Connect with us

Hi, what are you looking for?

သတင်း

တမူးမဟာမိတ်စခန်းတစ်ခုကိုစီးနင်း​သောစစ်တပ်အားပြန်လည်တိုက်ခိုက်၊ စစ်တပ်အထိနာသဖြင့်​လေ​ကြောင်းသုံး

ယနေ့ညနေ နောက်ဆုံးရရှိသောသတင်းများအရ စစ်ကောင်စီ၏လေကြောင်းရန်ကိုကြောက်လန့်၍ ဒေသခံများ ဘေးလွှတ်ရာထက်​ပြေးတိမ်းရှောင်နေရကြောင်း ​ဒေသခံအချို့က​ပြောသည်။

(တမူးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ကို​တွေ့ရစဥ်။ တမူးPDF)
(တမူးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ကို​တွေ့ရစဥ်။ တမူးPDF)

▪︎စစ်တပ်​သေဆုံးထိခိုက်မှုများ၊တမူးPDFတစ်ဦးကျဆုံးပြီး ၂ ဦးဒဏ်ရာရ

တမူးမြို့နယ်၊ ကွန်းတောင်းရွာမှ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီတပ်က ယနေ့နံနက်အစောပိုင်းတွင် ဝင်စီးနင်းရာ ​တော်လှန်​ရေးတပ်ဖွဲ့များက တန်ပြန်တိုက်ခိုက်သဖြင့် စစ်တပ်အထိနာသွား၍ စစ်တပ်က လေကြောင်းပစ်ကူအသုံးပြုခဲ့သည်။

” စစ်ခွေးတွေက စခန်းကို လာတိုက်တာ။ ကလေးတွေက ဆုတ်ပေးပြီးမှ ပြန်ထိုးစစ်ဆင်တာ စစ်ခွေးအလောင်း လေးလောင်းရတယ်။ဒဏ်ရာရလည်းများတယ်” ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

နံနက် ၇နာရီခန့်တွင် စစ်ကောင်စီက စတင်တိုက်ခိုက်ရာ ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆုတ်ခွာပေးခဲ့သည်။ ထို့နောက် PDF များကပြန်ပြီးထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီဘက်တွင် အထိနာသွားသလို တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

Public Service Announcement
Public Service Announcement

ထို့နောက်ယနေ့(မတ် ၂၃) ညနေ ၂နာရီခန့်တွင် စစ်ကောင်စီ ရဟတ်ယဉ်တစ်စီးက လေကြောင်းတဆင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သော်လည်း အထိအခိုက်မရှိကြောင်းသိရသည်။စခန်းကိုလည်းခတ္တဆုတ်ခွာ​ပေးပြီး ပြန်လည်တိုက်ခိုက်ရယူနိုင်၍

Public Service Announcement

Public Service Announcement

ကျဆုံးခြင်းလည်းမရှိကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ယနေ့ညနေ နောက်ဆုံးရရှိသောသတင်းများအရ စစ်ကောင်စီ၏လေကြောင်းရန်ကိုကြောက်လန့်၍ ဒေသခံများ ဘေးလွှတ်ရာထက်​ပြေးတိမ်းရှောင်နေရကြောင်း ​ဒေသခံအချို့က​ပြောသည်။

တမူးPDF တပ်ရင်း (၁) နှင့် တပ်ရင်း ( ၂ ) တို့သည် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ကာကွယ်​ရေးဝန်ကြီးဌာန လက်​အောက်မှ ခရိုင်တပ်ရင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပုဂံ၊ညောင်ဦးမြို့ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာရောက်မှာဖြစ်လို့ စစ်တပ်က မြို့ပေါ်မှာလုံခြုံရေးတင်းကြပ်နေပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတယ်လို့ အဲဒီဒေသတွင်းက တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

သတင်း

ခွန်စိုင်ယန်တိုက်ပွဲအဖမ်းခံရသည့် KIAအရာရှိကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဆေးကုသပေးဟန် ဝါဒဖြန့်ပြီး သတ်ဖြတ်

သတင်း

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံ၊ ညောင်ဦးမြို့နယ်တိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေ ထိခိုက်မှုများပြီး စစ်တပ်က ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေတယ်လို့ ညောင်ဦးမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး (၅)မိုင်ကျေးရွာကို စစ်ကောင်စီတပ်က သိမ်းပိုက်ရရှိသွားကြောင်း အဆိုပါဒေသတွင်းရှိ တော်လှန်ရေးရဲဘော်များက ပြောသည်။