Connect with us

Hi, what are you looking for?

သတင်း

တီးတိန်ဆေးရုံယမန်နေ့ညတိုက်ပွဲစစ်ကောင်စီတပ် ၄ဦးသေ

ဆေးရုံ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ညပိုင်း(ယနေ့မနက် အစောပိုင်း)၌ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

(PDF Zoland တပ်ဖွဲ့ဝင်များနှင့် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ပစ္စည်းများ။ဓါတ်ပုံ-PDF Zoland)
(PDF Zoland တပ်ဖွဲ့ဝင်များနှင့် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ပစ္စည်းများ။ဓါတ်ပုံ-PDF Zoland)

▪︎”စစ်ဘက်ကတော့ အရှိန်ပိုမြှင့်မယ်။ ကျနော်တို့ PDFဘက်ကခံစစ်နဲ့မဟုတ်တော့ဘူး တိုက်စစ်နဲ့ စတော့မယ်။ အခွင့်အရေးလိုချင်ရင်တော့ CDM မြန်မြန်ဝင်”

PDF-Zoland သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ကိုဂျော်နီ

ချင်းပြည်နယ် တီးတိန်မြို့ ဆေးရုံ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်-ဇိုလဲန်း(PDF-Zoland) တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟု PDF-Zoland သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ကိုဂျော်နီက ပြောသည်။

ဆေးရုံ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ညပိုင်း(ယနေ့မနက် အစောပိုင်း)၌ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

(PDF Zoland တပ်ဖွဲ့ဝင်များနှင့် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ပစ္စည်းများ။ဓါတ်ပုံ-PDF Zoland)
(PDF Zoland တပ်ဖွဲ့ဝင်များနှင့် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ပစ္စည်းများ။ဓါတ်ပုံ-PDF Zoland)

“ဝင်စီးပြီး ပြန်ဆုတ်တာ။ မနက် ၁နာရီကျော်လောက်မှာ ဝင်စီးပြီးတော့ ၁နာရီခွဲလောက် တိုက်ပွဲကြာတာပေါ့။ သူတို့ စစ်ကောင်စီဘက်က အကျအဆုံးက ၄ယောက်လို့ သိထားတယ်။ သူတို့က ကျနော်တို့ ဆုတ်လမ်းတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ကြတယ်။ ရဲစခန်းအောက်က ပြည်သူ တစ်ယောက် လက်နက်ကြီးထိထားတယ်။ အသက်တော့ မဆုံးရှုံးဘူး ဒဏ်ရာရတာပေါ့” ဟုကိုဂျော်နီကPeople’s Spring သတင်းဌာနသို့ပြောသည်။

ဆေးရုံ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ နေရာမှ စွန့်ခွာသွားရာ ခဲယမ်း၊ ကျည်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ဟု ဓာတ်ပုံနှင့်တကွ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(PDF Zoland တပ်ဖွဲ့ဝင်များနှင့် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ပစ္စည်းများ။ဓါတ်ပုံ-PDF Zoland)
(PDF Zoland တပ်ဖွဲ့ဝင်များနှင့် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ပစ္စည်းများ။ဓါတ်ပုံ-PDF Zoland)

“စစ်ဘက်ကတော့ အရှိန်ပိုမြှင့်မယ်။ ကျနော်တို့ PDFဘက်ကခံစစ်နဲ့မဟုတ်တော့ဘူး တိုက်စစ်နဲ့ စတော့မယ်။ အခွင့်အရေးလိုချင်ရင်တော့ CDM မြန်မြန်ဝင်ပေါ့ စစ်ကောင်စီဘက်က” ဟု PDF-Zoland ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

PDF-Zoland သည် တီးတိန်မြို့နယ် နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ် မြောက်ပိုင်းဒေသများ၌ တိုက်ပွဲဝင်နေသည့် တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။