Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီ၏ ကာကွယ်​ရေး၊ ပြည်ထဲ​ရေးနှင့်ဦးပိုင်၊ MEC တို့ကို အ​မေရိကန် ထပ်မံဒဏ်ခတ်အ​ရေးယူ

ယခုအရေးပိတ်ဆို့မှုသည် စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ကို တင်ပို့မှုများ၊ တဆင့်တင်ပို့မှုများကို ကန့်သတ်ပိတ်ပင်ခြင်းဖြစ်ပြီးစစ်တပ်က အာဏာသိမ်းခဲ့မှုနှင့် ငြိမ်းချမ်းစွာဆန္ဒပြမှုများအား အကြမ်းဖက်ဖြိုခွင်းမှုများအတွက် တာ၀န်ရှိမှုအတွက်ဖြစ်ကြောင်း အမေရိကန် ကူးသန်းရောင်းဝယ််ရေးဝန်ကြီးဌာနက ဆိုသည်။

စစ်​ကောင်စီ၏ ကာကွယ်​ရေး၊ပြည်ထဲ​ရေးနှင့်ဦးပိုင်၊MEC တို့ကို အ​မေရီကန် ထပ်မံဒဏ်ခတ်အ​ရေးယူ
စစ်​ကောင်စီ၏ ကာကွယ်​ရေး၊ပြည်ထဲ​ရေးနှင့်ဦးပိုင်၊MEC တို့ကို အ​မေရီကန် ထပ်မံဒဏ်ခတ်အ​ရေးယူ

အမေရိကန်အစိုးရက စစ်​ကောင်စီ၏ကာကွယ်​ရေး၊ပြည်ထဲ​ရေးဝန်ကြီးဌာနနှင့် မြန်မာစီးပွား​ရေးဦးပိုင်(UEHL) ၊ မြန်မာ့စီပွား​ရေး​ကော်ပို​ရေးရှင်း(MEC) တို့ကိုဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင်ထပ်မံထည့်သွင်းခဲ့​ကြောင်း​ထုတ်ပြန်သည်။

မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းကို စောင့်ကြည့်ရေးနည်းပညာများ ဖြည့်ဆည်းပေးခြင်းဖြင့် အာဏာရှင်အဖွဲ့အစည်းက မြန်မာနိုင်ငံအတွင်းမှ လူပုဂ္ဂိုလ်များကို ခြေရာခံခြင်း၊ စီစစ်ဖော်ထုတ်ခြင်းနှင့် လူခွင့်အရေးချိုးဖောက်မှုများကျူးလွန်ခြင်းတို့ကို ဆောင်ရွက်နိုင်စေခဲ့သည့် အဖွဲ့အစည်းသုံးခုကို အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခဲ့ခြင်းဖြစ်​ကြောင်းထုတ်ပြန်ထားသည်။

ယခုအရေးပိတ်ဆို့မှုသည် စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ကို တင်ပို့မှုများ၊ တဆင့်တင်ပို့မှုများကို ကန့်သတ်ပိတ်ပင်ခြင်းဖြစ်ပြီးစစ်တပ်က အာဏာသိမ်းခဲ့မှုနှင့် ငြိမ်းချမ်းစွာဆန္ဒပြမှုများအား အကြမ်းဖက်ဖြိုခွင်းမှုများအတွက် တာ၀န်ရှိမှုအတွက်ဖြစ်ကြောင်း အမေရိကန် ကူးသန်းရောင်းဝယ််ရေးဝန်ကြီးဌာနက ဆိုသည်။

“အမေရိကန်အစိုးရဟာ စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် အကြမ်းဖမ်းမှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး မြန်မာပြည်တွေနဲ့အတူ ဆက်လက်ရပ်တည်တယ်ဆိုတာ ခိုင်ခိုင်မာမာ ဆက်လက် ကတိပြုပါတယ်။ ကျွန်ုပ်တို့ဟာ EAR(တင်ပို့မှုဆိုင်ရာစီမံခန့်ခွဲရေးသတ်မှတ်ချက်များ)အရ မြန်မာစစ်တပ် အကျိုးကျေးဇူးရရှိနေမှုများကို ဆက်လက်ခွင့်မပြုတော့ပါဘူး။ ကုန်သွယ်ရေးဝန်ကြီးဌာနဟာ စစ်တပ်ရဲ့ လုပ်ဆောင်ချက်များကြောင့် နောက်ထပ်ပိတ်ဆို့အရေးယူဖို့ ပြန်လည်သုံးသပ်နေပါတယ်။ အမေရိကန် အစိုးရဟာ အာဏာသိမ်းမှု ကျူးလွန်သူများကို သူတို့ရဲ့ လုပ်ရပ်များအတွက် ဆက်လက်အရေးယူသွားမှာဖြစ်ပါတယ်”ဟုကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အ​မေရီကန်အစိုးရက စစ်အုပ်စုအား လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်း​ပေါင်း ၈၀ ​ကျော်ကို ဒဏ်ခပ်ပိတ်ဆိုမှုများပြုလုပ်ထားသည်။သို့​သော် ပြည်သူများ​တောင်းဆို​နေ​သော MOGE အ​ပေါ်ဒဏ်ခပ်ပိတ်ဆိုမှုကိုမူ မပြုလုပ်​သေး​ပေ။

“ကျွန်တော်တို့အနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေ ဝင်ငွေရှာဖို့ ခက်သထက် ခက်ခဲလာအောင် လုပ်လို့ရမယ့် နည်းလမ်းတွေကို စဉ်ဆက်မပြတ် ရှာဖွေနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းမှာ အမေရိကန်နိုင်ငံဟာ ကမ္ဘာအရပ်ရပ်က မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး၊ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း အမျိုးမျိုးအပေါ် ပိတ်ဆို့အရေးယူမှုပေါင်း ၈ဝ ကျော် ချမှတ်ထားပါတယ်။ နောက်ဆုံး ချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုမှာ ပထမဆုံး အနေနဲ့ MOGE နဲ့ ဆက်စပ်နေတဲ့ သူနှစ်ဦး ပါဝင်လာခဲ့ပါတယ်။ ဒါက မြန်မာပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေမရတော့အောင် ဆက်ပြီး ဖိအားပေးသွားမဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ ဒီလို ဆိုးဝါးတဲ့ လုပ်ရပ်တွေကနေ မပြောင်းလဲသရွေ့ သူတို့ကို အရေးယူဖို့ နည်းလမ်းတွေလည်း ဆက်လက်ပြီး ရှာဖွေသွားမှာ ဖြစ်ပါတယ်။”ဟု

မေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံ ဒဲရစ်ချောလက်က RFA သီးသန့်အင်တာဗျူးတွင်​​ပြောကြားခဲ့သည်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ယမန်နေ့(မတ်လ ၃ ရက်) ထုတ်ပြန်ချက်အရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၀၈၅) ဦး ရှိခဲ့ပြီဖြစ်သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် မတ်လ ၃ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၆၁၂၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၄၇၄၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း၊ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၃) ဦးရှိပြီဖြစ်ကြောင်း AAPP က ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် စစ်တပ် ရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း စွပ်စွဲပြီး အီရန်ကို အမေရိကန်က စစ်ရေးအရ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။