Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော် စစ်ကောင်စီတပ်ရင်းတစ်ခုကို PDFကအဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ယမန်နေ့ (မတ် ၁၃ ရက်နေ့)ည ၇ နာရီခန့်က နေပြည်တော် လယ်ဝေးမြို့နယ်အခြေစိုက် အောင်နန်းချိုရွာအနီးရှိ အမှတ် (၆၀၄)ခြေမြန်တပ်ရင်းအတွင်းသို့ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(​ဖေ​ဖော်ဝါရီ ၂၂ ရက်က ​နေပြည်​တော်ရှိစစ်ကောင်စီ၏လေကြောင်းရန်ကာကွယ်ရေးတပ်ဝန်း ကိုတာ​ဝေးပစ်လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်စဥ်။ဓါတ်ပုံ-NPT-PDF)
(​ဖေ​ဖော်ဝါရီ ၂၂ ရက်က ​နေပြည်​တော်ရှိစစ်ကောင်စီ၏လေကြောင်းရန်ကာကွယ်ရေးတပ်ဝန်း ကိုတာ​ဝေးပစ်လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်စဥ်။ဓါတ်ပုံ-NPT-PDF)

▪︎စစ်တန်းလျားနှင့်လက်နက်တိုက်အနီးကျရောက်ပေါက်ကွဲ

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ ခြေမြန်တပ်ရင်းတစ်ခုကို တာဝေးပစ်လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – နေပြည်တော်(NPT-PDF)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ယမန်နေ့ (မတ် ၁၃ ရက်နေ့)ည ၇ နာရီခန့်က နေပြည်တော် လယ်ဝေးမြို့နယ်အခြေစိုက် အောင်နန်းချိုရွာအနီးရှိ အမှတ် (၆၀၄)ခြေမြန်တပ်ရင်းအတွင်းသို့ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း (၆၀၄)တပ်ဝန်းအတွင်းရှိ စစ် တန်းလျားအား လက်နက်ကြီးတစ်လုံး တိုက်ရိုက်ထိမှန်ပြီး တစ်လုံးမှာ လက်နက်တိုက်အနီးကျရောက်ပေါက်ကွဲကာ ကျန်နှစ်လုံးမှာ တပ်တွင်းကျောင်းခြံစည်းရိုးပေါ်နှင့် တပ်ရှေ့ကျောက်ကွင်းတို့တွင် ကျရောက်ပေါက်ကွဲသွားကြောင်း NPT-PDF မှ တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးဝန်း ကျင်ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ၁၀ ချက်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန် ရေးရဲဘော်များနှင့် ဒေသခံပြည်သူများအထိအခိုက်မရှိခဲ့ဟု ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

“ကျွန်​တော်တို့က ​မြေပိုင်ထားပြီးသားဖြစ်လို့စစ်ကိုနိုင်​အောင်တိုက်နိုင်ပါတယ်လို့​ပြောချင်ပါတယ်။ ​နေပြည်​တော်ဟာ ပြည်သူအားလုံးလိုချင်​နေတဲ့​ နွေဦး​အောင်ပွဲပါ။ အဲ့အတွက် လုံခြုံ​ရေးတင်းကျပ်သည့်ကြားကရ​အောင်​တော်လှန်ပြီး ပြည်သူ့​အောင်ပွဲယူ​ဆောင်​ပေးသွားပါမယ်”ဟု NPT-PDF မှ တာဝန်ရှိသူက ပြည်သူလူထုထံ သတင်းစကားပါးသည်။

လက်ရှိအခြေအနေတွင် ယနေ့( မတ် ၁၄ ရက်)မနက်ပိုင်းမှစပြီး စစ်ကောင်စီတပ်က တပ်အဝင်အထွက်ပိတ်ထားပြီး အောင်နန်းချိုရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာများသို့ ဝင်ရောက်ရှာဖွေစစ်ဆေးမှုများရှိနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်ကလည်း ​နေပြည်​တော်ရှိစစ်ကောင်စီလေကြောင်းရန်ကာကွယ်ရေးတပ်ဝန်းအတွင်းသို့ NPT-PDF တပ်ဖွဲ့ဝင်များက တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဖေဖော်ဝါရီ နောက်ဆုံးပတ်နှင့် ယခု မတ်လဆန်းတို့တွင် NUG ကာကွယ်ရေးဝန်ကြီးဌာန မြို့ပြအထူးစစ်ဆင်ရေးဌာနအောက်ရှိ UG ရဲဘော်များက ​နေပြည်​တော်ရှိ စစ်ရေးပစ်မှတ်လေးခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook