Connect with us

Hi, what are you looking for?

သတင်း

ပေါက်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးသတ်ဖြတ်ပြီး ‌ခြောက်ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးထား

မတ်လ ၁၇ရက်ကလည်း ပခုက္ကူခရိုင်တပ်ရင်းတစ်ခုမှ တပ်ခွဲတစ်ခုကိုလည်း လေကြောင်းတိုက်ခိုက်မှုများဖြင့်အားယူပြီး မြေပြင်စစ်ကြောင်းများက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။ သို့သော် အဆိုပါ စခန်းမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

(ပေါက်မြို့နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - People's Spring)
(ပေါက်မြို့နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - People's Spring)

▪️ဒေသခံပြည်သူ ၃,၀၀၀ကျော် စစ်ဘေးတိမ်းရှောင် နေရ

မကွေးတိုင်း ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဒေသခံပြည်သူနှစ်ဦး သတ်ဖြတ်သွားပြီး ခြောက်ယောက်ကို ဓားစာခံအဖြစ်ဖမ်းဆီးထားကြောင်း ဒေသကာကွယ်ရေးတပ်များနှင့် ဒေသခံပြည်သူများထံမှ သတင်းရရှိ သည်။

အင်အား ၁၀၀ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ပေါက်မြို့နယ်မြောက်ပိုင်းရှိ သနပ်ပင်ဇင်း၊ အင်းတိမ်၊ တင်ငုတ်ပြင်၊ ညောင်ရေတဲ၊ ညောင်ပင်တိုက်၊ ရေထွက်ကြီး၊ ထောက်ရှာပင်နှင့် ကန်နက်ကျေးရွာတို့ကို မတ်လ၁၄ ရက်ကတည်းက ဦးတည်ပြီး စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းသည် သနပ်ပင်ဇင်းကျေးရွာမှ ပြည်သူတစ်ဦးနှင့် တင်ငုတ်ပြင်ရွာမှ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကို ပစ်သတ်ခဲ့သည်ဟု ‌ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

“ကန်နက်ရွာအဝင်မှာ မိုင်းဆွဲလိုက်လို့ စခ(စစ်ကောင်စီတပ်)ဘက် လေး၊ငါးလောက်လောက်ထိသွားတယ်။ ထိပြီးလို့ သရက်ကန်(ပျူစောထီး)ရွာထဲကိုဝင်သွားတယ်”ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစစ်ကြောင်းသည် ရေထွက်ကြီးရွာနှင့်ညောင်ရေတဲကျေးရွာများမှ အပြစ်မဲ့ပြည်သူခြောက်ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးထားကြောင်းလည်း သိရသည်။ ယင်းစစ်ကြောင်းသည် မတ်လ ၁၈ရက်က ညပိုင်းက သရက်ကန်ကျေးရွာကို စခန်းချရပ်နားနေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းကြောင့် ဒေသခံပြည်သူ ၃,၀၀၀ကျော်မှ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

မတ်လလယ်မှစတင်ပြီး စစ်ကောင်စီတပ်များသည် ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သည့် ပေါက်နှင့် မြိုင်မြို့နယ်တို့ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည်။

လက်ရှိ ပခုက္ကူခရိုင်အတွင်းကို စစ်ကောင်စီက အင်တာနက်လိုင်းနှင့် လျှပ်စစ်မီး ဖြတ်တောက်ထားသည်ဟု ဒေသခံများက ပြောသည်။

မတ်လ ၁၇ရက်ကလည်း ပခုက္ကူခရိုင်တပ်ရင်းတစ်ခုမှ တပ်ခွဲတစ်ခုကိုလည်း လေကြောင်းတိုက်ခိုက်မှုများဖြင့်အားယူပြီး မြေပြင်စစ်ကြောင်းများက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။ သို့သော် အဆိုပါ စခန်းမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။