Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်နယ်ကို စစ်ကောင်စီတပ်လေကြောင်းမှ ဗုံးကြဲ၊ လက်နက်ကြီးများဖြင့်လည်း ရမ်းပစ်နေ

ဆောဒေသခံတစ်ဦးကလည်း ယမန်နေ့ညပိုင်းက မင်းတပ်နယ်သို့ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ပြောသည်။ ထို့ပြင် ကျောက်ထုနယ်သို့ ရောက်နေသည့် စစ်ကောင်စီတပ် ယာဉ် အစီး ၈၀ခန့်အနက် အစီး ၂၀ခန့်မှာ ထီးလင်းဘက်သို့ တက်သွားသည်ဟု ဆိုသည်။

(မင်းတပ်မြို့ရှိ ခလရ (၂၇၄)တပ်အား ဝေဟင်မှ မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CDF - Mindat)
(မင်းတပ်မြို့ရှိ ခလရ (၂၇၄)တပ်အား ဝေဟင်မှ မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CDF - Mindat)

ချင်းပြည်နယ် မင်းတပ်မြို့နယ်သို့ စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းတွင် လေကြောင်း တိုက်ခိုက် မှုလုပ်ဆောင်ခဲ့ကြောင်း ဒေသခံအချို့က အသိပေးသည်။

စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းက တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး အချက် ၄၀ကျော် ပစ်ခတ်ခဲ့ကြောင်း မင်းတပ်ဒေသခံတစ်ဦးက ၎င်း၏ Facebookမှ တဆင့် အသိပေးထားသည်။

ဆောဒေသခံတစ်ဦးကလည်း ယမန်နေ့ညပိုင်းက မင်းတပ်နယ်သို့ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ပြောသည်။ ထို့ပြင် ကျောက်ထုနယ်သို့ ရောက်နေသည့် စစ်ကောင်စီတပ် ယာဉ် အစီး ၈၀ခန့်အနက် အစီး ၂၀ခန့်မှာ ထီးလင်းဘက်သို့ တက်သွားသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“စစ်ကြောင်းကတော့ ထီလင်းဘက်ကို တဝက်တပြတ်သွားပြီးတော့ ခြေရာဖျောက်ထားတယ်။ ကျနော်တို့ ဆောမြို့နယ်ကို ထိုးလာတဲ့ စစ်ကြောင်းကလည်း ဘယ်ရောက်နေတယ်ဆိုတာ မသိရသေးဘူး။ ဘာမှ မသိရသေးတဲ့အတွက် ပြည်သူတွေက နားစွန့်ပြီးနေကြတယ်။ မနေ့ညကတော့ လေယာဉ်ကတော့ ချင်းပြည်နယ်ဘက်မှာ ၅ချက်လောက်ပစ်တယ်။ မင်းတပ် အနောက် ၁၄မိုင်လောက် ချင်းပြည်နယ်ဘက်ကို ပစ်တယ်။ည ၉နာရီ ၁၄မိနစ်မှာ။ သူတို့ ခလရ (၂၇၄)တပ်ရင်းကလည်း အမြောက်တွေနဲ့ ပစ်တယ်။ ကျောက်ထု အမြောက်တပ်ကလည်း ပစ်တယ်။ အချက်ပေါင်း ၅၀လောက်”ဟု ဆောဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်လေယာဉ်သည် ဆောမြို့နယ်ဘက်သို့ နှစ်ကြိမ် ဝဲပျံခဲ့သော်လည်း ပစ်ခတ်မှုမရှိဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။