Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့နယ် တာတိုင်ရွာ ဒေသခံပြည်သူ ခြောက် ဦးအား စစ်ကောင်စီတပ် သတ်ဖြတ်

တာတိုင်ကျေးရွာသည် လွန်ခဲ့သည့် တစ်လ ဖေဖော်ဝါရီ ၂ ရက်ကလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး နေအိမ် ၆၀ ကျော် မီးလောင်ပြာကျခဲ့သည်။

(စစ်ကောင်စီတပ် သတ်ဖြတ်သွားသည့် ဒေသခံများ​၏ ရုပ်အလောင်များအားတွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(စစ်ကောင်စီတပ် သတ်ဖြတ်သွားသည့် ဒေသခံများ​၏ ရုပ်အလောင်များအားတွေ့ရစဥ်။ ဓာတ်ပုံ-Cj)

▪️ဖမ်းဆီးခေါ်ဆောင်ခံရသူ ၁၀ဦးမှာလည်း ပျောက်ဆုံးနေဟုဆို

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာတွင် စစ်ကောင်စီတပ်က ယနေ့တစ်ရက်တည်း ဒေသခံပြည်သူ ၆ ဦးအား သတ်ဖြတ်သွားကြောင်း ​ဒေသခံများက ပြောသည်။

ယမန်နေ့ (မတ်လ ၁ ရက်) မွန်းလွဲပိုင်းက စစ်ကိုင်းတပ်မ (၃၃)မှ စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ်၊ ရွှေလှေအုပ်စု၊ တာတိုင်ကျေးရွာနှင့် ပန်းချီကျေးရွာများအား ဝင်ရောက်မွှေနှောက်ခဲ့ပြီး ပြည်သူအချို့အား ဖမ်း​ဆီးခဲ့ကြောင်း၊ ယနေ့(မတ်၂ ရက်)တွင် စစ်ကောင်စီတပ်သည် တာတိုင်ကျေးရွာရှိ အမျိုးသားတစ်ဦးအား ခန္ဓာကိုယ်အား တစ်စစီခုတ်ဖြတ်ကာ သတ်ဖြတ်သွားကြောင်း ​ဒေသခံများက ပြောသည်။

“ခေါင်း‌တွေခြေတွေဖြတ် ဗိုက်ဖောက်ပြီး ရစရာမရှိအောင်လုပ်ပြီး သတ်သွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

သတ်ဖြတ်ခံရသူသည် PDFခေါင်းဆောင်ဟုလည်း သတင်းထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ထို့အပြင် မြင်းမူနယ်သို့ လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားသူ ၁၅ဦးအနက် ၅ဦးအား ခေါင်းပစ်ကာ သတ်ဖြတ်သွားခဲ့ကြောင်း၊ ကျန် ၁၀ဦး မှာလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ​​မြေပြင်၌ လူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

တာတိုင်ကျေးရွာသည် လွန်ခဲ့သည့် တစ်လ ဖေဖော်ဝါရီ ၂ ရက်ကလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး နေအိမ် ၆၀ ကျော် မီးလောင်ပြာကျခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။