Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မတူပီ – ပလက်ဝနယ်စပ်ရှိ ဂိတ်စခန်းကို CDF တိုက်ခိုက်ရာ စစ်ကောင်စီတပ် နှစ်ဦးသေဟုဆို

ဒီဇင်ဘာ ၁၆ရက် နံနက်ပိုင်းက စစ်ကောင်စီ၏ ဘွေလီဂိတ်စခန်းအား CDFက ဝင်ရောက် ပစ်ခတ်ခဲ့ရာ ၁၅မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှု ရှိခဲ့သည်ဟု ဖော်ပြထားသည်။

(ပလက်ဝ CDF မှ ရဲဘော်များအား တွေ့ရစဉ်)
(ပလက်ဝ CDF မှ ရဲဘော်များအား တွေ့ရစဉ်)

ချင်းပြည်နယ် ပလက်၀မြို့နယ်နှင့် မတူပီမြို့နယ် အစပ်ရှိ စစ်ကောင်စီတပ်၏ ဂိတ်စခန်းကို ယမန်နေ့နံနက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ပလက်၀ ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၆ရက် နံနက်ပိုင်းက စစ်ကောင်စီ၏ ဘွေလီဂိတ်စခန်းအား CDFက ဝင်ရောက် ပစ်ခတ်ခဲ့ရာ ၁၅မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှု ရှိခဲ့သည်ဟု ဖော်ပြထားသည်။

“အရင်တုန်းကတည်းက အာဏာမသိမ်းခင်ကတည်းက ခိုင်ခိုင်မာမာရှိပြီးသားစခန်းဖြစ်ပါတယ်။ အဲဒီ စခန်းရှိတဲ့နေရာက မတူပီမြို့နယ်နဲ့ ပလက်၀ မြို့နယ်ကြားပေါ့။ ဒီကြားမှာရှိတဲ့ စခန်းက အာဏာသိမ်းတဲ့နောက်ပိုင်းမှာ ပြန်ပြီးတော့မှ အင်အား ပြန်တည်ဆောက်ပြီးမှ ခိုင်ခိုင်မာမာ ထပ်ပြီး တည်ဆောက်ထားတဲ့ စခန်းပေါ့။ အဲဒီစခန်းက လွန်ခဲ့တဲ့ ၅ရက်လောက်မှာ ကျွန်တော်တို့ရဲဘော်တွေကို ချောင်းမြောင်းပစ်တာတွေရှိတယ်။ ပစ်ခတ်တော့ ကျွန်တော်တို့ဘက်က တစ်ယောက်ကျတယ်။ အဲဒီနောက်ပိုင်း မနေ့က မနက်မှာ စခန်းရဲ့အောက်မှာ ထိုးထားတဲ့ဂိတ်စခန်းကို ကျနော်တို့ ဘက်က သွားရောက်ပစ်ခတ်တာ”ဟု ပလက်၀ CDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပလက်၀ CDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ CDF ရဲဘော်များ ထိခိုက်မှုမရှိကြောင်း၊ ထိုသို့လက်နက်ကြီးများ ရမ်းပစ်၍ ဂိတ်အနီးရှိ ဘွေလီကျေးရွာ နှင့် တွီဆော့ကုန်းကျေးရွာနေ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း အသိပေးဖော်ပြထားသည်။

(ပလက်ဝ CDF မှ ရဲဘော်များအား တွေ့ရစဉ်)

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။