Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၅) နယ်မြေရှိ စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းတပ်သိမ်းပိုက်

KNLA၊BPLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် Force for Federal Democracy(FFD) တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

စစ်တပ်စခန်းတစ်ခုကို BPLA ဝင်တိုက်၊ လက်နက်ပစ္စည်းများသိမ်းဆည်းရမိ
စစ်တပ်စခန်းတစ်ခုကို BPLA ဝင်တိုက်၊ လက်နက်ပစ္စည်းများသိမ်းဆည်းရမိ

▪️ရန်သူတွေက စိတ်ဓာတ်အင်အားချိနဲ့နေကြတော့ အလွယ်တကူပဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်”- ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တာဝန်ခံ ​မောင်​ဆောင်းခ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)နယ်မြေရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို ယနေ့မနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ်ပြန်သည်။

KNLA၊BPLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် Force for Federal Democracy(FFD) တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

စစ်တပ်စခန်းတစ်ခုကို BPLA ဝင်တိုက်၊ လက်နက်ပစ္စည်းများသိမ်းဆည်းရမိ
စစ်တပ်စခန်းတစ်ခုကို BPLA ဝင်တိုက်၊ လက်နက်ပစ္စည်းများသိမ်းဆည်းရမိ

KNU တပ်မဟာ (၅)နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို နံနက် ၆နာရီခန့်တွင် တိုက်ခိုက်ခဲ့ရာ မိနစ်အနည်းငယ်ကြာပစ်ခတ်ရုံဖြင့် ရန်သူများကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

“ကျနော်တို့ မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်က စကစနဲ့ BGF တို့ပူးတွဲနေထိုင်ကြတဲ့စခန်းကို အလစ်ဝင်တိုက်ကြတာဖြစ်ပါတယ်။ ရန်သူတွေက စိတ်ဓာတ်အင်အားချိနဲ့နေကြတော့ အလွယ်တကူပဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်”ဟုဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တာဝန်ခံ ​မောင်​ဆောင်းခက People’s Spring သတင်းဌာနသို့​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်စခန်းတစ်ခုကို BPLA ဝင်တိုက်၊ လက်နက်ပစ္စည်းများသိမ်းဆည်းရမိ
စစ်တပ်စခန်းတစ်ခုကို BPLA ဝင်တိုက်၊ လက်နက်ပစ္စည်းများသိမ်းဆည်းရမိ

နာရီဝက်ခန့်အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ ရန်သူ့အလောင်းတစ်လောင်း၊ လက်နက် နှစ်လက်နှင့် ဆက်စပ်ပစ္စည်းများရရှိခဲ့သည်ဟုဆိုသည်။

တိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်ဟု ဖော်ပြသည်။

တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခြင်း၊ စစ်ကောင်စီတပ်စခန်းနှင့် စ်စကြောင်းများကို ခြုံခိုတိုက်ခိုက်ခြင်းများကို KNLA ဦးဆောင်သည့် တော်လှန်ရေး တပ်ဖွဲ့များက မကြာခဏ ဆောင်ရွက်ခဲ့သည်။

သိမ်းဆည်းရမိသော ခဲယမ်းများနှင့် ပူးပေါင်းအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – BPLA

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။