Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး အတူတကွဖြေရှင်းရန် ပျက်ကွက်ပါက ပြင်ပအင်အားကြီးနိုင်ငံများ ကြားဝင်နိုင်မည့် အန္တရာယ်ရှိနေဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး သတိပေး

အာဆီယံသည် မြန်မာ့အရေးကို အတူတကွဖြေရှင်းရန် ပျက်ကွက်ပါက ပြင်ပအင်အားကြီးနိုင်ငံများ ကြားဝင်နိုင်မည့် အန္တရာယ်ရှိနေကြောင်း မလေးရှားလွှတ်တော်သို့ အထက်ပါဝန်ကြီးက ဖြေကြားရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ဒေသတွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းရန် မြန်မာ့အရေးကို အာဆီယံအနေဖြင့် သတိဥာဏ်ပညာဖြင့် ဆက်လက်ကြိုးပမ်းဖြေရှင်းသင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir က ယနေ့ ပြောကြားသည်။

အာဆီယံသည် မြန်မာ့အရေးကို အတူတကွဖြေရှင်းရန် ပျက်ကွက်ပါက ပြင်ပအင်အားကြီးနိုင်ငံများ ကြားဝင်နိုင်မည့် အန္တရာယ်ရှိနေကြောင်း မလေးရှားလွှတ်တော်သို့ အထက်ပါဝန်ကြီးက ဖြေကြားရှင်းလင်းခဲ့ခြင်းဖြစ်သည်။

“အာဆီယံလမ်းကြောင်းကနေ ကျွန်တော်တို့ မဖြေရှင်းနိုင်ဘူးဆိုရင် အာဆီယံဒေသတွင်းသာမက မြန်မာကို ကြိုးစားဝင်ရောက်မယ့် နိုင်ငံအချို့ရဲ့ ကြိုးပမ်းမှုတွေကြောင့် ပြဿနာဖန်တီးသလိုဖြစ်ပါလိမ့်မယ်။ ဒါဟာ ဒေသတွင်းမှာ ပထဝီနိုင်ငံရေးအရ ထိန်းချုပ်နိုင်ဖို့ ပြိုင်ပွဲဆီ ဦးတည်နေပါတယ်”ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ထို့ကြောင့် မြန်မာ့အရေးကို အာဆီယံနည်းလမ်းဖြင့် ချဥ်းကပ်ဆောင်ရွက်သင့်ပြီး အာဆီယံနိုင်ငံများ၏ ဆွေးနွေးညှိနှိုင်းမှုမရှိဘဲ တစ်နိုင်ငံတည်းက ဆောင်ရွက်ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

မလေးရှားလွှတ်တော်အမတ် Ahmad Fayhsal က မလေးရှားအစိုးရအနေဖြင့် မြန်မာ့အရေး ဖြေရှင်းရာတွင် ပြင်းထန်ထိရောက်သည့် လုပ်ဆောင်ရန် ရှိ မရှိသိရှိလိုကြောင်း နောက်ဆက်တွဲမေးခွန်း အပေါ် နိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

မကြာသေးမီက မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က မြန်မာကို (အာာဆီယံမှ)ဖယ်ထုတ်ရေးအဆိုပြုချက်အပေါ် လွှတ်တော်အမတ် Dr Dzulkefly က နောက်ဆက်တွဲမေးခွန်းထုတ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးက အာဆီယံမှ ဖယ်ထုတ်ရန် မဆိုလိုကြောင်း ရှင်းလင်းသည်။

ကိုးကား – Bernama

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ လူနာတင် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ မလေးရှား အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ဆက်စပ်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ခဲ့ပါတယ်။