Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယအာသံရိုင်ဖယ်တပ် ပလက်ဝမြို့နယ်အတွင်းဝင်ရောက်ပြီး သေနတ် ၁၀ချက်ပစ်​ဖောက်

အာသံရိုင်ဖယ်တပ်သည် အိန္ဒိယ ဗဟိုအစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်ခံဖြစ်ပြီး စစ်ရေးကွပ်ကဲမှုကို အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ယူထားခြင်းဖြစ်သည်။

(အန္ဒိယနိုင်ငံမှ အာသန်ရိုင်ဖယ်တပ်ဖွဲ့ဝင်များ ပလက်ဝမြို့နယ်၊ ​ရွှေလိုက်ဝါ အတွင်းဝင်​ရောက်လာစဥ်။ဓါတ်ပုံ-CJ)
(အန္ဒိယနိုင်ငံမှ အာသန်ရိုင်ဖယ်တပ်ဖွဲ့ဝင်များ ပလက်ဝမြို့နယ်၊ ​ရွှေလိုက်ဝါ အတွင်းဝင်​ရောက်လာစဥ်။ဓါတ်ပုံ-CJ)

နယ်စပ်ကျောက်တိုင်လာကြည့်သည့်ဟူသောအကြောင်းပြချက်ဖြင့်အိန္ဒိယအာသံရိုင်ဖယ်တပ်ကချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းသို့ မတ်လ ၁၃ ရက်တွင်ဝင်ရောက်ပြီးသေနတ်၁၀ချက်ပစ်ဖောက်ခဲ့ကြောင်းCDF-ပလက်ဝတာဝန်ရှိသူကပြောသည်။

အာသံရိုင်ဖယ်တပ်ဝင်ရောက်ခဲ့သည့်နေရာမှာCDF-ပလက်ဝ၊ တပ်ရင်း-၂ အခြေစိုက်ရာ ရွှေလိုက်ဝကျေးရွာ အတွင်းဖြစ်ပြီး ကျောက်တိုက်ကြည့်ရှုပြီး အပြန်တွင် သေနတ် ၁၀ ချက်ပစ်ဖောက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ လူမှုကွန်ယက်တွင်မတ်လ ၁၃ ရက်ကရေးသားခဲ့သည်။

(အန္ဒိယနိုင်ငံမှ အာသန်ရိုင်ဖယ်တပ်ဖွဲ့ဝင်များ ပလက်ဝမြို့နယ်၊ ​ရွှေလိုက်ဝါ အတွင်းဝင်​ရောက်လာစဥ်။ဓါတ်ပုံ-CJ)
(အန္ဒိယနိုင်ငံမှ အာသန်ရိုင်ဖယ်တပ်ဖွဲ့ဝင်များ ပလက်ဝမြို့နယ်၊ ​ရွှေလိုက်ဝါ အတွင်းဝင်​ရောက်လာစဥ်။ဓါတ်ပုံ-CJ)

“ India အာဆမ်တပ်တွေ ကျွန်တော်တို့မြေပေါ် ခြေနင်းချင်တိုင်း နင်းနေတာကြာပါပြီ ၊ ယခု ဖြစ်စဉ်ဟာ ချင်းပြည်နယ် ပလက်ဝမြို့နယ် နှင့် India အစိုးရကြားရှိ နယ်စပ် ကျောက်တိုင် လာ ကြည့်ရှုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်အပြည့်အစုံ နဲ့ မြန်မာပြည် ပြည်တွင်း ရှိ CDF -Paletwa အခြေချရာ တပ်ရင်း-၂ ၊ ရွှေလိုက်ဝ ကျေးရွှာ နယ်မြေထဲ ကို ဝင်ရောက်လာခြင်းဖြစ်ပါတယ်။”ဟု အထက်ပါတာဝန်ရှိသူကရေးသားထားသည်။

အာသန်ရိုင်ဖယ်တပ်သား ၁၀ ဦး​ကျော်ပါဝင်​သောအဖွဲ့က မတ် ၁၃ ရက် နံနက်ကဝင်​ရောက်လာပြီး စာသင်​ကျောင်းနှင့်အိမ်များကိုဓါတ်ပုံရိုက်ကူးသွား​ကြောင်း​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

​ရွှေလိုက်ဝ​ကျေးရွာသည် အိမ်ခြေ ၁၀၀ ​ကျော်နှင့် လူဦးရေ ၆၀၀ ကျော်နေထိုင်​ကြောင်းသိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သတ်ပြီး NUGအနေဖြင့် အိန္ဒိယနိုင်ငံဖြင့် ပိုကောင်းသည့် ဆက်ဆံရေးကို တည်ဆောက်ရန် ကြိုးပမ်းသင့်ကြောင်း CDF ပလက်ဝမှတာဝန်ရှိသူကဆက်​ပြောသည်။

အာသံရိုင်ဖယ်တပ်သည် မြန်မာနိုင်ငံနယ်နမြိတ်အတွင်းကို အကြိမ်ကြိမ်ဝင်ရောက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

အာသံရိုင်ဖယ်တပ်သည် အိန္ဒိယ ဗဟိုအစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်ခံဖြစ်ပြီး စစ်ရေးကွပ်ကဲမှုကို အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ယူထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။