Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းမြို့မှ NLD ပါတီဝင် ညီအစ်ကိုနှစ်ဦးကိုစစ်ကောင်စီက ထောင်ဒဏ်များချမှတ်

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်ခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးခံရခြင်းဟု မင်းကင်းမြို့ခံများက ပြောသည်။

(ကိုကျော်မင်းထွဋ်နဲ့ ကိုကျော်မင်းအောင်တို့ ညီအစ်ကိုနှစ်ဦးအား တွေ့ရစဉ်)
(ကိုကျော်မင်းထွဋ်နဲ့ ကိုကျော်မင်းအောင်တို့ ညီအစ်ကိုနှစ်ဦးအား တွေ့ရစဉ်)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင် ညီအစ်ကိုနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် (၁)နှစ်ခွဲခန့်အကြာတွင် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ဒေသတွင်း နိုင်ငံရေးနယ်ပယ်နှင့် လူမှုကူညီရေးလုပ်ငန်းများတွင် လူသိများသော မင်းကင်းမြို့နယ်မှ NLD ပါတီဝင် ကိုကျော်မင်းထွဋ်နှင့် ကိုကျော်မင်းအောင်တို့ကို စစ်ကောင်စီက မတ်လ ၁၆ရက်တွင် ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်သည်။

” ၅၀၅ ပုဒ်မရယ်၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေရယ်နဲ့ တရားစွဲခံရပြီး ထောင်ဒဏ်ချမှတ်လိုက်တာပါ။ ကိုကျော်မင်းထွဋ်က ၁၂နှစ်၊ ကိုကျော်မင်းအောင်က ၁၀နှစ်ပါ။ ညီအကိုနှစ်ယောက်စလုံးက ရဲရင့်ပြီးသတ္တိရှိကြသူတွေပါ”ဟု မင်းကင်းမြို့ခံတစ်ဦးက ပြောသည်။

(ကိုကျော်မင်းထွဋ်နဲ့ ကိုကျော်မင်းအောင်တို့ ညီအစ်ကိုနှစ်ဦးအား တွေ့ရစဉ်)
(ကိုကျော်မင်းထွဋ်နဲ့ ကိုကျော်မင်းအောင်တို့ ညီအစ်ကိုနှစ်ဦးအား တွေ့ရစဉ်)

ကိုကျော်မင်းထွဋ်နှင့် ကိုကျော်မင်းအောင်တို့ကို ၂၀၂၁ စက်တင်ဘာ ၆ရက်တွင် စစ်ကောင်စီက မုံရွာမြို့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ ညီအကိုနှစ်ဦးသည် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီကာလက NLD ပါတီစည်းရုံးရေးလုပ်ဆောင်ခဲ့သလို ကိုကျော်မင်းထွဋ်သည် NLDပါတီ၏ ဥပဒေအကြံပေးအနေဖြင့်လည်း လုပ်ဆောင်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်ခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးခံရခြင်းဟု မင်းကင်းမြို့ခံများက ပြောသည်။

ကိုကျော်မင်းထွဋ်သည် မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့်တာဝန်ယူတာဝန်ခံမှုဆိုင်ရာ မဟာမိတ် အဖွဲ့ (MATA)အဖွဲ့ဝင်ဖြစ်သော ဥရောပသမဂ္ဂသစ်တော ဥပဒေသက်ရောက်အာဏာတည်ရေး၊ စီမံအုပ်ချုပ်ရေးနှင့်ကူးသန်းရောင်းဝယ်ရေးသုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ (Forest Law Enforcement, Governance and Trade-FLEGT)၏အဖွဲ့ဝင် ဖြစ်သည်။

ထို့အပြင် ကိုကျော်မင်းထွဋ်သည် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု မင်းကင်းလွှတ်တော်အမတ်မောင်မြင့်အား ရွေးကောက်ပွဲ စည်းရုံးရေးတွင် အမုန်းစကားပြောဆိုမှုဖြင့်၂၀၂၀က တရားစွဲခဲ့သူဖြစ်သည်။

၎င်းတို့ ညီအစ်ကိုနှစ်ဦးသည် ထူးချွန်ထက်မြက် သူများဖြစ်၍ မင်းကင်းမောင်မြင့်တို့ဦးဆောင် သော စစ်ကောင်စီအုပ်စုက အညိုးတကြီး ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်းဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။