Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်တွင် ပအဖ ဦး​ဆောင်၍ ရှစ်မိုင်​ကျော်ရှည်​သောကိုယ်ထူကိုယ်ထလမ်း​ဖောက်လုပ်

မုန်းချောင်းအရှေ့ဖက်ခြမ်းနှင့်အနောက်ဖက်ခြမ်းကို ဆက်သွယ်ထားပြီး ကန်ပက်လက်မှ မင်းတပ်သို့သွားနိုင်မည့်လမ်းကို ယခုလ(မတ်လ)အတွင်း ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(လက်ရှိတွင် ဆိုင်ကယ်သွားလာနိုင်ပြီး ​နောင်တွင် ကားများ​မောင်းနှင်နိုင်ရန် တိုးချဲ့မည်ဟုတာဝန်ရှိသူက​ပြောသည်။ ဓါတ်ပုံ-ကန်ပက်လက် ပအဖ)
(လက်ရှိတွင် ဆိုင်ကယ်သွားလာနိုင်ပြီး ​နောင်တွင် ကားများ​မောင်းနှင်နိုင်ရန် တိုးချဲ့မည်ဟုတာဝန်ရှိသူက​ပြောသည်။ ဓါတ်ပုံ-ကန်ပက်လက် ပအဖ)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာရှစ်မိုင်နှစ်ဖာလုံအရှည်ရှိသည့် ပထမဆုံးသော ကိုယ်ထူကိုယ်ထလမ်း ဖောက်လုပ်ခဲ့ကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF-ကန်ပက်လက် တပ်မဟာမှုးက ပြောသည်။

မုန်းချောင်းအရှေ့ဖက်ခြမ်းနှင့်အနောက်ဖက်ခြမ်းကို ဆက်သွယ်ထားပြီး ကန်ပက်လက်မှ မင်းတပ်သို့သွားနိုင်မည့်လမ်းကို ယခုလ(မတ်လ)အတွင်း ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

CDF Kanpetlet တပ်မဟာမှုးဆလိုင်းထွန်းလိန်းထန်းက “ဒီလမ်းကကိုယ်ထူကိုယ်ထလမ်းပထမဆုံးပါပဲ။ စက်မသုံးနိုင်တဲ့အ‌ခြေအနေတွေမှာ ဆိုင်ကယ်တွေသွားလို့ရအောင် ကြိုးစားခဲ့တယ်။ နောက်ပိုင်းမှာ ကား‌တွေသွားလို့ရအောင်၊ ပစ္စည်းတွေကဲ့သယ်လို့ရအောင် လုပ်ခဲ့ကြတယ်” ဟု People’s Spring သတင်းဌာနသို့ပြောသည်။

အဆိုပါလမ်းသည် နောင်တစ်ချိန်တွင် ဒေသတွင်းအဓိကသွားလာရေးတွင်အသုံးပြုမည့်လမ်းပိုင်းဖြစ်လာနိုင်သည်ဟု ၎င်းက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ကန်ပက်လက်မြို့နယ်၏ အရှေ့နှင့်အနောက်ခြမ်းကို အဓိကဆက်သွယ်ထားသည့် ကျင်ဒွေးလမ်းပိုင်းကို စစ်ကောင်စီတပ်က၂၀၂၁ ခုနှစ်ကတည်းက ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူများ သွားလာရေးနှင့်စားဝတ်နေရေး အပြင်လူမှုရေးအခက်အခဲများ ကြုံတွေ့နေရသည်မှာ ၂ နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး ယင်းအခက်အခဲများပြေလည်စေရန် ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ကိုယ်ထူကိုယ်ထလမ်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၄ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

လမ်းဖောက်လုပ်နိုင်ခဲ့ခြင်းမှာဒေသခံပြည်သူများ၏ ငွေကြေးနှင့် လုပ်အားပါဝင်မှု၊ပြည်ပရောက်နေသူများ၏ဖေးမကူညီမှုနှင့် အခြားအဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုများဖြင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေး-သတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြန်ငြိမ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။