Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် အနည်းဆုံး သုံးဦးသေ

ဘောလခဲ ​မြို့ကို ယခုနှစ် ဖေဖော်ဝါရီ ၂ရက်က စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေး(မာရှယ် လော)နယ်မြေအဖြစ် ကြေညာထားသည်။

(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး သုံးဦးသေဆုံးကြောင်း ကရင်နီဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယနေ့(မတ်လ ၁၆ရက်) နံနက် ၅နာရီခန့်ကစ၍ ဘောလခဲမြို့အထွက် ရေနီပေါက်တံတားအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“စစ်ကောင်စီစစ်ကြောင်း နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲ ဖြစ်ခဲ့တာ။နေရာက ဘောလခဲအထွက် ဖားဆောင်ကြား မှာပေါ့။အခု လောလောဆယ်တော့ စကစ စစ်ကြောင်းပြန်ဆုတ်သွားတယ်”ဟု ဘောလခဲမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အနည်းဆုံးသုံးဦးအထက်သေဆုံးပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်သူမရှိခဲ့ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဒေသခံ ပြည်သူနှစ်ဦးကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။

ဘောလခဲ ​မြို့ကို ယခုနှစ် ဖေဖော်ဝါရီ ၂ရက်က စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေး(မာရှယ် လော)နယ်မြေအဖြစ် ကြေညာထားသည်။

အလားတူ ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစ၍ က ရင်နီ(ကယား)ပြည်နယ်အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ လေူခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂)ခုဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။