Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမြစ်ထဲ ရေဆင်းချိုးတဲ့ ကလေး ၉ ဦး ရေနစ်ရာ ၁ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေ

ညောင်လှ ဆိပ်ကမ်းမှာ မနေ့ မတ်လ ၆ ရက်ညနေပိုင်းက အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် တစ်ဦးအပါအပါအဝင် ကလေး ၉ ဦး ရေဆင်းချိုးရာကနေ ရေနစ်ကြတာပါ။

ဧရာဝတီမြစ်ထဲ ရေဆင်းချိုးတဲ့ ကလေး ၉ ဦး ရေနစ်ရာ ၁ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေ
ဧရာဝတီမြစ်ထဲ ရေဆင်းချိုးတဲ့ ကလေး ၉ ဦး ရေနစ်ရာ ၁ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေ

မကွေးတိုင်း ၊ ရေနံချောင်းမြို့နယ် ၊ညောင်လှဆိပ်ကမ်းမှာ ဧရာဝတီမြစ်ထဲ ရေဆင်းချိုးရင်းပျောက်ဆုံးနေတဲ့ကလေး ၄ ဦးအနက် ၁ ဦးကို သေဆုံးလျှက်ပြန်တွေ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေထံကသိရပါတယ်။

ညောင်လှ ဆိပ်ကမ်းမှာ မနေ့ မတ်လ ၆ ရက်ညနေပိုင်းက အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် တစ်ဦးအပါအပါအဝင် ကလေး ၉ ဦး ရေဆင်းချိုးရာကနေ ရေနစ်ကြတာပါ။

ဖြစ်ဖြစ်ချင်း ၅ ဦးကို ကယ်ဆယ်လိုက်နိုင်ပေမယ့် ၄ ဦးကတော့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်ထဲ ရေဆင်းချိုးတဲ့ ကလေး ၉ ဦး ရေနစ်ရာ ၁ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေ
ဧရာဝတီမြစ်ထဲ ရေဆင်းချိုးတဲ့ ကလေး ၉ ဦး ရေနစ်ရာ ၁ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေ

ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေရာမှာ ဒီနေ့မနက်ပိုင်း ၁၁ နာရီ ဝန်းကျင်မှာ ကလေး ၁ ဦးကိုသေဆုံးလျှက် ပြန်တွေ့ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျန်ရှိတဲ့ အသက် ၄နှစ်၊ ၅နှစ်နဲ့ ၁၆နှစ်အရွယ် ၃ဦးကိုတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်ထဲ ရေဆင်းချိုးတဲ့ ကလေး ၉ ဦး ရေနစ်ရာ ၁ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေ
ဧရာဝတီမြစ်ထဲ ရေဆင်းချိုးတဲ့ ကလေး ၉ ဦး ရေနစ်ရာ ၁ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေ

ကလေးတွေ ရေနစ်တဲ့ ဆိပ်ကမ်းဟာ ရေအနက် ဝါးနှစ်ပြန်ခန့်နက်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

လက်ရှိမှာတော့ ရေနံချောင်းမြို့နယ်မီးသတ်အပါအဝင် လူမှုကူညီရေးအသင်းတွေနဲ့ ပူးပေါင်းရှာဖွေနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

သတင်း

မြေပြင်တိုက်ပွဲနဲ့ သင်္ဘောအုပ်စုအထိနာတဲ့အပြင် တံတားကိုစိုးမိုးထိန်းချုပ်နိုင်မှုမရှိတဲ့အခြေအနေမှာ ဗုံးကြဲခြင်းဖြစ်

သတင်း

ပျက်စီးပြီး ရေမျောသွားတဲ့ သင်္ဘောလာဆွဲတဲ့ စစ်သင်္ဘောလည်း တိုက်ခိုက်ခံရ၊ သေဆုံးတဲ့ စစ်သားအလောင်းအချို့ ရေထဲမျောပါ

သတင်း

ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲ​တွေမှာစစ်သင်္ဘော​​တွေ နစ်မြှပ်ပျက်စီးခဲ့တာ​ကြောင့် ဗန်း​မော်မြို့ရှိ အမှတ် ၂၁စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ အ​မြောက်အပါအဝင်လက်နက်ခဲယမ်း‌တွေလည်း ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။