Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်နယ်ကို စစ်ကောင်စီတပ်လေကြောင်းမှ ဗုံးကြဲ၊ လက်နက်ကြီးများဖြင့်လည်း ရမ်းပစ်နေ

ဆောဒေသခံတစ်ဦးကလည်း ယမန်နေ့ညပိုင်းက မင်းတပ်နယ်သို့ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ပြောသည်။ ထို့ပြင် ကျောက်ထုနယ်သို့ ရောက်နေသည့် စစ်ကောင်စီတပ် ယာဉ် အစီး ၈၀ခန့်အနက် အစီး ၂၀ခန့်မှာ ထီးလင်းဘက်သို့ တက်သွားသည်ဟု ဆိုသည်။

(မင်းတပ်မြို့ရှိ ခလရ (၂၇၄)တပ်အား ဝေဟင်မှ မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CDF - Mindat)
(မင်းတပ်မြို့ရှိ ခလရ (၂၇၄)တပ်အား ဝေဟင်မှ မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CDF - Mindat)

ချင်းပြည်နယ် မင်းတပ်မြို့နယ်သို့ စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းတွင် လေကြောင်း တိုက်ခိုက် မှုလုပ်ဆောင်ခဲ့ကြောင်း ဒေသခံအချို့က အသိပေးသည်။

စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းက တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး အချက် ၄၀ကျော် ပစ်ခတ်ခဲ့ကြောင်း မင်းတပ်ဒေသခံတစ်ဦးက ၎င်း၏ Facebookမှ တဆင့် အသိပေးထားသည်။

ဆောဒေသခံတစ်ဦးကလည်း ယမန်နေ့ညပိုင်းက မင်းတပ်နယ်သို့ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ပြောသည်။ ထို့ပြင် ကျောက်ထုနယ်သို့ ရောက်နေသည့် စစ်ကောင်စီတပ် ယာဉ် အစီး ၈၀ခန့်အနက် အစီး ၂၀ခန့်မှာ ထီးလင်းဘက်သို့ တက်သွားသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“စစ်ကြောင်းကတော့ ထီလင်းဘက်ကို တဝက်တပြတ်သွားပြီးတော့ ခြေရာဖျောက်ထားတယ်။ ကျနော်တို့ ဆောမြို့နယ်ကို ထိုးလာတဲ့ စစ်ကြောင်းကလည်း ဘယ်ရောက်နေတယ်ဆိုတာ မသိရသေးဘူး။ ဘာမှ မသိရသေးတဲ့အတွက် ပြည်သူတွေက နားစွန့်ပြီးနေကြတယ်။ မနေ့ညကတော့ လေယာဉ်ကတော့ ချင်းပြည်နယ်ဘက်မှာ ၅ချက်လောက်ပစ်တယ်။ မင်းတပ် အနောက် ၁၄မိုင်လောက် ချင်းပြည်နယ်ဘက်ကို ပစ်တယ်။ည ၉နာရီ ၁၄မိနစ်မှာ။ သူတို့ ခလရ (၂၇၄)တပ်ရင်းကလည်း အမြောက်တွေနဲ့ ပစ်တယ်။ ကျောက်ထု အမြောက်တပ်ကလည်း ပစ်တယ်။ အချက်ပေါင်း ၅၀လောက်”ဟု ဆောဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်လေယာဉ်သည် ဆောမြို့နယ်ဘက်သို့ နှစ်ကြိမ် ဝဲပျံခဲ့သော်လည်း ပစ်ခတ်မှုမရှိဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။