Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်တွင် စစ်အုပ်စုအား သုံးကြိမ်တိုင် တိုက်ခိုက်

ကိုင်းတောမရဲစခန်းနှင့် စက်မှု(၂)ကြားတွင် မြိုင်မှထွက်လာသော စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာတွင် ကင်းပုန်း၏ အငိုက်ဖမ်းပစ်ခက်မှုကြောင့် တပ်ရင်း၁ မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း မြိုင်(ပကဖ)ခေါင်းဆောင်က ပြောသည်။

တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော မိုင်းများအား တွေ့ရစဥင်္ ဓာတ်ပုံ-မြိုင်(ပကဖ)
တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော မိုင်းများအား တွေ့ရစဥင်္ ဓာတ်ပုံ-မြိုင်(ပကဖ)

▪️စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေပြီး ရဲဘော်တစ်ဦး ကျဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရဲစခန်းနှင့် ပျူစောထီးစခန်းကြားရှိ ကင်းပုန်းဝပ်စစ်ကောင်စီတပ် သားများနှင့် ယာဥ်များအား သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ ၅ဦးထက်မနည်း သေဆုံးပြီး ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ဗိုလ်လယျာ်က ပြောကြားသည်။

ယမန်နေ့ (မတ်လ ၂၂ ရက်) နံနက် ၆နာရီခန့်က မြိုင်မြိုင်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ တပ်ရင်း၁ ၊ တပ်ခွဲ(၁)နှင့် တပ်ခွဲ – ၄ (စကြာ်)တို့ပူးပေါင်း ၍ ကိုင်းတောမရဲစခန်းနှင့် သရက်ကန် ပျူစခန်းကြားတွင် ကင်းပုန်းဝပ်ရန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ငါးဦးလုံး သေဆုံးနိုင်ကြောင်း ဗိုလ်လယျာ်က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ် ပြည်သူ့ကာကွာရေးတပ်ဖွဲ့တပ်ရင်း (၁) ၊ တပ်ခွဲ (၁)၊တပ်ခွဲ (၂ ) (ဂဠုန်) ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ယမန်နေ့ နံနက် ၁၀နာရီခန့်တွင်လည်း သရက်ကန်ပျူစခန်းမှ ထွက်လာသော စစ်ကောင်စီ၏ FAWကား တစ်စီးအား သရက်ကန်ပျူစခန်းနှင့် တွင်းမပျူစခန်းကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ FAWကားမှာ ပျက်စီးသွားပြီး ထိခိုက်မှုအခြေအနေ စုံစမ်းနေကြောင်း မြိုင်ပကဖအဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ကိုင်းတောမရဲစခန်းနှင့် စက်မှု(၂)ကြားတွင် မြိုင်မှထွက်လာသော စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာတွင် ကင်းပုန်း၏ အငိုက်ဖမ်းပစ်ခက်မှုကြောင့် တပ်ရင်း၁ မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း မြိုင်(ပကဖ)ခေါင်းဆောင်က ပြောသည်။

“mission ၃ ခုလုံးက ရဲစခန်းတွေ ပျုစခန်းတွေနဲ့နီးတယ်။ တစ်မိုင်တောင်မကွာဘူး။ ရဲဘော်တစ်ယောက်ကျတဲ့ဖြစ်စဥ်မှာ မိုင်းခွဲပြီး ပြန်အဆုတ်မှာ ကင်းပုန်းတွေရဲ့ပစ်ခတ်တာကို ခံလိုက်ရတာပါ။ ကျတဲ့ရဲဘော်က အသက်၂၅ နှစ်ပဲ ရှိသေးတယ်။”ဟု ဗိုလ်လယျာ်က ပြောသည်။

မြိုင်မြို့နယ်တွင် စစ်ကောင်စီစခန်းများအပြင် ပျုရွာများကိုပါ တိုက်ခိုက်နေပြီး မတ်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များက သရက်ကွရွာပျူစခန်းကို နှစ်ရက်အတွင်း သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့​ရာ ပျူခေါင်းဆောင်နေအိမ်အပါအဝင် ပျူနေအိမ်များ ပျက်စီးခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။