Connect with us

Hi, what are you looking for?

သတင်း

တာတိုင်ရွာတွင် စစ်တပ်သတ်ဖြတ်ခဲ့သည့် ပြည်သူနှစ်ဦးအလောင်းထပ်တွေ့၊ သတ်ဖြတ်ခံရသူ ၁၇ ဦးထိရှိလာ

ပြည်သူ ၁၇ ဦးကိုသတ်ခဲ့​သော စစ်ကောင်စီတပ်သည်ထီးဆောင်းရွာတွင်အခြေချသော တပ်မ(၃၃) တပ်သားများဖြစ်သည်။ မတ်လ ၁ ရက်နေ့ကလည်း ပ.က.ဖခေါင်းဆောင် ရဲဘော်မိုက်ကယ် (ခ) ကိုကျော်ဇော် အားဖမ်းဆီးကာ ခေါင်းခြေလက်များဖြတ်တောက်ပြီးဗိုက်ဖောက်ထုတ်ကာသတ်ဖြတ်ခဲ့သည်။

(စစ်တပ်ကသတ်ဖြတ်ခဲ့​သော တာတိုင်ရွာမှပြည်သူအချို့၏ ရုပ်အ​လောင်းအချို့ကို မတ်လ ၃ ရက်ကသယ်​ဆောင်လာစဥ်။ဓါတ်ပုံ-CJ)
(စစ်တပ်ကသတ်ဖြတ်ခဲ့​သော တာတိုင်ရွာမှပြည်သူအချို့၏ ရုပ်အ​လောင်းအချို့ကို မတ်လ ၃ ရက်ကသယ်​ဆောင်လာစဥ်။ဓါတ်ပုံ-CJ)

▪︎​ကျေးရွာပကဖ​ခေါင်း​ဆောင်ကိုလည်းစစ်​ကောင်စီတပ်ကရက်စက်စွာသတ်ဖြတ်ခဲ့

စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့​သော ပြည်သူ့ရုပ်အလောင်းနှစ်လောင်း ယနေ့မွန်းလွဲပိုင်းတွင်ထပ်မံတွေ့ရှိခဲ့သဖြင့် အသတ်ခံရ​သောပြည်သူ ၁၇ ဦးအထိရှိလာပြီဖြစ်သည်။

မတ်လ ၁ ရက်နေ့ကစစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ယမန်နေ့က ပြည်သူ၁၅ ဦးအားဖမ်းဆီး​ခေါ်​ဆောင်သွားပြီးလမ်းတွင်သတ်ဖြတ်ခဲ့၍ အဆိုပါ ရုပ်အလောင်းများအား မီးသင်္ဂြိုလ်ရန်ပြင်ဆင်နေစဥ် ယနေ့ (မတ်လ ၃ ရက်နေ့)တွင် ပြည်သူနှစ်ဦး၏ရုပ်အလောင်း ၂ ​လောင်းထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

“ဒီနေ့အမျိုးသားနှစ်လောင်းထပ်တွေ့တယ်။ မူးမြစ်ဘေးမှာတွေ့တာပါ။ ပြည်သူတွေချည့်ပါပဲ။ ပကဖခေါင်းဆောင်တစ်ဦးကလွဲလို့ ကျန်တာပြည်သူတွေချည့်ပါ။”ဟု PRFKပြည်သူကာကွယ်ရေးအဖွဲ့ သတင်းမှန်ပြန်ကြားရေးတာဝန်ခံ ကိုတောက်ကြီးက ပြောသည်။

သတ်ဖြတ်ခံရသူများတွင် တစ်မိသားစုတည်းက သတ်ဖြတ်ခံရသူများလည်း ပါဝင်ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူ ၁၇ ဦးကိုသတ်ခဲ့​သော စစ်ကောင်စီတပ်သည်ထီးဆောင်းရွာတွင်အခြေချသော တပ်မ(၃၃) တပ်သားများဖြစ်သည်။ မတ်လ ၁ ရက်နေ့ကလည်း ပ.က.ဖခေါင်းဆောင် ရဲဘော်မိုက်ကယ် (ခ) ကိုကျော်ဇော် အားဖမ်းဆီးကာ ခေါင်းခြေလက်များဖြတ်တောက်ပြီးဗိုက်ဖောက်ထုတ်ကာသတ်ဖြတ်ခဲ့သည်။

Public Service Announcement
Public Service Announcement

ထို​နောက်တာတိုင်ရွာမှ ပြည်သူ များကိုဖမ်းဆီးသွား၍ လမ်းတွင်သတ်ဖြတ်ခဲ့သည်။စစ်သားများက ပြည်သူများကိုသတ်ဖြတ်ယုံသာမက အလောင်းများ၌ မိုင်းများဆင်ခဲ့၍ အလောင်းများကောက်ယူသင်္ဂြိုလ်ရန်ပင် အခက်အခဲများတွေ့နေသည်။

ယခုချိန်အထိ့ စာရင်းရရှိသမျှ အသတ်ခံရ​​​သော ပြည်သူ ၁၇ ဦးတွင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁၄ ဦးဖြစ်သည်။

​သတ်ဖြတ်ခံရသူများထဲတွင်ညီအစ်မအရင်းဖြစ်​သော မပန်းနွယ်နှင့် မပန်းသွယ် ၊အသက် ၃၄ နှစ်အရွယ် ကိုကျော်ကျော်၊ အသက် ၃၅ နှစ်အရွယ် ကိုထွန်းထွန်းနှင့် ကိုကျော်စိုး၊ အသက် ၄၅ နှစ်အရွယ် ကိုငလင်း၊ အသက် ၄၇ နှစ်အရွယ် ကိုစိုးနိုင် နှင့် အမည်စီစစ်ဆဲပြည်သူ၁၀ ဦးတို့ဖြစ်သည်။

စစ်ကောင်စီတပ်သည် အိမ်ခြေ (၇၈)လုံးရှိသည့် တာတိုင်ကျေးရွာမှ အိမ်ခြေ (၆၀)အားလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ယခုကဲ့သို့ အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ အကြမ်းဖက် သတ်ဖြတ်မှု ပြုလုပ်ခြင်းသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် နိုင်ငံတကာ ရာဇဝတ်မှုများကို ချိုးဖောက်ခြင်း ဖြစ်သည့်အတွက်အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတကာ တရားစီရင်ရေး ဆိုင်ရာ ယန္တရားများထံ ပေးပို့ပြီးဖြစ်ကြောင်း၊ ကျူးလွန်သူ အဆင့်ဆင့်အား အပြစ်ပေး အရေးယူလျက် တရားမျှတမှု ဖော်ဆောင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

တာတိုင်ကျေးရွာသည် လွန်ခဲ့သည့်တစ်လတိတိ ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး နေအိမ် ၆၀ ကျော် မီးလောင်ပြာကျခဲ့​သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။