Connect with us

Hi, what are you looking for?

သတင်း

ကော်သူးလေအတွင်းရှိ ကျေးရွာနှစ်ဆယ်ကျော် လေကြောင်းတိုက်ခိုက်မှုဆိုးဆိုးရွားရွားခံနေရ

ကေအဲန်ယူ ခလယ်လွီထူ(ညောင်လေးပင်) ခရိုင် တပ်မဟာ(၃)နယ်မြေ ဆောထိ(ရွှေကျင်)နှင့် လယ်ဒို(ကျောက်ကြီး)မြို့နယ်တွင် မတ်လ(၂၀)ရက် ညနေပိုင်းက တိုက်လေယာဉ်နှင့်(၉)ကြိမ်ခန့် လာရောက်ခဲ့ပြီး ဗုံး(၂၈)လုံးထက်မနည်း ကြဲချခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော်သူးလေအတွင်းရှိ ကျေးရွာနှစ်ဆယ်ကျော် လေကြောင်းတိုက်ခိုက်မှုဆိုးဆိုးရွားရွားခံနေရ
ကော်သူးလေအတွင်းရှိ ကျေးရွာနှစ်ဆယ်ကျော် လေကြောင်းတိုက်ခိုက်မှုဆိုးဆိုးရွားရွားခံနေရ

ကော်သူးလေအုပ်ချုပ်နယ်မြေ ဆောထိနှင့် လယ်ဒိုမြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ မီးလောင်ပြာကျခဲ့ပြီး ဒေသခံ (၃၀၀၀)ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်သည်။

ကေအဲန်ယူ ခလယ်လွီထူ(ညောင်လေးပင်) ခရိုင် တပ်မဟာ(၃)နယ်မြေ ဆောထိ(ရွှေကျင်)နှင့် လယ်ဒို(ကျောက်ကြီး)မြို့နယ်တွင် မတ်လ(၂၀)ရက် ညနေပိုင်းက တိုက်လေယာဉ်နှင့်(၉)ကြိမ်ခန့် လာရောက်ခဲ့ပြီး ဗုံး(၂၈)လုံးထက်မနည်း ကြဲချခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေအဲန်ယူ-ဆောထိမြို့နယ် အုပ်ချုပ်နယ်မြေ တကက်ပူကျေးရွာတွင် လည်း တိုက်လေယာဉ်နှစ်စီးနှင့် (၅)ကြိမ်လာရောက်ခဲ့ပြီး ဗုံးအလုံး (၂၀) ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ရာ တကက်ပူးကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများဖြစ်သည့် သေခိုစယ်ဒဲ၊ ကော်မူးဒဲနှင့် ထီးမော်ကွယ်ခီးကျေးရွာများမှ ဒေသခံပြည်သူလူထုများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။

ထို့အတူ ကေအဲန်ယူ-လယ်ဒိုမြို့နယ် တကော်ဒဲကျေးရွာတွင်လည်း စစ်ကောင်စီတပ်၏ တိုက်လေယာဉ်နှစ်စီးသည် ဗုံး(၈)လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူလူထုနေအိမ်(၅)လုံးနှင့် မူလတန်းကျောင်းတစ်ကျောင်း မီးလောင်ပြာကျသွားခဲ့ရပြီး သက်ကြီးရွယ်အိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည် ကေအဲန်ယူက ထုတ်ပြန်ပြောကြားသည်။

Public Service Announcement

Public Service Announcement

ထို့သို့ စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင်း ကေအဲန်ယူ-ဆောထိမြို့နယ်နှင့် လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၀)ခန့်က ဒေသခံပြည်သူလူထု(၃၁၅၉)ဦးသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

ကေအဲန်ယူ-ဆောထိမြို့နယ်နှင့် လယ်ဒိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ(၃) လက်အောက်ခံတပ်ဖွဲ့ဝင်များ ယခု မတ်လအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားအပေါ် ပစ်မှတ်ထားတိုက်ခိုက်သည့် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ထိုးစစ်ဆင်မှုကြောင့် အရပ်သားပြည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတချို့ကို စစ်တပ်က ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။