Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘောလခဲရှိ စစ်ကောင်စီလက်နက်ကြီးတပ်စု အခြေပြု စခန်းကို ကရင်နီ ပူးပေါင်းတပ် သိမ်းပိုက်

ပွိုင့်(၁၄၄၁)စခန်းသည် စခန်း(၂)ခုရှိပြီး လက်နက်ကြီးတပ်စုအခြေပြုသည့် ပထမစခန်းကို မိနစ်ပိုင်းအတွင်း လွယ်ကူစွာဝင်ရောက်စီးနှင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ကြီးကို ကရင်နီတပ်​ပေါင်းစုက စစ်​ဆေး​နေစဥ်။ဓါတ်ပုံ-KMIC)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ကြီးကို ကရင်နီတပ်​ပေါင်းစုက စစ်​ဆေး​နေစဥ်။ဓါတ်ပုံ-KMIC)

▪︎စစ်ကောင်စီတပ်အ​လောင်း ၁၀ ​လောင်း​တွေ့၊လက်နက်ကြီးများအပါအဝင်လက်နက်မျိုးစုံ ၁၀လက်ရ၊ ကရင်နီရဲဘော် အချို့ ကျဆုံးပြီး ၁၅ဦး ဒဏ်ရာရဟု အသိပေး

▪︎မြန်မာ-ထိုင်းနယ်စပ်၌ နှစ်လအတွင်း တိုက်ပွဲ ၇ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၄၀ ဦးသေဆုံး

ကရင်နီ(ကယား)ပြည်နယ် ဘောလခဲမြို့နယ် မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်ကောင်စီတပ်သား ၁၀ဦး သေဆုံးပြီး လက်နက်ကြီး အပါအဝင် လက်နက်မျိုးစုံ ၁၀လက် ရရှိခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ကယနေ့ ထုတ်ပြန်သည်။

“ဖြစ်တာကတော ၂၇ မနက်ကတည်းက။ ဒါပေမဲ့ အဲဒီမှာ သူ့ဘက် ကိုယ့်ဘက်က ဒဏ်ရာတွေလည်းရှိ တယ် အကျအဆုံးတွေလည်းရှိတယ် အခါကျတော့ အဲဒီ သတင်းကိုချက်ချင်းမထုတ်ပြန်နိုင်တာက ကျနော်တို့ လူတွေကိုလည်း ကျနော်တို့ ယူရတာမျိုးတွေရှိတယ်ပေါ့။ အချက်အလက်ကလည်း ပြည့်ပြည့်စုံစုံမရောက်နိုင်သေးဘူး ဆိုတဲ့အခါကျတော့ ဒီနေ့မှ အချက်အလက်ရတော့ ဒီနေ့မှ ထုတ်ပြန်ရခြင်းဖြစ်တယ်” ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောသည်။

ဖေဖော်ဝါရီ ၂၇ရက် မနက်က နယ်စပ်မှတ်တိုင် BP-12 ကောက်ကောက်စခန်း အနီးရှိစစ်ကောင်စီတပ်ခလရ(၁၃၅)၊ ခလရ(၅၄)နှင့် အမြောက်တပ်အမှတ်(၃၆၀)တို့ အခြေပြုထားသည့်တောင်ကုန်းပွိုင့်အမှတ်(၁၄၄၁)စခန်း(၁)ခုကို ကရင်နီတပ်မတော်(KA)တပ်ရင်း(၁)၊ တပ်ရင်း(၅)နှင့် KNDF ပူးပေါင်းတပ်တို့မှ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည် ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

“အခု(စစ်ကောင်စီစခန်း)က ဘောလခဲထဲ ပါမယ်ထင်တယ်။ အဲဒီ ဟွေပုံလောင်း ဆိုရင် ရှားတောထဲပါသေးတယ် အခုက ဟွေပုံလောင်း တောင်ဘက်ဆို ဘောလခဲထဲမှာ ပါလိမ့်မယ်” ဟု ခူညေးရယ်က ပြောသည်။

Public Service Announcement

Public Service Announcement

ပွိုင့်(၁၄၄၁)စခန်းသည် စခန်း(၂)ခုရှိပြီး လက်နက်ကြီးတပ်စုအခြေပြုသည့် ပထမစခန်းကို မိနစ်ပိုင်းအတွင်း လွယ်ကူစွာဝင်ရောက်စီးနှင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

အဆိုပါ တပ်စခန်းမှ ၁၂၀မမ(၁)လက်၊ ၉မမ(၁)လက်၊ အာပီဂျီ-၇(၁)လက်၊ ငါးကျင်းမြီးစက် လတ်(၁)လက်၊ အမ်အေ-၂ (၃)လက်၊ အမ်အေ-၄(၁)လက် အမျိုးအစားမသိရသေး သည့်လက်နက်(၂)လက်နှင့် ဗုံးသီးများ ကျည်ဆံခဲယမ်းများ သိမ်းဆည်းရမိကြောင်း အသိပေးထားသည်။

အဆိုပါ စခန်းအတွင်း၌ ပြန့်ကျဲသောစစ်ကောင်စီ၏ အလောင်း(၁၀)လောင်းခန့် တွေ့ရ ကြောင်းစစ်မြေပြင်မှစစ်အရာရှိက သတင်းပေးပို့သည်ဟု ဆိုသည်။

ပထမစခန်းသိမ်းဆည်းမှုအပြီး နံနက်(၈)နာရီခန့်တွင် ဒုတိယစခန်းတစ်ခုကိုဆက်လက်သိမ်းပိုက်ရန် ပြင်ဆင်ရန်နေစဉ် စစ်ဂျက်လေယာဉ်(၅)စီးက စက်သေနတ်များ၊ ဗုံးသီးများဖြင့် ပစ်ခတ်လာ၍ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ကရင်နီစစ်ဘက်က ထုတ်ပြန်သည်။

၁၂၀မမ လက်နက်ကြီး(၂)လက်ရှိသော်လည်း အခြေအနေရ(၁)လက်သာ ရယူနိုင်ခဲ့ကြောင်း၊ တပ်စခန်း၏အပြင်ဖက်တွင် (၁)လက်ချန်လပ်ခဲ့ကြောင်းဖော်ပြထားသည်။

အဆိုပါတိုက်ပွဲ၌ ကရင်နီတပ်မတော် KA ဖက်မှ စစ်သည်အချို့ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူခဲ့ရပြီး (၁၅)ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်တို့သည် ပွင့်လင်းရာသီဟုခေါ်သည့်မိုးအကုန်ဆောင်းရာသီကာလတွင် ဝေးလံ ခေါင်းဖျားသည့်တပ်စခန်းများဆီသို့ရိက္ခာနှင့် လက်နက်ခဲယမ်းများပို့ဆောင်လေ့ရှိရာ နွေးဦးတော်လှန်ရေး ကာလတွင်ပြည်တွင်း၌ စစ်ရေးပြင်းထန်နေခြင်း၊ ပို့ဆောင်နေကျလမ်းဟောင်း လမ်းကြောင်းအတိုင်း စီစဉ်ပါက တော်လှန်ရေးအင်အားစုတို့၏ မကြာခနပြတ်တောက်တိုက်ခိုက်ခဲ့ရခြင်းတို့ကြောင့် ရိက္ခာပို့ဆောင်ရေး အစီ အစဉ်တွင်ခက်ခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“အမှန်ကတော့ နွေဦးတော်လှန်ရေးမတိုင်ခင်ကတော့ ကျနော်တို့လည်း ဒီလောက်အင်အားမရှိဘူးပေါ့။ ဆိုတဲ့အခါ သူ့ပုံမှန်လမ်းကြောင်းအတိုင်း မိုးကုန်ပြီဆို သူတို့ လမ်းတွေ ထိုးမယ် ပြင်မယ်ဆင်မယ် ပြီးရင် သူတို့ သယ်တာပဲ။ မတ်လ ကုန်အထိလောက်သယ်တယ်။ ဒီနှစ်မှာ KNDF တွေလည်း ကျနော်တို့နဲ့ လာပူးပေါင်းပြီး တိုက်ပွဲဝင်တာမျိုးရှိတဲ့အခါကျတော့ အဓိက ရိက္ခာ ဖြတ်တောက်တဲ့ တိုက်ပွဲတွေက များတယ်။ များတဲ့အခါ သူတို့က ဆုံးရှုံးတာလည်းများပြီ။ ဆိုတဲ့အခါကျတော့ သူတို့ ဟက်စကီးနဲ့ ပို့မယ်ဆိုလည်း သူတို့ မလုံလောက်နိုင်တော့ဘူးလေ” ဟု ခူညေးရယ်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက ရှမ်းပြည်နယ်အတွင်းမှ တပ်များကို သုံးပြီး ရှမ်းနယ်မြေကို ဖြတ်သန်းကာ သံလွင်မြစ်အတိုင်း ရိက္ခာ၊ ခဲယမ်း ပို့ဆောင်ရန် ပြင်နေသကဲ့သို့ တစ်ဖက်တွင်လည်း လမ်းများကို စက်ယန္တားများ ထိုးရင်း ရိက္ခာပို့ရင်း လာရောက်မှုရှိနေသည်ဟု ၎င်းကဆိုသည်။

ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ (၂)လတာအတွင်း နယ်စပ်အနီးတွင်တိုက်ပွဲပေါင်း(၇)ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဖက်မှ စစ်သည်ပေါင်း(၄၀)ဦးသေဆုံးကာ ဒဏ်ရာရသူ ၂၀ ကျော်ရှိသည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

စစ်တပ်၏ တရားမဝင် အာဏာသိမ်းမှု အကျိုးဆက်များအနက် တစ်ခုဖြစ်သည့် မြေမြှုပ်မိုင်းများကြောင့် ကရင်နီပြည်အတွင်း အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးရမှုများမှာ သိသိသာသာ တိုးပွားလာသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။