Connect with us

Hi, what are you looking for?

သတင်း

ကျောက်ခွက်ရေနံမြေစခန်း ဒေသကာကွယ်ရေးတပ် များသိမ်းပိုက်ရာ ကျည်မ​လောက်၍ လက်လွှတ်ခဲ့ရ

ကျောက်ခွက်ရေနံမြေ Well-2 ရေနံမြေတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့၏စခန်းကို တိုက်ခိုက်ရာ အချိန် ၃နာရီအထိကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ကူ​ပေးခဲ့ခြင်း ဖြစ်သည်။

(ကျောက်ခွက်ရေနံမြေစခန်း သိမ်းပိုက်ရန် PDF ရဲဘော်တစ်ဦး ပစ်ခတ်တိုက်ခိုက်နေစဉ်)
(ကျောက်ခွက်ရေနံမြေစခန်း သိမ်းပိုက်ရန် PDF ရဲဘော်တစ်ဦး ပစ်ခတ်တိုက်ခိုက်နေစဉ်)

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းရှိ ကျောက်ခွက်ရေနံမြေ Well-2 တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးပူး​ပေါင်းစခန်းအား ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်(၃၃) ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စခန်းသိမ်းနိုင်လုနီးရောက်ခါးနီးမှ ကျည်မလုံ​လောက်မှုနှင့် စစ်ကောင်စီတပ်ရဟတ်ယာဥ်​ရောက်လာ၍ မသိမ်းနိုင်ခဲ့​ကြောင်း PDFရဲဘော်များက ​ပြောသည်။

ကျောက်ခွက်ရေနံမြေ Well-2 ရေနံမြေတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့၏စခန်းကို တိုက်ခိုက်ရာ အချိန် ၃နာရီအထိကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ကူ​ပေးခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ရဲစခန်းအထိ တော်လှန်ရေးမဟာမိတ်များက ဝင်ရောက်နိုင်ခဲ့သော်လည်း ကျည်မလုံလောက်မှုနှင့် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူများကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် PDFအချို့က ပြောသည်။

“စခန်းထဲဝင်ရောက်ချိန် ရဟတ်ယာဉ်နဲ့ စခန်းပတ် လည်ကို လာပစ်တာ၊ ဒါကြောင့်ပြန်ဆုတ်ခဲ့ရာ အဲ့အချိန်မှာ(ရဟတ်ယာဥ်ဖြင့်ပစ်ချိန်တွင်) အထိအခိုက်တော့မရှိခဲ့ဘူး”ဟု PDF ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

၃နာရီကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက် အကျအဆုံးများရှိသော်လည်း အတည်မပြုနိုင်ဘဲ ဒေသခံကာကွယ်ရေးတပ်များဘက်မှ ရဲဘော် သုံးဦးထိခိုက်ကာ တစ်ဦးကျဆုံးခဲ့​ကြောင်း PDF ရဲဘော်များက​ ပြောသည်။

“ဘန်ကာခြေထိ ကျွန်တော်တို့ကပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲဘော်တွေက ကျည်လုံလောက်မူမရှိတဲ့အတွက် အတွင်းထိမဝင်နိုင်ခဲ့ရဘူး။ ကျွန်တော်တို့ ကျည်လုံလောက်ရင်တော့သိမ်းနိုင်ဖို့ထိရှိတယ်။ လေကြောင်းကြောင့်ထိခိုက်တာတော့မရှိဘူး။ ကျတဲ့ရဲဘော်က လက်နက်ကြီးထိမှန်သွားတာ”ဟု M.V.P Revolution Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံကလည်းPeople’s Spring သတင်းဌာနသို့ ပြောသည်။

စစ်ကောင်စီရဟတ်ယာဉ်သည် အဆိုပါ ရေနံမြေကို ပစ်ခတ်ပြီး ထန်းပေါက်ကုန်းကျေးရွာကိုလည်း တိုက်ခိုက်ခဲ့သေးသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး ထိမှန် သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။