Connect with us

Hi, what are you looking for?

သတင်း

မတူပီတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးသေဟု CDF ထုတ်ပြန်

ဖေဖော်ဝါရီမှ ယခုမတ်လ ဒုတိယပတ်အတွင်းအထိ ချင်းပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ မတူပီ – ပလက်၀နယ်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(မတူပီ ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော် များ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုဲ - CDF မတူပီ)
(မတူပီ ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော် များ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုဲ - CDF မတူပီ)

ချင်းပြည်နယ် မတူပီမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးခဲ့ကြောင်း မတူပီ ချင်းကာကွယ် ရေးတပ်(CDF)က ယမန်နေ့ညပိုင်းကထုတ်ပြန်သည်။

မတ်လ ၁၄ရက် ညနေပိုင်းက မတူပီ – ပလက်၀ လမ်းပေါ်ရှိ ထယ်ဘွေးစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်များကို ၀လံပီနှင့် ကလားကြား (ကလောင်စိုင်း)တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထာသည်။ စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကိုလည်း ဖော်ပြခဲ့သည်။

ထို့ပြင် အပြန်အလှန် ပစ်ခတ်မှုလည်းဖြစ်ပွားခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြထားပြီး မတူပီ CDFဘက်မှ ထိခိုက်မှုမရှိ ကောင်းမွန်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းရန် မတူပီ CDF ထံသို့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။ မတူပီနှင့် ပလက်၀လမ်းပေါ်၌ တိုက်ပွဲများ ဆက်လက်ဖြစ်နိုင်ချေရှိ၍ ပြည်သူများအနေဖြင့် လမ်းကြောင်းအား သွားလာခြင်းမပြုရန် အသိပေးထားသည်။

အဆိုပါ မတူပီ – ပလက်၀ကြားရှိ စစ်ကောင်စီ၏ ထယ်ဘွေး တပ်စခန်းသို့ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို ပလက်၀ CDFနှင့် ချင်းအမျိုးသားတပ်မတော်(CNA) တို့က ကြားဖြတ်တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့သည်။

ဖေဖော်ဝါရီမှ ယခုမတ်လ ဒုတိယပတ်အတွင်းအထိ ချင်းပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ မတူပီ – ပလက်၀နယ်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။