Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်သို့စစ်ကြောင်းထိုးလာ​သောစစ်တပ်ကို PDFတပ်​ပေါင်းစုတိုက်ခိုက်ရာအထိနာ၍ ပြန်ဆုတ်သွား

စစ်​ကောင်စီစစ်ကြောင်းသည် ကျေးရွာအတွင်းဝင်ရောက်ပြီး နေအိမ်နှစ်လုံးနှင့် ဆိုင်ကယ်များအပါအဝင်ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့၍ ဒေသတွင်း မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(​ပေါက်မြို့နယ်မှ PDFတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-People's Spring)
(​ပေါက်မြို့နယ်မှ PDFတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-People's Spring)

▪︎စစ်တပ်မှ​သေဆုံးထိခိုက်မှုရှိသဖြင့် ရဟတ်ယာဥ်နှင့်ဖိုက်တာဂျက်အသုံးပြု​သော်လည်းPDFများထိခိုက်မှုမရှိ

ပေါက်မြို့နယ်အတွင်းစစ်​ကြောင်းထိုးလာ​၍ ပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးလာသော စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်​ရေးမဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ရာ အထိနာ၍စစ်ကြောင်း နောက်ပြန်ဆုတ်သွားကြောင်းပေါက်မြို့နယ်၊ သနပ်ပင်ဇင်းကျေးရွာကို အင်အား၁၀၀ဖြင့် မတ်၁၄ရက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို မတ် ၁၅ ရက်(ယမန့်​နေ့)နေ့က မဟာမိတ်တပ်ပေါင်းစု ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည်။ဝိုင်းဝန်းတိုက်ခိုက်ခံရ​သောစစ်တပ်စစ်​ကြောင်းသည် ယမန်​နေ့ညနေပိုင်းတွင် ၎င်းတို့ အထိုင်စခန်းကို ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်​ကြောင်းအနောက်ပိုင်းတိုင်းတပ်ရင်း (၇၀၃)မှတာဝန်ရှိသူက​ရှင်းပြသည်။

စစ်​ကောင်စီစစ်ကြောင်းသည် ကျေးရွာအတွင်းဝင်ရောက်ပြီး နေအိမ်နှစ်လုံးနှင့် ဆိုင်ကယ်များအပါအဝင်ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့၍ ဒေသတွင်း မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“ဒီဘက်ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ရောက်လာတာကို ကာကွယ်ရေးတပ်တွေက စုပေါင်းပြီးတိုက်ခိုက်ခဲ့တာပါ။သူတို့က ၇ ယောက်၈ယောက်လောက်ထိတယ်။ ဒါကြောင့် သူတို့ဘက် လေယာဉ်နဲ့ လာပစ်သွားတယ်”ဟု အနောက်ပိုင်းတပ်ရင်း ၇၀၃ တာဝန်ရှိသူကPeople’s Spring သတင်းဌာနသို့ပြောသည်။

ဒေသခံပြည်သူ့ကာကွ‌ယ်ရေးတပ်များ၏ တိုက်ခိုက်မှကြောင့်စစ်ကောင်စီစစ်ကြောင်းသည် သနပ်ပင်ဇင်းကျေးရွာမှ ၎င်းတို့အခြေစိုက်ရာ ပျူစောထီးကျေးရွာဖြစ်သည့် ကုက္ကိုလ်စုရွာကို မတ် ၁၅ရက် ညနေပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က နေ့လယ် ၁၂ နာရီခန့်က ရဟတ်ယာဉ်တစ်စီးဖြင့် ၇ကြိမ်လာရောက်ပစ်ခတ်ခဲ့ပြီး ၊ညပိုင်းတွင် ဖိုက်တာဂျက်​လေယာဥ်ဖြင့် ဗုံးကျဲ​သော်လည်း ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိကြောင်းပါဝင်တိုက်ခိုက်​နေသည် ရဲဘော်တစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။