Connect with us

Hi, what are you looking for?

သတင်း

CNA နှင့်ထန်တလန်CDF၏နှစ်လတာပူးပေါင်းစစ်ဆင်ရေးတွင်စစ်သား ၂၀ဦးသေ၊ ချင်းတပ်ဖွဲ့ဝင်၆ဦးကျဆုံး

၂၀၂၂ ဒီဇင်ဘာ ၂၉ရက်မှစ၍ Tilim Oreration ကို စတင်ခဲ့ရာ ဇန်နဝါရီ ၁ရက် တွင် စစ်ကောင်စီတပ်နေရာယူထားသည့် ထန်တလန် ရဲစခန်းအတွင်းရှိ အိမ် ၅လုံးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ဇန်နဝါရီ ၂ရက်တွင် ရဲစခန်းရှိ အိမ် ၂လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးနိုင်ခဲ့ဟု ဖော်ပြသည်။

(ဓါတ်ပုံ-CNA/CNF)
(ဓါတ်ပုံ-CNA/CNF)

▪︎စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးဖမ်းမိလက်နက် ၅၀နီးပါးရ၊ စစ်ကောင်စီရဟတ်ယာဉ်ကို ထိခိုက်အောင် ပစ်ခတ်နိုင်ခဲ့ဟု ထုတ်ပြန်

ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ထန်တလန် ချင်းကာကွယ်ရေးတပ်(CDF) တို့ ပူးပေါင်းပြီး ရက်ပေါင်း ၆၀ စစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်ခဲ့ရာ စစ်ကောင်စီတပ်က ၂၀ဦး သေဆုံးပြီး ၂၅ ဦးထက်မနည်း နှင့်အထက် ထိခိုက် ဒဏ်ရာရခဲ့သည်ဟု ထန်တလန် CDFက ထုတ်ပြန်သည်။

၂၀၂၂ ဒီဇင်ဘာ ၂၉ရက်မှစ၍ Tilim Oreration ကို စတင်ခဲ့ရာ ဇန်နဝါရီ ၁ရက် တွင် စစ်ကောင်စီတပ်နေရာယူထားသည့် ထန်တလန် ရဲစခန်းအတွင်းရှိ အိမ် ၅လုံးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ဇန်နဝါရီ ၂ရက်တွင် ရဲစခန်းရှိ အိမ် ၂လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးနိုင်ခဲ့ဟု ဖော်ပြသည်။

(ဓါတ်ပုံ-CNA/CNF)
(ဓါတ်ပုံ-CNA/CNF)

ဇန်နဝါရီ ၂၉ရက်တွင် စစ်ကောင်စီတပ်အား ထောက်ပို့လာသည့် ရဟတ်ယာဉ် ၏ အစိတ်အပိုင်း တစ်ချို့ကို ဖျက်ဆီးနိုင်သကဲ့သို့ ဖေဖော်ဝါရီ ၂၆ ရက်တွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ အတွက် ထောက်ပို့ရန်လာသည့် ရဟတ်ယာဉ် အစိတ်အပိုင်း အချို့ကို ထပ်မံ ဖျက်ဆီးနိုင်ခဲ့သည်ဟု အသိပေးထားသည်။

ဖေဖော်ဝါရီ ၁ရက်တွင်ထန်တလန်မြို့ CBဘဏ် အဆောက်အအုံအတွင်းရှိ စစ်ကောင်စီတပ်သားနှင့် ရဲ ၆ဦးကိုလက်နက် ၈လက်နှင့်အတူ ဖမ်းဆီးရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၈ရက်တွင် ထန်တလန်ရဲစခန်းကို တိုက်ခိုက်ခဲ့ရာ အင်အား ၅၀ ခန့် ရှိ စစ်ကောင်စီ ရဲစခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး လက်နက် ၄၀ ကျော် သိမ်းဆည်းရယူနိုင်ခဲ့သည်ဟု အသိပေးသည်။

(ဓါတ်ပုံ-CNA/CNF)
(ဓါတ်ပုံ-CNA/CNF)

စစ်ဆင်ရေး စတင်တိုက်ပွဲဖော်ဆောင်သည့် ရက်ပေါင်း ၆၀ အတွင်း စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိသကဲ့သို့ ထန်တလန် CDF မှ ရဲဘော် ၄ဦး နှင့် CNA ရဲဘော် ၂ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ရဲစခန်းသိမ်းပိုက်ခံရသည့်ဖေဖော်ဝါရီ ၉ရက်မှစ၍ ထန်တလန်မြို့ကို လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်းများစွာ နှင့် လက်နက်ကြီး ပစ်ကူပေးကြောင်း ဖော်ပြသည်။

(ဓါတ်ပုံ-CNA/CNF)
(ဓါတ်ပုံ-CNA/CNF)

ဖေဖော်ဝါရီ ၉ရက်မှ ၂၆ ရက်နေ့အထိ ထန်တလန်တိုက်ပွဲ၌ စစ်ကောင်စီတပ်က လေယာဉ် ၊ ရဟတ်ယာဉ်ဖြင့် အကြိမ်ပေါင်း ၉၅ ကြိမ်နှင့်အထက် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု မနားတမ်း တိုက်ခိုက်လျက်ရှိသည့်အပြင် လက်နက်ခဲယမ်း အင်အား အလွန်အကျွံ သုံးပြီး တိုက်ပွဲဖော်ဆောင်လျက်ရှိ၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သည်ဟု ထန်တလန် CDFက ထုတ်ပြန်သည်။ ထို့ပြင် ပြည်သူများ သွားလာနေထိုင်မှု ဆင်ခြင်သတိပြုရန် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တိုက်ပွဲအတွင်း စစ်တပ် ၁၀ဦးခန့်သေ၊ ထိခိုက်မှုများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။