Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းဘက်မှလာသော အင်အား ၁,၀၀၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်း ကသာမြို့နယ်ရောက်

အဆိုပါ စစ်ကောင်စီယာဉ်တန်းတွင် အင်အား ၁,၀၀၀ ကျော်ပါဝင်နိုင်ပြီး စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်နှင့် ကချင်ပြည်နယ်ဘက်သို့ အင်အားဖြည့်တင်းနိုင်ကြောင်း ကသာနှင့် ထီးချိုင့်မြို့နယ် မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များက မှတ်ချက်ပြုသည်။

(စစ်ကောင်စီတပ်သားများလိုက်ပါလာသော ယာဉ်တစ်စီအား တွေ့ရစဉ်။ ပုံအဟောင်းကို အသုံးပြုထားပါသည်)
(စစ်ကောင်စီတပ်သားများလိုက်ပါလာသော ယာဉ်တစ်စီအား တွေ့ရစဉ်။ ပုံအဟောင်းကို အသုံးပြုထားပါသည်)

မန္တလေးတိုင်း သပိတ်ကျင်းမြို့ဘက်မှ တက်လာသော အင်အား ၁,၀၀၀ကျော်ပါ စစ်ကောင်စီယာဉ်တန်းမှ ယာဉ်အများစုမှာ ယနေ့(မတ်လ ၁၃ ရက်) နံနက်တွင် ကသာမြို့နယ်အတွင်း ရောက်ရှ်ိနေပြီး ခြောက်စီးမှာ ဗန်းမောက်နှင့် အင်းတော်မြို့သို့ သွား‌ရောက်ကြောင်း သတင်းရရှိသည်။

“ဗန်းမောက်ကို လေးစီး၊ အင်းတော်နန့်စီးအောင် ကို ‌နှစ်စီးသွားတယ်။ ကျန်ကားတွေက ကချင်ဘက်ကိုသွားရင် ဖားကန့်ကို ဦးတည်မယ်ထင်တယ်” ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောာင်စီ၏ ယာဉ် ၄၉စီးပါ ယာဉ်တန်းသည် မတ်လ ၁၀ ရက်က သပိတ်ကျင်းမြို့နယ်ဘက်မှ စတင်ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။အဆိုပါယာဉ်တန်းကို သပိတ်ကျင်းနှင့် ထီးချိုင့်မြို့ကြား တကောင်းနယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးထက်မနည်းသေဆုံးပြီး ယာဉ်အချို့ ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – တကောင်းက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါယာဥ်တန်းသည် ထီးချိုင့်မြို့ကို ဝင်ရောက်ချိန် မတ်လ ၁၁ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သုံးနေရာခွဲ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တစ်နေရာတွင် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကသာမြို့ကို ၄၆စီးပဲ အကောင်းဝင်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။

မတ်လ ၁၂ရက်တွင် ကသာ-အင်းတော်လမ်းပိုင်း ကသာမြို့အထွက် (၆)မိုင်တွင် ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရှစ်စီးထက်မနည်းပျက်စီးသွားကြောင်း သတင်းရရှိသည်။

“ရှစ်စီးစုတ်ပြတ်သတ်ပြတ်ပြီး ကျန်ခဲ့တယ်ကြားတယ်။ သွားကြည့်လို့တော့မရသေးဘူး”ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းတွင် အင်အား ၁,၀၀၀ ကျော်ပါဝင်နိုင်ပြီး စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်နှင့် ကချင်ပြည်နယ်ဘက်သို့ အင်အားဖြည့်တင်းနိုင်ကြောင်း ကသာနှင့် ထီးချိုင့်မြို့နယ် မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များက မှတ်ချက်ပြုသည်။

စစ်ကောင်စီတပ်သည် ယောဒေသတွင်လည်း ကားအစီးရေး ၈၀ခန့်ရောက်ရှိနေပြီး ချင်းပြည်နယ်ဘက်သို့ ဦးတည်နေကြောင်း ချင်းကာကွယ် ရေးတပ် CDF မင်းတပ်က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

သတင်း

နောက်တန်းပြန်ဝင်ထားတဲ့ စစ်တပ်ရဲ့စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ ကချင်ပြည်နယ်က ဗန်းမော်မြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီး မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်မှာ စုဖွဲ့မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။