနချုပ် ဥကရစ်ခီး စခန်းနှင့် ကိုက် ၁၀၀ကျော်သာ ဝေးသည်ဟု KICက ဖော်ပြထားသည်။

စစ်ကောင်စီတပ် စီးနင်းခဲ့သည့် စခန်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - KIC
စစ်ကောင်စီတပ် စီးနင်းခဲ့သည့် စခန်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - KIC

▪️တစ်ရက်အတွင်း KNLA ပူးပေါင်းတပ်ပြန်ဝိုင်းပြီး တပ်စခန်းနေရာပြန်ယူ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) နယ်မြေရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပြီး စခန်းရှိ အဆောက်အဦးများကို မီးရှို့သွားကြောင်း KNU သတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။

“အဲဒီစခန်းလည်း သူတို့ တစ်ညပဲလာပြီးတော့ မနက် သူတို့ ပြန်သွားတာပဲ။ ဒီဘက်ကလည်း ပြန်ဝိုင်းပိတ်တာကိုး။ ပြန်ဝိုင်းပိတ်တော့ သူတို့လည်း မနေရဲဘူး” ဟု ၎င်းက ဆိုသည်။

ယင်းတပ်စခန်း၌ လူဦးရေ အနည်းငယ်သာ ရှိ၍ စစ်ကောင်စီတပ်နှင့် အပြန်အလှန် တိုက်ပွဲဆင်နွှဲခြင်းမပြုဘဲ ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ် စီးနင်းခဲ့သည့် စခန်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - KIC
စစ်ကောင်စီတပ် စီးနင်းခဲ့သည့် စခန်းအား တွေ့ရစဉ်၊ ဓာတ်ပုံ – KIC

“လူသုံးလေးယောက်ပဲ။ သူတို့က အယောက်များတာနဲ့ကျွန်တော်တို့ လူတွေက ကားတစ်စီးရှိတယ် ကားလည်း မယူသွားနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော် တို့က ပြန်လာပြီး ရှင်းတဲ့အခါ သူတို့လည်း မနေရဲဘူး။ သူတို့ကတော့ မီးရှို့ပြီး ပြန်ထွက်သွားတာ” ဟု KNUသ တင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ကရင်သတင်းဌာန KIC၏ သတင်းဖော်ပြချက်တွင် တပ်မဟာ(၆)နယ်မြေ မြ၀တီတောင်ပိုင်းရှိ KNLA တပ်ရင်း(၁၀၃) ဌာနချုပ်နေရာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၁ရက် မွန်းလွဲပိုင်းတွင် စစ်ကြောင်းထိုးဝင်ရောက်စီးနင်းခြင်းဖြစ် ကြောင်း၊ ယင်းစခန်းကို ပူးပေါင်းတပ်ဖွဲ့က ပြန်လည်တိုက်ခိုက်ရာ ယနေ့ (ဖေဖော်ဝါရီ ၂၂ရက်) နေ့လည်ပိုင်း၌ စခန်းနေရာကို ပြန်လည်ရရှိခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ တပ်မှူးတစ်ဦးကို ကိုးကား ဖော်ပြသည်။

စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့သည့် KNLA တပ်ရင်း (၁၀၃) ဌာနချုပ်သည် ဗိုလ်ချုပ်နယ်ဒါးမြ ဦးဆောင်သည့် ကော်သူးလေအာမီ-KTLA ဌာနချုပ် ဥကရစ်ခီး စခန်းနှင့် ကိုက် ၁၀၀ကျော်သာ ဝေးသည်ဟု KICက ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။