Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းမြို့နယ် တာတိုင်ရွာ ဒေသခံပြည်သူ ခြောက် ဦးအား စစ်ကောင်စီတပ် သတ်ဖြတ်

တာတိုင်ကျေးရွာသည် လွန်ခဲ့သည့် တစ်လ ဖေဖော်ဝါရီ ၂ ရက်ကလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး နေအိမ် ၆၀ ကျော် မီးလောင်ပြာကျခဲ့သည်။

(စစ်ကောင်စီတပ် သတ်ဖြတ်သွားသည့် ဒေသခံများ​၏ ရုပ်အလောင်များအားတွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(စစ်ကောင်စီတပ် သတ်ဖြတ်သွားသည့် ဒေသခံများ​၏ ရုပ်အလောင်များအားတွေ့ရစဥ်။ ဓာတ်ပုံ-Cj)

▪️ဖမ်းဆီးခေါ်ဆောင်ခံရသူ ၁၀ဦးမှာလည်း ပျောက်ဆုံးနေဟုဆို

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာတွင် စစ်ကောင်စီတပ်က ယနေ့တစ်ရက်တည်း ဒေသခံပြည်သူ ၆ ဦးအား သတ်ဖြတ်သွားကြောင်း ​ဒေသခံများက ပြောသည်။

ယမန်နေ့ (မတ်လ ၁ ရက်) မွန်းလွဲပိုင်းက စစ်ကိုင်းတပ်မ (၃၃)မှ စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ်၊ ရွှေလှေအုပ်စု၊ တာတိုင်ကျေးရွာနှင့် ပန်းချီကျေးရွာများအား ဝင်ရောက်မွှေနှောက်ခဲ့ပြီး ပြည်သူအချို့အား ဖမ်း​ဆီးခဲ့ကြောင်း၊ ယနေ့(မတ်၂ ရက်)တွင် စစ်ကောင်စီတပ်သည် တာတိုင်ကျေးရွာရှိ အမျိုးသားတစ်ဦးအား ခန္ဓာကိုယ်အား တစ်စစီခုတ်ဖြတ်ကာ သတ်ဖြတ်သွားကြောင်း ​ဒေသခံများက ပြောသည်။

“ခေါင်း‌တွေခြေတွေဖြတ် ဗိုက်ဖောက်ပြီး ရစရာမရှိအောင်လုပ်ပြီး သတ်သွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

သတ်ဖြတ်ခံရသူသည် PDFခေါင်းဆောင်ဟုလည်း သတင်းထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ထို့အပြင် မြင်းမူနယ်သို့ လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားသူ ၁၅ဦးအနက် ၅ဦးအား ခေါင်းပစ်ကာ သတ်ဖြတ်သွားခဲ့ကြောင်း၊ ကျန် ၁၀ဦး မှာလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ​​မြေပြင်၌ လူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

တာတိုင်ကျေးရွာသည် လွန်ခဲ့သည့် တစ်လ ဖေဖော်ဝါရီ ၂ ရက်ကလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး နေအိမ် ၆၀ ကျော် မီးလောင်ပြာကျခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။