Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမြစ်ထဲ ရေဆင်းချိုးတဲ့ ကလေး ၉ ဦး ရေနစ်ရာ ၁ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေ

ညောင်လှ ဆိပ်ကမ်းမှာ မနေ့ မတ်လ ၆ ရက်ညနေပိုင်းက အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် တစ်ဦးအပါအပါအဝင် ကလေး ၉ ဦး ရေဆင်းချိုးရာကနေ ရေနစ်ကြတာပါ။

ဧရာဝတီမြစ်ထဲ ရေဆင်းချိုးတဲ့ ကလေး ၉ ဦး ရေနစ်ရာ ၁ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေ
ဧရာဝတီမြစ်ထဲ ရေဆင်းချိုးတဲ့ ကလေး ၉ ဦး ရေနစ်ရာ ၁ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေ

မကွေးတိုင်း ၊ ရေနံချောင်းမြို့နယ် ၊ညောင်လှဆိပ်ကမ်းမှာ ဧရာဝတီမြစ်ထဲ ရေဆင်းချိုးရင်းပျောက်ဆုံးနေတဲ့ကလေး ၄ ဦးအနက် ၁ ဦးကို သေဆုံးလျှက်ပြန်တွေ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေထံကသိရပါတယ်။

ညောင်လှ ဆိပ်ကမ်းမှာ မနေ့ မတ်လ ၆ ရက်ညနေပိုင်းက အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် တစ်ဦးအပါအပါအဝင် ကလေး ၉ ဦး ရေဆင်းချိုးရာကနေ ရေနစ်ကြတာပါ။

ဖြစ်ဖြစ်ချင်း ၅ ဦးကို ကယ်ဆယ်လိုက်နိုင်ပေမယ့် ၄ ဦးကတော့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်ထဲ ရေဆင်းချိုးတဲ့ ကလေး ၉ ဦး ရေနစ်ရာ ၁ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေ
ဧရာဝတီမြစ်ထဲ ရေဆင်းချိုးတဲ့ ကလေး ၉ ဦး ရေနစ်ရာ ၁ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေ

ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေရာမှာ ဒီနေ့မနက်ပိုင်း ၁၁ နာရီ ဝန်းကျင်မှာ ကလေး ၁ ဦးကိုသေဆုံးလျှက် ပြန်တွေ့ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျန်ရှိတဲ့ အသက် ၄နှစ်၊ ၅နှစ်နဲ့ ၁၆နှစ်အရွယ် ၃ဦးကိုတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်ထဲ ရေဆင်းချိုးတဲ့ ကလေး ၉ ဦး ရေနစ်ရာ ၁ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေ
ဧရာဝတီမြစ်ထဲ ရေဆင်းချိုးတဲ့ ကလေး ၉ ဦး ရေနစ်ရာ ၁ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေ

ကလေးတွေ ရေနစ်တဲ့ ဆိပ်ကမ်းဟာ ရေအနက် ဝါးနှစ်ပြန်ခန့်နက်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

လက်ရှိမှာတော့ ရေနံချောင်းမြို့နယ်မီးသတ်အပါအဝင် လူမှုကူညီရေးအသင်းတွေနဲ့ ပူးပေါင်းရှာဖွေနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ကလေးဦးရေ ၁၄ သန်းကျော်ဟာ ဘာကာကွယ်ဆေး တစ်မျိုးမှ မထိုးဖူးတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

သတင်း

မြင်းမူမြို့ နှင့်‌ မြောင်မြို့ကြားဧရာဝတီမြစ်အတွင်းစစ်ကောင်စီ၏ရေနံတင်သင်္ဘောတစ်စီးနစ်မြုပ်ပြီး ရေယာဉ်ပေါ်ပါသူ ဌာနဆိုင်ရာဝန်ထမ်းနှစ်ဦးသေဆုံးခဲ့သည်။

သတင်း

ယခုနှစ်အတွင်း ကရင်နီပြည်နယ်၌ ကလေးငယ်များအပါအဝင် ပြည်သူ ၁၀၀ နီးပါးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး လူမျိုးသုန်းသတ်ဖြတ်မှုအထိ ပစ်မှတ်ထားနေကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့ ထုတ်ပြန်သည်။

သတင်း

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ မြေသယ်ကားတစ်စီးက အသက် ၁၂နှစ်အရွယ် ကလေးကိုဝင်တိုက်မိရာမှာ အခင်းဖြစ်တဲ့နေရာမှာတင်ကလေးသေဆုံးသွားတယ်လို့ သွားရောက်ကူညီခဲ့တဲ့ နန္ဒာမေတ္တာ လူမှုကူညီရေးအသင်းကဖော်ပြပါတယ်။