Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံတိုက်ပွဲ ပအိုဝ်းပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်သား ၉ဦးသေ

ယမန်နေ့ မွန်းလွဲပိုင်း၌ ကရင်နီတပ်မတော်(KA)၊KNDF၊PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်၊ ပအိုပ်အမျိုးသားတပ်မတော်(PNA)တို့ ဖယ်ခုံမြို့နယ် ပြည်လုံးရွာ၌ တွေ့ဆုံတိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ပအိုပ်အမျိုးသားတပ်မတော်(PNA)မှ ကျန်ရှိသည့် အသုံးအဆောင်အချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ - ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့(KMIC)
ပအိုပ်အမျိုးသားတပ်မတော်(PNA)မှ ကျန်ရှိသည့် အသုံးအဆောင်အချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ - ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့(KMIC)

လက်နက် ၈လက်နှင့် ကျည်များရဟု ကရင်နီတပ်အသိပေး

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၌ ယမန်နေ့(ဖေဖော်ဝါရီ ၂၇ရက်)က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO/PNA)တပ်ဖွဲ့ဝင် ၉ဦးသေဆုံးခဲ့သည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

ယမန်နေ့ မွန်းလွဲပိုင်း၌ ကရင်နီတပ်မတော်(KA)၊KNDF၊PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်၊ ပအိုပ်အမျိုးသားတပ်မတော်(PNA)တို့ ဖယ်ခုံမြို့နယ် ပြည်လုံးရွာ၌ တွေ့ဆုံတိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် PNA ပူးပေါင်းတပ်မှ သေဆုံးဒဏ်ရာရရှိခဲ့ပြီး M.16 (၃)လက်၊ AK(၁)လက်၊ 9MM(၄)လက်နှင့် ကျည်များသိမ်းဆည်းရရှိကြောင်း ကရင်နီတပ်က အသိပေးသည်။

Public Service Announcement
Public Service Announcement

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စစ်သည် တစ်ဦးကျဆုံးကာ အချို့ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“စကစ ပူးပေါင်းတပ်ကသေတဲ့သူက ၉ ဦး ထက်တောင်ပိုများဖို့ရှိတယ်။ကျွန်တော်တို့ဘက်ကတော့ KA ရဲဘော်တစ်ဦးကျဆုံးခဲ့ရတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ ၂၆ရက်က ဖရူဆိုမြို့နယ်၊ အမှတ်(၁၄)တန်းမြှင့်လေ့ကျင့်ရေးကျောင်း ရှိ စစ်ကောင်စီအသုံးပြုနေသည့် သောက်သုံးရေပိုက်များကို တော်လှန်ရေးအင်အားစုများက ဖျက်စီးခဲ့ရာ ရေပိုက် ကြည့်ရှုစစ်ဆေးရန်နှင့် ပြင်ဆင်ရန်ထွက်လာသည့် စစ်ကောင်စီတပ်ကို လောဂျာကျေးရွာအနီးတွင် ကရင်နီပူးပေါင်းတပ်က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်သည်။

အလားတူ ယခုလ ၂၆ ရက်ကလည်း ရှားတောမြို့ဗျူဟာကုန်းသို့ ရိက္ခာပို့ဆောင်သည့် စစ် ကောင်စီယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး အများအ ပြားဒဏ်ရာရရှိကြောင်း KMICက သီး ခြားထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ KNDF တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၂၅ရက်ကလည်း အမှတ်(၁၄)တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းမှ ထွက်လာသောစစ်ကောင်စီတပ်ကို KA၊KRG.Force နှင့် KNDFပူးပေါင်းတပ်တို့မှ စတင်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ တစ်ဦးသေဆုံးကာ အချို့ဒဏ်ရာရခဲ့သည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပြီး ယင်းဖြစ်စဉ်၌ တော်လှန်ရေး ရဲဘော်များထိခိုက်မှုမရှိဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။