Connect with us

Hi, what are you looking for?

သတင်း

ကျုံပျော်မြို့နယ်မှ အုပ်ချုပ်ရေးမှူးတစ်ဦးကို နန်းထိုက်အောင်စစ်ဆင်ရေးအရ ရှင်းလင်း

“မကြာခင်ကမှ အုပ်ချုပ်ရေးမှုး ခန့်ထားတာ။ အင်ဖျားနဲ့ လိန်ကုန်းရွာကြားက နတ်စင်နားမှာ သေနတ်နဲ့ အနီးကပ်ပစ်ရှင်းခဲ့တာ။”ဟု မတ်လ ၂၂ ရက် ညနေ၆ နာရီခန့်တွင် ပြုလုပ်ခဲ့သည့်စစ်ဆင်ရေး နှင့်ပတ်သက်၍ ပြောသည်။

နန်းထိုက်အောင်စစ်ဆင်ရေး
နန်းထိုက်အောင်စစ်ဆင်ရေး

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် အင်းဖျားအုပ်စုမှ အုပ်ချုပ်ရေးမှူးတစ်ဦးကို နန်းထိုက်အောင်စစ်ဆင်ရေးအနေဖြင့် ရှင်းလင်းခဲ့ကြောင်း အဆိုပါမြို့ပြပြောက်ကျား (KSTF) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“မကြာခင်ကမှ အုပ်ချုပ်ရေးမှုး ခန့်ထားတာ။ အင်ဖျားနဲ့ လိန်ကုန်းရွာကြားက နတ်စင်နားမှာ သေနတ်နဲ့ အနီးကပ်ပစ်ရှင်းခဲ့တာ။”ဟု မတ်လ ၂၂ ရက် ညနေ၆ နာရီခန့်တွင် ပြုလုပ်ခဲ့သည့်စစ်ဆင်ရေး နှင့်ပတ်သက်၍ ပြောသည်။

အဆိုပါအုပ်ချုပ်ရေးမှူးသည် ၂၀၂၁ ဇွန်လက ပြည်သူ ၁၇ ဦးအထိသေဆုံးခဲ့ကာ ပြည်သူ နှစ်ထောင်ကျော် စစ်ဘေးရှောင်ခဲ့ရသည့် လှေဆွဲရွာဖြစ်စဉ် ဖြစ်လာစေရန် သတင်းပေးတိုင်ကြားခဲ့သူဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဆန္ဒပြလူငယ်တွေ တတ်ကြွလှုပ်ရှားတွေကိုစောင့်ကြည့်ပြီး မြို့ကိုသတင်းပေးတယ်။သူ့ကြောင့် ခဏခဏ ခေါ်အစစ်ခံရတယ်။ တစ်ခုခုဆို လာဖမ်းခိုင်းမှာလို့ ခြိမ်းခြောက်သေးတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။