Connect with us

Hi, what are you looking for?

သတင်း

တမူးမဟာမိတ်စခန်းတစ်ခုကိုစီးနင်း​သောစစ်တပ်အားပြန်လည်တိုက်ခိုက်၊ စစ်တပ်အထိနာသဖြင့်​လေ​ကြောင်းသုံး

ယနေ့ညနေ နောက်ဆုံးရရှိသောသတင်းများအရ စစ်ကောင်စီ၏လေကြောင်းရန်ကိုကြောက်လန့်၍ ဒေသခံများ ဘေးလွှတ်ရာထက်​ပြေးတိမ်းရှောင်နေရကြောင်း ​ဒေသခံအချို့က​ပြောသည်။

(တမူးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ကို​တွေ့ရစဥ်။ တမူးPDF)
(တမူးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ကို​တွေ့ရစဥ်။ တမူးPDF)

▪︎စစ်တပ်​သေဆုံးထိခိုက်မှုများ၊တမူးPDFတစ်ဦးကျဆုံးပြီး ၂ ဦးဒဏ်ရာရ

တမူးမြို့နယ်၊ ကွန်းတောင်းရွာမှ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီတပ်က ယနေ့နံနက်အစောပိုင်းတွင် ဝင်စီးနင်းရာ ​တော်လှန်​ရေးတပ်ဖွဲ့များက တန်ပြန်တိုက်ခိုက်သဖြင့် စစ်တပ်အထိနာသွား၍ စစ်တပ်က လေကြောင်းပစ်ကူအသုံးပြုခဲ့သည်။

” စစ်ခွေးတွေက စခန်းကို လာတိုက်တာ။ ကလေးတွေက ဆုတ်ပေးပြီးမှ ပြန်ထိုးစစ်ဆင်တာ စစ်ခွေးအလောင်း လေးလောင်းရတယ်။ဒဏ်ရာရလည်းများတယ်” ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

နံနက် ၇နာရီခန့်တွင် စစ်ကောင်စီက စတင်တိုက်ခိုက်ရာ ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆုတ်ခွာပေးခဲ့သည်။ ထို့နောက် PDF များကပြန်ပြီးထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီဘက်တွင် အထိနာသွားသလို တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

Public Service Announcement
Public Service Announcement

ထို့နောက်ယနေ့(မတ် ၂၃) ညနေ ၂နာရီခန့်တွင် စစ်ကောင်စီ ရဟတ်ယဉ်တစ်စီးက လေကြောင်းတဆင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သော်လည်း အထိအခိုက်မရှိကြောင်းသိရသည်။စခန်းကိုလည်းခတ္တဆုတ်ခွာ​ပေးပြီး ပြန်လည်တိုက်ခိုက်ရယူနိုင်၍

Public Service Announcement

Public Service Announcement

ကျဆုံးခြင်းလည်းမရှိကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ယနေ့ညနေ နောက်ဆုံးရရှိသောသတင်းများအရ စစ်ကောင်စီ၏လေကြောင်းရန်ကိုကြောက်လန့်၍ ဒေသခံများ ဘေးလွှတ်ရာထက်​ပြေးတိမ်းရှောင်နေရကြောင်း ​ဒေသခံအချို့က​ပြောသည်။

တမူးPDF တပ်ရင်း (၁) နှင့် တပ်ရင်း ( ၂ ) တို့သည် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ကာကွယ်​ရေးဝန်ကြီးဌာန လက်​အောက်မှ ခရိုင်တပ်ရင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၅ ရွာက နေအိမ်နဲ့ အဆောက်အအုံ ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။