Connect with us

Hi, what are you looking for?

သတင်း

မုံရွာ လဝကရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်အုပ်စုထိခိုက်မှုရှိ

စစ်ကောင်စီတပ်သည် ညောင်ပင်စောက်ရပ်တာရိုးဘေးရှိ တဲခြံများအား မီးရှို့ခဲ့ပြီး ပစ်ခတ်မှုများပါ ပြုလုပ်ခဲ့၍ ဒေသခံ ပြည်သူနှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူအချို့ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(မုံရွာ လဝကရုံးအတွင်း တွေ့ရသော ဝန်ထမ်းတစ်ဦး၊ ပုံအဟောင်း အသုံးပြုထားပါသည်)
(မုံရွာ လဝကရုံးအတွင်း တွေ့ရသော ဝန်ထမ်းတစ်ဦး၊ ပုံအဟောင်း အသုံးပြုထားပါသည်)

▪️စစ်အုပ်စု ပစ်ခတ်၍ ပြည်သူနှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ညောင်ပင်စောက်ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံး တိုက်ခိုက် ခံရပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှုများပြားကာ ၎င်းတို့ ပစ်ခတ်၍ ပြည်သူနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (မတ်လ ၈ရက်) နံနက် ၁၁နာရီခွဲခန့်က မုံရွာမြို့ ညောင်ပင်စောက် လဝကရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက အလစ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လဝကရုံးရှိ စစ်ကောင်စီတပ်များရှိရာနေရာများကို ထိုးစစ်ဆင်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး တိုက်ပွဲကြာချိန် ၁၅ မိနစ်အတွင်း ရုံးအဆောက်အဦးများပါပျက်စီးပြီး ထိခိုက်မှုများကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သေချာ စုံစမ်းပြီး အစီအစဉ်ကျကျ တိုက်ခိုက် တာပါ။ သူတို့က ၂၀၊၃၀ လောက်ရှိတယ်။ အနီးက တပ်ကူလာလို့ မသိမ်းနိုင်တာ။ နီးနီးလေး ပစ်တာ။”ဟု Chindwin Attack Force၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ပေ။

စစ်ကောင်စီတပ်သည် ညောင်ပင်စောက်ရပ်တာရိုးဘေးရှိ တဲခြံများအား မီးရှို့ခဲ့ပြီး ပစ်ခတ်မှုများပါ ပြုလုပ်ခဲ့၍ ဒေသခံ ပြည်သူနှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူအချို့ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“အိမ်နားလဲကျတယ်။ အိမ်ထဲက ဦးလေးတစ် ယောက် ပေါင်ထိခိုက်ထားတယ်။ မစိုးရိမ်ရဘူးလို့ သိရပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း – ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ ( Monywa The Boys ) ၊ မုံရွာခရိုင်တပ်ရင်း – ၄ တပ်ခွဲ – ၃ Monywa Nightking PDF ၊မုံရွာခရိုင်တပ်ရင်း – ၄ တပ်ခွဲ – ၄ 5 / Teachers People Defense Force PDF ၊ မုံရွာခရိုင်တပ်ရင်း – ၇ ( Lightning People Defence Force ) ၊ ယင်းမာပင်ခရိုင် တပ်ရင်း – ၂၈ ဓားမဆိုင်းတပ်မတော် ၊ မုံရွာခရိုင်တပ်ရင်း – ၁၁ PDF – South Monywa ၊ Spring Dove နှင့် ယက္ခညီနောင်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ထိုးစစ်တိုက်နေ၍ လက်နက်ခဲယမ်းများလိုအပ်နေကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းကလည်း မုံရွာမြို့နယ် လဝကရုံးဟောင်းကို လောင်ချာဖြင့် သုံးချက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦးရသေဆုံးခဲ့ကြောင်း ​ဒေသတွင်းPDFများက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။