Connect with us

Hi, what are you looking for?

သတင်း

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ လူငယ်တွေဆီ ဝါဒဖြန့်စာတွေ စစ်ကောင်စီ ဖြန့်ဝေ

စာမေးပွဲဖြေပြီးထွက်လာတဲ့ ကျောင်းသူ ၊ကျောင်းသားတွေထံ အဲဒီဝါဒဖြန့် စာစောင်တွေ ကမ်းနေတာကို သတင်းဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

ဓာတ်ပုံ − နေပြည်တော်ကောင်စီ
ဓာတ်ပုံ − နေပြည်တော်ကောင်စီ

စစ်တပ်ရဲ့ စစ်ရုံးချုပ်အခြေစိုက်ရာ နေပြည်တော်မှာ ဝါဒဖြန့် လက်ကမ်းစာစောင်တွေကို တက္ကသိုလ်ဝင်တန်းဖြေဆိုကြတဲ့ ကျောင်းသူ၊ကျောင်းသားတွေထံ ဖြန့်ဝေတာတွေ အာဏာသိမ်းစစ်ကောင်စီက လုပ်ဆောင်ခဲ့ပါတယ်။

ဒီလို စစ်တပ်ကောင်းကြောင်း ဝါဒဖြန့် စာစောင်တွေဖြန့်ဝေတာကို စစ်ကောင်စီ က သတင်းဓာတ်ပုံတွေနဲ့ ထုတ်ပြန်ထားပါတယ်။

စာမေးပွဲဖြေပြီးထွက်လာတဲ့ ကျောင်းသူ ၊ကျောင်းသားတွေထံ အဲဒီဝါဒဖြန့် စာစောင်တွေ ကမ်းနေတာကို သတင်းဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

Public Service Announcement
Public Service Announcement

ကျောင်းသားလူငယ်တွေ တပ်မတော်နေ့ အကြောင်းအရာတွေ ကျယ်ကျယ်ပြန့်ပြန့်သိဖို့ လက်ကမ်းစာစောင်ဖြန့်ဝေရတာလို့လည်း ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းတဲ့ စစ်ကောင်စီက အကြောင်းပြထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလက်ကမ်းစာစောင်မှာ တပ်မတော်ရဲ့အား ၁၀ ပါး ၊ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်း တွေကို ထည့်သွင်းပုံနှိပ်ထားတယ်လို့သိရပါတယ်။

ဒါအပြင် လက်ရှိမှာ မတရားထောင်သွင်းအကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေကိုပါ အာဏာသိမ်း စစ်ကောင်စီက လက်ကမ်းစာစောင်တွေမှာဖော်ပြထားပါသေးတယ်။

ဒီလို လက်ကမ်းစာစောင်တွေကို နေပြည်တော် အပြင် အခြားသော ဒေသတွေမှာပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေတဲ့အချိန်မှာ စစ်ကောင်စီကဖြန့်ဝေခဲ့တာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။