Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၅) နယ်မြေရှိ စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းတပ်သိမ်းပိုက်

KNLA၊BPLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် Force for Federal Democracy(FFD) တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

စစ်တပ်စခန်းတစ်ခုကို BPLA ဝင်တိုက်၊ လက်နက်ပစ္စည်းများသိမ်းဆည်းရမိ
စစ်တပ်စခန်းတစ်ခုကို BPLA ဝင်တိုက်၊ လက်နက်ပစ္စည်းများသိမ်းဆည်းရမိ

▪️ရန်သူတွေက စိတ်ဓာတ်အင်အားချိနဲ့နေကြတော့ အလွယ်တကူပဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်”- ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တာဝန်ခံ ​မောင်​ဆောင်းခ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)နယ်မြေရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို ယနေ့မနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ်ပြန်သည်။

KNLA၊BPLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် Force for Federal Democracy(FFD) တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

စစ်တပ်စခန်းတစ်ခုကို BPLA ဝင်တိုက်၊ လက်နက်ပစ္စည်းများသိမ်းဆည်းရမိ
စစ်တပ်စခန်းတစ်ခုကို BPLA ဝင်တိုက်၊ လက်နက်ပစ္စည်းများသိမ်းဆည်းရမိ

KNU တပ်မဟာ (၅)နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို နံနက် ၆နာရီခန့်တွင် တိုက်ခိုက်ခဲ့ရာ မိနစ်အနည်းငယ်ကြာပစ်ခတ်ရုံဖြင့် ရန်သူများကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

“ကျနော်တို့ မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်က စကစနဲ့ BGF တို့ပူးတွဲနေထိုင်ကြတဲ့စခန်းကို အလစ်ဝင်တိုက်ကြတာဖြစ်ပါတယ်။ ရန်သူတွေက စိတ်ဓာတ်အင်အားချိနဲ့နေကြတော့ အလွယ်တကူပဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်”ဟုဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တာဝန်ခံ ​မောင်​ဆောင်းခက People’s Spring သတင်းဌာနသို့​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်စခန်းတစ်ခုကို BPLA ဝင်တိုက်၊ လက်နက်ပစ္စည်းများသိမ်းဆည်းရမိ
စစ်တပ်စခန်းတစ်ခုကို BPLA ဝင်တိုက်၊ လက်နက်ပစ္စည်းများသိမ်းဆည်းရမိ

နာရီဝက်ခန့်အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ ရန်သူ့အလောင်းတစ်လောင်း၊ လက်နက် နှစ်လက်နှင့် ဆက်စပ်ပစ္စည်းများရရှိခဲ့သည်ဟုဆိုသည်။

တိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်ဟု ဖော်ပြသည်။

တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခြင်း၊ စစ်ကောင်စီတပ်စခန်းနှင့် စ်စကြောင်းများကို ခြုံခိုတိုက်ခိုက်ခြင်းများကို KNLA ဦးဆောင်သည့် တော်လှန်ရေး တပ်ဖွဲ့များက မကြာခဏ ဆောင်ရွက်ခဲ့သည်။

သိမ်းဆည်းရမိသော ခဲယမ်းများနှင့် ပူးပေါင်းအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – BPLA

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook