Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော် စစ်ကောင်စီတပ်ရင်းတစ်ခုကို PDFကအဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ယမန်နေ့ (မတ် ၁၃ ရက်နေ့)ည ၇ နာရီခန့်က နေပြည်တော် လယ်ဝေးမြို့နယ်အခြေစိုက် အောင်နန်းချိုရွာအနီးရှိ အမှတ် (၆၀၄)ခြေမြန်တပ်ရင်းအတွင်းသို့ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(​ဖေ​ဖော်ဝါရီ ၂၂ ရက်က ​နေပြည်​တော်ရှိစစ်ကောင်စီ၏လေကြောင်းရန်ကာကွယ်ရေးတပ်ဝန်း ကိုတာ​ဝေးပစ်လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်စဥ်။ဓါတ်ပုံ-NPT-PDF)
(​ဖေ​ဖော်ဝါရီ ၂၂ ရက်က ​နေပြည်​တော်ရှိစစ်ကောင်စီ၏လေကြောင်းရန်ကာကွယ်ရေးတပ်ဝန်း ကိုတာ​ဝေးပစ်လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်စဥ်။ဓါတ်ပုံ-NPT-PDF)

▪︎စစ်တန်းလျားနှင့်လက်နက်တိုက်အနီးကျရောက်ပေါက်ကွဲ

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ ခြေမြန်တပ်ရင်းတစ်ခုကို တာဝေးပစ်လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – နေပြည်တော်(NPT-PDF)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ယမန်နေ့ (မတ် ၁၃ ရက်နေ့)ည ၇ နာရီခန့်က နေပြည်တော် လယ်ဝေးမြို့နယ်အခြေစိုက် အောင်နန်းချိုရွာအနီးရှိ အမှတ် (၆၀၄)ခြေမြန်တပ်ရင်းအတွင်းသို့ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း (၆၀၄)တပ်ဝန်းအတွင်းရှိ စစ် တန်းလျားအား လက်နက်ကြီးတစ်လုံး တိုက်ရိုက်ထိမှန်ပြီး တစ်လုံးမှာ လက်နက်တိုက်အနီးကျရောက်ပေါက်ကွဲကာ ကျန်နှစ်လုံးမှာ တပ်တွင်းကျောင်းခြံစည်းရိုးပေါ်နှင့် တပ်ရှေ့ကျောက်ကွင်းတို့တွင် ကျရောက်ပေါက်ကွဲသွားကြောင်း NPT-PDF မှ တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးဝန်း ကျင်ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ၁၀ ချက်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန် ရေးရဲဘော်များနှင့် ဒေသခံပြည်သူများအထိအခိုက်မရှိခဲ့ဟု ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

“ ကျွန်​တော်တို့က ​မြေပိုင်ထားပြီးသားဖြစ်လို့စစ်ကိုနိုင်​အောင်တိုက်နိုင်ပါတယ်လို့​ပြောချင်ပါတယ်။ ​နေပြည်​တော်ဟာ ပြည်သူအားလုံးလိုချင်​နေတဲ့​ နွေဦး​အောင်ပွဲပါ။ အဲ့အတွက် လုံခြုံ​ရေးတင်းကျပ်သည့်ကြားကရ​အောင်​တော်လှန်ပြီး ပြည်သူ့​အောင်ပွဲယူ​ဆောင်​ပေးသွားပါမယ်” ဟု NPT-PDF မှ တာဝန်ရှိသူက ပြည်သူလူထုထံ သတင်းစကားပါးသည်။

လက်ရှိအခြေအနေတွင် ယနေ့( မတ် ၁၄ ရက်)မနက်ပိုင်းမှစပြီး စစ်ကောင်စီတပ်က တပ်အဝင်အထွက်ပိတ်ထားပြီး အောင်နန်းချိုရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာများသို့ ဝင်ရောက်ရှာဖွေစစ်ဆေးမှုများရှိနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်ကလည်း ​နေပြည်​တော်ရှိစစ်ကောင်စီလေကြောင်းရန်ကာကွယ်ရေးတပ်ဝန်းအတွင်းသို့ NPT-PDF တပ်ဖွဲ့ဝင်များက တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဖေဖော်ဝါရီ နောက်ဆုံးပတ်နှင့် ယခု မတ်လဆန်းတို့တွင် NUG ကာကွယ်ရေးဝန်ကြီးဌာန မြို့ပြအထူးစစ်ဆင်ရေးဌာနအောက်ရှိ UG ရဲဘော်များက ​နေပြည်​တော်ရှိ စစ်ရေးပစ်မှတ်လေးခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီ ရွေးကောက်ပွဲ မဲစာရင်းစစ်ဆေးသူနဲ့ သတင်းပေး (ဒလန်)လုပ်နေသူတွေရဲ့နေအိမ်တွေအထိ လိုက်လံသတိပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နတ်စစ်သည်က ထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။