Connect with us

Hi, what are you looking for?

သတင်း

ပလက်ဝနယ်တွင် ချင်းပူးပေါင်းတပ်နှင့် စစ်ကောင်စီ တိုက်ပွဲထပ်မံဖြစ်၊ စစ်ကောင်စီတပ်မှ ရှစ်ဦးသေဟု ထုတ်ပြန်

မတ်လ ၉ရက်တွင် ပလက်၀မြို့နယ် ကိန်းကန်းကုန်းရွာနှင့် စခီဟာကျေးရွာအကြားရှိ လာကီချောင်းတစ်နေရာတွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နံနက် ၁၁နာရီခန့်တွင် မိနစ် ၄၀ ကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး နေ့လည်ပိုင်းတွင် မိစနစ် ၂၀ခန့် တိုက်ပွဲဖြစ်ခဲ့သည်။

(CDF ပလက်ဝမှ ရဲဘော်များအား​ရှေ့တန်းတစ်​နေရာတွင်တွေ့ရစဉ်။ ဓာတ်ပုံ - CDF)
(CDF ပလက်ဝမှ ရဲဘော်များအား​ရှေ့တန်းတစ်​နေရာတွင်တွေ့ရစဉ်။ ဓာတ်ပုံ - CDF)

ချင်းပြည်နယ် ပလက်ဝနယ်တွင် ချင်းအမျိုးသားတပ်မတော်(CNA)၊ ပလက်၀ ချင်းကာကွယ်ရေးတပ်(CDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း ပလက်၀ CDFက သတင်းထုတ်ပြန်သည်။

လိုင်လင်းပီမြို့မှ မတူပီမြို့နယ် ထေဘွေ့စခန်းသို့ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

မတ်လ ၉ရက်တွင် ပလက်၀မြို့နယ် ကိန်းကန်းကုန်းရွာနှင့် စခီဟာကျေးရွာအကြားရှိ လာကီချောင်းတစ်နေရာတွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နံနက် ၁၁နာရီခန့်တွင် မိနစ် ၄၀ ကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး နေ့လည်ပိုင်းတွင် မိစနစ် ၂၀ခန့် တိုက်ပွဲဖြစ်ခဲ့သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၈ဦးသေဆုံးကာ ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပလက်၀ CDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထေဘွေ့ စခန်းသို့ အင်အားဖြည့်တင်းရန်လာသည့် အဆိုပါ စစ်ကောင်စီတပ်ကို ယမန်နေ့မတ်လ ၈ရက်လည်း ချင်းပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပလက်၀ CDF တာဝန်ရှိသူက ယမန်နေ့တွင် ပြောကြားထားသည်။

“ထေဘွေ့စခန်းကိုအင်အားဖြည့်တာခုနဲ့ဆို (၂)ကြိမ်ရှိပါပြီ။အင်အားဖြည့်တိုင်းလည်း ကြားဖြတ်တာတွေအမြဲ လုပ်ပါတယ်။ခုဟာက ဒုတိယ အကြိမ် အင်အားဖြည့်တာပါ။”ဟု CDF ပလက်ဝတာဝန်ရှိသူတစ်ဦးကPeople’s Spring သတင်းဌာနသို့ပြောသည်။

အင်အားဖြည့်တင်းရန်လာသည့် စစ်ကြောင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ပါဝင်သည် ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။