Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်ဝင်တိုက်

ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၁ နာရီခွဲခန့်က စစ်ကောင်စီတပ် ဘုရားမဲ စစ်ဆေးရေးဂိတ်အား ထားဝယ် – ပကဖ(DGRF)၊ Kawthoolei Army တပ်ဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်ဝင်တိုက်
ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်ဝင်တိုက်

▪️စစ်ကောင်စီတပ်မှ သုံးဦးသေဟုဆို

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီးရှိ စစ်ကောင်စီတပ်၏ ဘုရားမဲစစ်ဆေးရေးဂိတ်ကို မဟာမိတ်ညီနောင်များနှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သံမဏိပြောက် ကျားတပ်ဖွဲ့က ပြောသည်။

ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၁ နာရီခွဲခန့်က စစ်ကောင်စီတပ် ဘုရားမဲ စစ်ဆေးရေးဂိတ်အား ထားဝယ် – ပကဖ(DGRF)၊ Kawthoolei Army တပ်ဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ စီးနင်းရန် စီစဥ်ထားသော်လည်း ပစ်ခတ်မှုဧရီယာအတွင်း အပြစ်မဲ့ခရီးသွားပြည်သူများ ထိခိုက်မှုမရှိစေရန် လမ်း၏တစ်ဖက်တစ်ချက်မှ ဝင်ရောက်ခြင်းမပြုရန် တားမြစ်ထားသည့်တိုင် ပြည်သူတစ်ဦးထွက်လာ၍ သတင်းပေါက်ကြားခဲ့ကြောင်း သံမဏိတပ်ဖွဲ့က ပြောသည်။

“စခန်းဝိုင်းဖို့အနီးကပ်၀င်နေတဲ့အချိန် လူကြီးတစ်‌​ယောက် ရာဘာခြံထဲက‌ ပြေးထွက်သွားလို့ ပေါက်ကြားသွားတာပါ”ဟု သံမဏိတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် စစ်ကောင်စီဂိတ်စခန်းအား ဝင်ရောက်စီးနင်းမည့် မူလအစီအစဥ်အား ဖျက်သိမ်းကာ (၄၀)မမ ဗုံးသီးခြောက်လုံးဖြင့်သာ ဂိတ်အတွင်းသို့ ပစ်ခတ်ခဲ့ရပြီး စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ငါးဦးခိုက်သွားကြောင်း အထက်ပါရဲဘော်က ဆက်ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးဝန်းကျင်ကျေးရွာများဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook