Connect with us

Hi, what are you looking for?

သတင်း

တာတိုင်ရွာတွင်စစ်တပ်ကဖမ်းဆီးခံရ​သောပြည်သူ ၁၅ ဦးစလုံး အသတ်ခံရ

တာတိုင်ကျေးရွာသည် လွန်ခဲ့သည့်တစ်လတိတိ ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး နေအိမ် ၆၀ ကျော် မီးလောင်ပြာကျခဲ့သည်။

(စစ်ကောင်စီတပ်သတ်ဖြတ်သွားသူများအားတွေ့ရစဥ် ။ဓါတ်ပုံ-CJ ၊NUG)
(စစ်ကောင်စီတပ်သတ်ဖြတ်သွားသူများအားတွေ့ရစဥ် ။ဓါတ်ပုံ-CJ ၊NUG)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွား​သော ပြည်သူ ၁၅ ဦးလုံးတစ်ရက်တည်းသတ်ဖြတ်ခံရကြောင်း ​ဒေသခံများက ပြောသည်။

မတ်လ ၁ ရက်နေ့မွန်းလွဲပိုင်းက စစ်ကိုင်းတပ်မ၃၃မှစစ်သားများသည် စစ်ကိုင်းမြို့နယ်၊ ရွှေလှေအုပ်စု၊ တာတိုင်ကျေးရွာနှင့် ပန်းချီကျေးရွာများအား စစ်​ကြောင်းထိုးဝင်ရောက်မွှေနှောက်ခဲ့သည်။ မတ်လ၂ ရက်နေ့တွင် စစ်ကြောင်းပြန်ထွက်ချိန် ပြည်သူ ၁၅ ဦးအားဖမ်းဆီးသွားပြီး မြင်းမူဘက်သို့ ပြန်လည်ဆုတ်ခွာခဲ့ရာ လမ်း၌ ၅ ဦးအား တစ်နေရာ၊ ၈ဦးအားတစ်နေရာ သတ်ဖြတ်သွားခဲ့ပြီး ကျန် ၂ဦးရုပ်အလောင်းအား ရှာဖွေနေကြောင်း ဒေသခံများက ပြောသည်။

“တာတိုင်ရွာက ပြည်သူ၁၅ဦးအသတ်ခံရတယ်။ ကျား၁၂ဦး၊ မ ၃ ဦးပါ။”ဟု မြေပြင်တွင် လူမှုကယ်ဆယ်ရေးပြုလုပ်နေသူတစ်ဦးက ပြောသည်။

ထိုစစ်ကောင်စီတပ်သည် ထီးဆောင်းရွာတွင်အခြေချသော တပ်မ(၃၃) တပ်သားများဖြစ်ပြီး မတ်လ ၁ ရက်နေ့ကလည်း ပ.က.ဖခေါင်းဆောင် ရဲဘော်မိုက်ကယ် (ခ) ကိုကျော်ဇော် အားဖမ်းဆီးကာ ခေါင်း၊ခြေ၊လက်များဖြတ်တောက်ပြီးဗိုက်ဖောက်ကာသတ်ဖြတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ်သတ်ဖြတ်သွားသူများအားတွေ့ရစဥ် ။ဓါတ်ပုံ-CJ ၊NUG)
(စစ်ကောင်စီတပ်သတ်ဖြတ်သွားသူများအားတွေ့ရစဥ် ။ဓါတ်ပုံ-CJ ၊NUG)

ထိုအပြင် တာတိုင်ရွာမှ ဖမ်းဆီးသွား​သောပြည်သူများကိုပါဖမ်းဆီး​ခေါ်​ဆောင်သွားပြီး သတ်ဖြတ်၍ ပြည်သူ့အလောင်းများ၌ မိုင်းများဆင်ခဲ့၍ ၆ ဦးကိုသာ သင်္ဂြိုလ်နိုင်ပြီး ကျန်အလောင်းများ ကောက်ယူနိုင်ခြင်းမရှိသေးကြောင်​ဒေသခံအချို့က ပြောသည်။

မပန်းနွယ်နှင့် မပန်းသွယ်ညီအစ်မအရင်းနှစ်ဦးနှင့် အခြားအမျိုးသမီးတစ်ဦး၊ အသက် ၃၄ နှစ်အရွယ် ကိုကျော်ကျော်၊ အသက် ၃၅ နှစ်အရွယ် ကိုထွန်းထွန်းနှင့် ကိုကျော်စိုး၊ အသက် ၄၅ နှစ်အရွယ် ကိုငလင်း၊ အသက် ၄၇ နှစ်အရွယ် ကိုစိုးနိုင်တို့အပါအဝင် ပြည်သူ၁၄ ဦးသတ်ဖြတ်ခံခဲ့ကြောင်း NUG၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကြေညာသည်။

ယခုကဲ့သို့ အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ အကြမ်းဖက် သတ်ဖြတ်မှု ပြုလုပ်ခြင်းသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် နိုင်ငံတကာ ရာဇဝတ်မှုများကို ချိုးဖောက်ခြင်း ဖြစ်သည့်အတွက် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတကာ တရားစီရင်ရေး ဆိုင်ရာ ယန္တရားများထံ ပေးပို့ပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်ထို့အပြင်ကျူးလွန်သူ အဆင့်ဆင့်အား အပြစ်ပေး အရေးယူလျက် တရားမျှတမှု ဖော်ဆောင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်​ကြောင်းလည်း​ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် အိမ်ခြေ (၇၈)လုံးရှိသည့် တာတိုင်ကျေးရွာမှ အိမ်ခြေ (၆၀)အားလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

တာတိုင်ကျေးရွာသည် လွန်ခဲ့သည့်တစ်လတိတိ ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး နေအိမ် ၆၀ ကျော် မီးလောင်ပြာကျခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။