Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်အတွင်း လက်နက်ကြီးရန်ကြောင့် တစ်ဦးထိခိုက်ဒဏ်ရာရပြီး ၆၀၀ ကျော်ထွက်ပြေးရ

လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတချို့၏ နေအိမ်များလည်း ပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူများ ကျေးရွာအတွင်း မနေရဲတော့ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

မုန်းမြို့နယ်အတွင်း လက်နက်ကြီးရန်ကြောင့် တစ်ဦးထိခိုက်ဒဏ်ရာရပြီး ၆၀၀ ကျော်ထွက်ပြေးရ
မုန်းမြို့နယ်အတွင်း လက်နက်ကြီးရန်ကြောင့် တစ်ဦးထိခိုက်ဒဏ်ရာရပြီး ၆၀၀ ကျော်ထွက်ပြေးရ

ကော်သူးလေအုပ်ချုပ်နယ်မြေ (မူး)မုန်းမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်က ကျေးရွာအတွင်း လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့သောကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပေါင်း(၆၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရခဲ့ရသည်။

ဖေဖေါ်ဝါရီလ(၂၄)ရက်က မုန်းမြို့နယ် ညောင်ပင်သာကျေးရွာအတွင်းသို့ စစ်ကောင်စီတပ် ဝင်ရောက်လာပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံအမျိုးသားတစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကာ တောင်ငူဆေးရုံကို ပို့ဆောင်ခဲ့ရကြောင်း KNU က ထုတ်ပြန်သည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတချို့၏ နေအိမ်များလည်း ပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူများ ကျေးရွာအတွင်း မနေရဲတော့ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Public Service Announcement
Public Service Announcement

ထိုသို့ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ပြီးနောက် စစ်ကောင်စီတပ်က တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းများကို ခိုးယူသွားခဲ့သလို ယခုလို ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်ရှောင်နေရသည့် ဒေသခံပြည်သူဦးရေ(၆၀၀)ကျော်ခန့်ရှိသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

Public Service Announcement

Public Service Announcement

မုန်းမြို့နယ်အတွင်း လက်နက်ကြီးရန်ကြောင့် တစ်ဦးထိခိုက်ဒဏ်ရာရပြီး ၆၀၀ ကျော်ထွက်ပြေးရ
မုန်းမြို့နယ်အတွင်း လက်နက်ကြီးရန်ကြောင့် တစ်ဦးထိခိုက်ဒဏ်ရာရပြီး ၆၀၀ ကျော်ထွက်ပြေးရ

ကရင်အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)၏ ထုတ်ပြန်ထားချက်အရ ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူလူထုဦးရေ (၅၀၀၀၀၀)ကျော်ရှိပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်လျက်ရှိသည်ဟု သိရသည်

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။