Connect with us

Hi, what are you looking for?

သတင်း

ကသာမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်အထိနာ၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ညောင်ခြေထောက်ရွာအနီးတွင် ယမန်နေ့(ဖေဖော်ဝါရီ ၂၇ရက်) နေ့လယ် ၂နာရီခွဲခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဦးစီးပြီး ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁)က တိုက်ခိုက်ခဲ့ခြင်းဟု သတင်းရရှိသည်။

စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - GETTY IMAGES
စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - GETTY IMAGES

စစ်ကိုင်းတိုင်း ကသာမြို့နယ် ညောင်ခြေထောက်ကျေးရွာအနီး ယမန်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲ၌ စစ်ကောင်စီဘက်က ၁၁ဦးသေဆုံးပြီး အများအပြားဒဏ်ရာရပြီးနောက် ညပိုင်းတွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

“ညောင်ခြေထောက်ရွာနဲ့ ကိုးမိုင်ခန့်အကွာမှာ တိုက်ပွဲဖြစ်တာ။ စစ်တပ်ဘက်က ၁၁ယောက်သေတယ်။ ဒဏ်ရာရတာက ၂၀လောက်ရှ်ိတယ် ကြားတယ်။ သူတို့ ဒီမနက်အထိ အလောင်းလာမကောက်နိုင်သေးဘူး”ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ညောင်ခြေထောက်ရွာအနီးတွင် ယမန်နေ့(ဖေဖော်ဝါရီ ၂၇ရက်) နေ့လယ် ၂နာရီခွဲခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဦးစီးပြီး ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁)က တိုက်ခိုက်ခဲ့ခြင်းဟု သတင်းရရှိသည်။

Public Service Announcement
Public Service Announcement

ည ၇ နာရီ မိနစ် ၄၀ခန့်တွင် စစ်ကောင်စီတပ်က Mi 35 ဖြင့် ဗုံးနှစ်လုံး ကြဲသွားကြောင်း၊ ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိကြောင်း ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒေသခံတွေက ရှောင်နေကြလို့ မထိပါဘူး။ ပစ်သွားတာက ဗုံးနှစ်လုံးပါ”ဟု ၎င်းက ပြောသည်။

သို့သော် ယနေ့(ဖေဖော်ဝါရီ ၂၈ရက်) နံနက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ အ‌‌ခြေအနေတည်ငြိမ်နေသည်ဟု သတင်းရရှ်ိသည်။

စစ်ကောင်စီတပ်သည် ကသာမြို့နယ် မိုးတားရွာကို ဇန်နဝါရီ ၁၈ရက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ခုနှစ်ဦးသေဆုံးခဲ့သည်။ အဆိုပါရက်က မိုးတားရွာအနီး တိုက်ကုန်းရွာတိုက်ပွဲတွင် အထိနာပြီးနောက် လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။