Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့အရေး အတူတကွဖြေရှင်းရန် ပျက်ကွက်ပါက ပြင်ပအင်အားကြီးနိုင်ငံများ ကြားဝင်နိုင်မည့် အန္တရာယ်ရှိနေဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး သတိပေး

အာဆီယံသည် မြန်မာ့အရေးကို အတူတကွဖြေရှင်းရန် ပျက်ကွက်ပါက ပြင်ပအင်အားကြီးနိုင်ငံများ ကြားဝင်နိုင်မည့် အန္တရာယ်ရှိနေကြောင်း မလေးရှားလွှတ်တော်သို့ အထက်ပါဝန်ကြီးက ဖြေကြားရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ဒေသတွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းရန် မြန်မာ့အရေးကို အာဆီယံအနေဖြင့် သတိဥာဏ်ပညာဖြင့် ဆက်လက်ကြိုးပမ်းဖြေရှင်းသင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir က ယနေ့ ပြောကြားသည်။

အာဆီယံသည် မြန်မာ့အရေးကို အတူတကွဖြေရှင်းရန် ပျက်ကွက်ပါက ပြင်ပအင်အားကြီးနိုင်ငံများ ကြားဝင်နိုင်မည့် အန္တရာယ်ရှိနေကြောင်း မလေးရှားလွှတ်တော်သို့ အထက်ပါဝန်ကြီးက ဖြေကြားရှင်းလင်းခဲ့ခြင်းဖြစ်သည်။

“အာဆီယံလမ်းကြောင်းကနေ ကျွန်တော်တို့ မဖြေရှင်းနိုင်ဘူးဆိုရင် အာဆီယံဒေသတွင်းသာမက မြန်မာကို ကြိုးစားဝင်ရောက်မယ့် နိုင်ငံအချို့ရဲ့ ကြိုးပမ်းမှုတွေကြောင့် ပြဿနာဖန်တီးသလိုဖြစ်ပါလိမ့်မယ်။ ဒါဟာ ဒေသတွင်းမှာ ပထဝီနိုင်ငံရေးအရ ထိန်းချုပ်နိုင်ဖို့ ပြိုင်ပွဲဆီ ဦးတည်နေပါတယ်”ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ထို့ကြောင့် မြန်မာ့အရေးကို အာဆီယံနည်းလမ်းဖြင့် ချဥ်းကပ်ဆောင်ရွက်သင့်ပြီး အာဆီယံနိုင်ငံများ၏ ဆွေးနွေးညှိနှိုင်းမှုမရှိဘဲ တစ်နိုင်ငံတည်းက ဆောင်ရွက်ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

မလေးရှားလွှတ်တော်အမတ် Ahmad Fayhsal က မလေးရှားအစိုးရအနေဖြင့် မြန်မာ့အရေး ဖြေရှင်းရာတွင် ပြင်းထန်ထိရောက်သည့် လုပ်ဆောင်ရန် ရှိ မရှိသိရှိလိုကြောင်း နောက်ဆက်တွဲမေးခွန်း အပေါ် နိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

မကြာသေးမီက မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က မြန်မာကို (အာာဆီယံမှ)ဖယ်ထုတ်ရေးအဆိုပြုချက်အပေါ် လွှတ်တော်အမတ် Dr Dzulkefly က နောက်ဆက်တွဲမေးခွန်းထုတ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးက အာဆီယံမှ ဖယ်ထုတ်ရန် မဆိုလိုကြောင်း ရှင်းလင်းသည်။

ကိုးကား – Bernama

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။