Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ရေးဂိတ်တစ်ခု တိုက်ခိုက်ခံရပြီး သုံးဦးသေဟုဆို

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူသုံးဦးနှင့် ဒဏ်ရာရသူများကို လူနာတင်ယာဥ်နှစ်စီးဖြင့် သယ်ဆောင်သွားပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက အသိပေးသည်။

(ဥသြစစ်ကြောင်းမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်)
(ဥသြစစ်ကြောင်းမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ ဘုရားမဲ စစ်ဆေးရေးဂိတ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကြောင်း PDF တပ်ပေါင်းစု ဥသြစစ်ကြောင်းက People’s Spring သတင်းဌာနသို့ ပြောသည်။

မတ်လ ၂၀ ရက် နေ့လယ် ၁ နာရီ ၁၅ခန့်က စစ်ကောင်စီတပ်၏ ဘုရားမဲစစ်ဆေးရေးဂိတ် အား ဥသြစစ်ကြောင်းနှင့်အတူ DGRF(ထားဝယ် ပ.က.ဖ)၊ ဧဒင်မှူးတပ်ဖွဲ့(ထားဝယ် ပ.က.ဖ)တို့ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လက်ဦးမှုယူ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အတူ စစ်တပ်စစ်ဆေးရေးဂိတ်မှ အင်အား (၃၀)ခန့်ရှိ စစ်ကောင်စီတပ်ဘပ်မှလည်း လက်နက်ကြီးများဖြင့် ပြန် လည်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်ချိန် ၁ နာရီခန့်ကြာမြင့်ကြောင်း ဥသြစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူသုံးဦးနှင့် ဒဏ်ရာရသူများကို လူနာတင်ယာဥ်နှစ်စီးဖြင့် သယ်ဆောင်သွားပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဥသြစစ်ကြောင်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်အား အလျဥ်းသင့်သလို စီးနင်းတိုက်ခိုက်ကာ စစ်ရေးအရှိန်မြှင့်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် သတိပေးချက်များအား လိုက်နာပြီး စစ်ကောင်စီတပ်များနှင့် ဝေးဝေးနေကြရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။