Connect with us

Hi, what are you looking for?

သတင်း

မတူပီ – ပလက်ဝနယ်စပ်ရှိ ဂိတ်စခန်းကို CDF တိုက်ခိုက်ရာ စစ်ကောင်စီတပ် နှစ်ဦးသေဟုဆို

ဒီဇင်ဘာ ၁၆ရက် နံနက်ပိုင်းက စစ်ကောင်စီ၏ ဘွေလီဂိတ်စခန်းအား CDFက ဝင်ရောက် ပစ်ခတ်ခဲ့ရာ ၁၅မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှု ရှိခဲ့သည်ဟု ဖော်ပြထားသည်။

(ပလက်ဝ CDF မှ ရဲဘော်များအား တွေ့ရစဉ်)
(ပလက်ဝ CDF မှ ရဲဘော်များအား တွေ့ရစဉ်)

ချင်းပြည်နယ် ပလက်၀မြို့နယ်နှင့် မတူပီမြို့နယ် အစပ်ရှိ စစ်ကောင်စီတပ်၏ ဂိတ်စခန်းကို ယမန်နေ့နံနက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ပလက်၀ ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၆ရက် နံနက်ပိုင်းက စစ်ကောင်စီ၏ ဘွေလီဂိတ်စခန်းအား CDFက ဝင်ရောက် ပစ်ခတ်ခဲ့ရာ ၁၅မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှု ရှိခဲ့သည်ဟု ဖော်ပြထားသည်။

“ အရင်တုန်းကတည်းက အာဏာမသိမ်းခင်ကတည်းက ခိုင်ခိုင်မာမာရှိပြီးသားစခန်းဖြစ်ပါတယ်။ အဲဒီ စခန်းရှိတဲ့နေရာက မတူပီမြို့နယ်နဲ့ ပလက်၀ မြို့နယ်ကြားပေါ့။ ဒီကြားမှာရှိတဲ့ စခန်းက အာဏာသိမ်းတဲ့နောက်ပိုင်းမှာ ပြန်ပြီးတော့မှ အင်အား ပြန်တည်ဆောက်ပြီးမှ ခိုင်ခိုင်မာမာ ထပ်ပြီး တည်ဆောက်ထားတဲ့ စခန်းပေါ့။ အဲဒီစခန်းက လွန်ခဲ့တဲ့ ၅ရက်လောက်မှာ ကျွန်တော်တို့ရဲဘော်တွေကို ချောင်းမြောင်းပစ်တာတွေရှိတယ်။ ပစ်ခတ်တော့ ကျွန်တော်တို့ဘက်က တစ်ယောက်ကျတယ်။ အဲဒီနောက်ပိုင်း မနေ့က မနက်မှာ စခန်းရဲ့အောက်မှာ ထိုးထားတဲ့ဂိတ်စခန်းကို ကျနော်တို့ ဘက်က သွားရောက်ပစ်ခတ်တာ”ဟု ပလက်၀ CDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပလက်၀ CDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ CDF ရဲဘော်များ ထိခိုက်မှုမရှိကြောင်း၊ ထိုသို့လက်နက်ကြီးများ ရမ်းပစ်၍ ဂိတ်အနီးရှိ ဘွေလီကျေးရွာ နှင့် တွီဆော့ကုန်းကျေးရွာနေ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း အသိပေးဖော်ပြထားသည်။

(ပလက်ဝ CDF မှ ရဲဘော်များအား တွေ့ရစဉ်)

ဆက်စပ်သတင်းများ

သတင်း

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားအချို့ကို ပြန်လည်လွှတ်ပေးခဲ့ရာမှာ အမှန်တကယ် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေမှာ နည်းပါးနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက်လမ်းဆုံမှာ စစ်တပ်က သတ်ဖြတ်ပြီး စွန့်ပစ်ခဲ့တဲ့ အမျိုးသားလေးဦးဟာ နာဂPDF ရဲဘော်တစ်ဦးနဲ့ ရခိုင်တိုင်းရင်းသားသုံးဦးဖြစ်တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

ရှစ်လေးလုံးအရေးတော်ပုံကာလက ပါတီစုံဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တောင်းဆိုချက်တွေကို ကြွေးကြော်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးဟာ ၃၈ နှစ်အကြာမှာတော့ စစ်အာဏာရှင်အောက်ကို ခေါင်းလျှိုဝင်သွားပါပြီ။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဆီသို့လှမ်းချီ ‘Road to Tenasserim’ ကမ်ပိန်းက အမေရိကန်ဒေါ်လာ ၁ သိန်း ၆ သောင်းကျော် ထောက်ပို့ကူညီခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။