Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်နယ် ကုန်းရွာတွင် စစ်ကောင်စီတပ်က နေအိမ်၄၀၀ခန့် မီးရှို့ဖျက်ဆီးပြီး ပြည်သူသုံးဦးသတ်ဖြတ်

စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ် ကုန်းရွာအား ဖေဖော်ဝါရီ ၂၈ရက် ညနေပိုင်းမှစ၍ မီးရှို့ခဲ့ပြီး မတ်လ ၁ရက်တွင်လည်း မီးဆက်ရှို့ခဲ့၍ အိမ်ခြေ ၄၀၀ခန့် လောင်ကျွမ်းပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

(မီးရှို့ဖျက်ဆီးခံရသော ကုန်းရွာနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးခံရသော ကုန်းရွာနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းကျေးရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၄၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူသုံးဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ် ကုန်းရွာအား ဖေဖော်ဝါရီ ၂၈ရက် ညနေပိုင်းမှစ၍ မီးရှို့ခဲ့ပြီး မတ်လ ၁ရက်တွင်လည်း မီးဆက်ရှို့ခဲ့၍ အိမ်ခြေ ၄၀၀ခန့် လောင်ကျွမ်းပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ကျွန်းတောမှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

“ညပိုင်းရှို့ပြီး ကျန်နေတဲ့အိမ်တွေကို နံနက်ပိုင်းမှာဆက်ရှို့တာ။ စီးစရာဖိနပ်တောင်မကျန်တော့ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကုန်းရွာမှ ပြည်သူများအကူအညီများလိုအပ်နေကြောင်း သိရသည်။

အဆိုပါ ကုန်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အထိအခိုက်များသည်ဟုသိရပြီး ဒေသတွင်း PDF များက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။