Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်ရှိ စစ်ရှောင်စခန်းများ နေရပ်ပြန်ရန် စစ်ကောင်စီ ဖိအားပေး

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးရှိ စစ်ရှောင်စခန်းများကို ရုတ်သိမ်းရန် စစ်ရှောင်စခန်းများအား အတင်းအကြပ်ဖိအားပေးလျက်ရှိသည်။

(ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသအတွင်းရှိ စစ်ရှောင်စခန်းများမှ နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Kachin News)
(ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသအတွင်းရှိ စစ်ရှောင်စခန်းများမှ နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Kachin News)

▪️နေရပ်မပြန်သည့် စစ်ရှောင်စခန်းများ ရွာအဖြစ် ပြောင်းလဲထားရှိမည်ဟု ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသအတွင်းရှိ စစ်ရှောင်စခန်းများကို ကျေးရွာအဖြစ် အမည် ပြောင်းလဲပြီး ဆက်လက်နေထိုင်ကြရန် စစ်ကောင်စီတပ်က အတင်းအကြပ်ပြောဆိုနေကြောင်း ကွတ်ခိုင်စစ်ရှောင်ပြည်သူများကို ကိုးကားပြီး ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ပြီးခဲ့သည့် မတ်လ ၁၄ရက်ကစပြီး စခန်းတာဝန်ခံများကိုခေါ်ယူပြီး စစ်ရှောင်စခန်းများ ဖျက်သိမ်းလိုက်ကြောင်းအသိပေးကာ စစ်ရှောင်ပြည်သူများ နေရပ်ကျေးရွာများသို့ ပြန်ရန်နှင့် နေရပ်ပြန်ရန် အဆင်မပြေသူများအနေဖြင့် လက်ရှိနေရာပင် ကျေးရွာတစ်ခုအဖြစ်နေထိုင်နိုင်ကြောင်း ပြောဆိုလာခြင်းဖြစ်သည်ဟု ဆိုသည်။

နေရပ်ပြန်ရန် အဆင်သင့်မဖြစ်သေးသည့် စစ်ရှောင်စခန်းများထဲ၌ နမ့်ဖက်ကာ KBCစစ်ရှောင်စခန်း ၊ အောင်သပြေ၊ မိုင်းယုလေး၊ ဆွတ်အောင်၊ လွယ်မူအာ စစ်ရှောင်စခန်းများ ပါဝင်သည်ဟုဆိုသည်။

(ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသအတွင်းရှိ စစ်ရှောင်စခန်းများမှ နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Kachin News)
(ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသအတွင်းရှိ စစ်ရှောင်စခန်းများမှ နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ – Kachin News)

အဆိုပါ သတင်းဖော်ပြချက်နှင့်ပတ်သက်ပြီး နမ့်ဖက်ကာ ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာ စခန်အချို့အား ကျေးရွာအမည်ပြောင်းလဲရန် အဆင်ပြေနိုင်သော်လည်း အချို့မှာ အဆင်မပြေဟု ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ဒီမှာက စစ်ရှောင်ကနှစ်ခုရှိတာ။ အောင်သပြေနဲ့ KBCနဲ့။ အောင်သပြေကတော့ ရွာနာမည်ပြောင်းလို့ရလောက်တယ်။ သူတို့က သီးသန့် ရပ်ကွက်လုပ်ပေးထားတာလေ။ မြေလွတ်မှာ တခါတည်း အိမ်သေးသေးလေးတွေဆောက်ပြီး လုပ်ပေးထားတာ။ ဘုရားကျောင်းကတော့ မရလောက်ဘူးထင်တယ်ဗျ။ သူတို့ဘုရားကျောင်းဝန်ကြီးထဲမှာမှ အဆောင်တန်းကြီး တဆက်တည်း ဆောက်ထားတာလေ။ သူတို့ကတော့ ရွာနာမည်မှည့်လို့မရလောက်ဘူး။ ပြန်ဖို့ဆိုတာကလည်း ခက်တော့ ခက်မှာပဲ”ဟု နမ့်ဖက်ကာ ဒေသခံက ပြောသည်။

(ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသအတွင်းရှိ စစ်ရှောင်စခန်းများမှ နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Kachin News)
(ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသအတွင်းရှိ စစ်ရှောင်စခန်းများမှ နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ – Kachin News)

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးရှိ စစ်ရှောင်စခန်းများကို ရုတ်သိမ်းရန် စစ်ရှောင်စခန်းများအား အတင်းအကြပ်ဖိအားပေးလျက်ရှိသည်။

ရခိုင်ဒေသ စစ်ရှောင်စခန်းများကိုလည်း စစ်ကောင်စီတပ်ကနေရပ်ပြန်ရန် ဖိအားပေးမှုများရှိသကဲ့သို့ ကချင်ဒေသစစ်ရှောင်စခန်းများကိုလည်း နေရပ်ပြန်ခိုင်းခြင်းများ ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။