Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး သုံးဦးသေ၊ ၁၀ဦးထက်မနည်းဒဏ် ရာရ

စစ်ကောင်စီက ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူလေးဦးလက်နက် ကြီးထိမှန် ဒဏ်ရာရကာ တစ်ဦးမှာ ပြင်းထန်ဒဏ် ရာရရှိခဲ့ကြောင်း BPDFက အသိပေးသည်။

(ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - BPDF)
(ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - BPDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးကာ ၁၀ဦးထက်မနည်းဒဏ်ရာရရှိကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့နောက်အထိနာခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာအနီးရှိ ရေနီပေါက်ရွာသား ခုနစ်ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးသွားပြီး ယနေ့အချိန်ထိ ပြန်မလွှတ်ပေးသေးဟု ယင်းအခြေအနေနှင့်ပတ်သက်ပြီး ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF)က ထုတ်ပြန်သည်။

“ဘောလခဲမြို့အထွက် ဖားဆောင်ကြား ရေနီပေါက် ကြိုးတံတားနားမှာ စောင့်တိုက်ခဲ့တာ”ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲမှာ မတ်လ ၁၆ရက် နံနက်ပိုင်းက စစ်ကြောင်းထိုးလာသည့် အင်အား ၁၂၀ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းကို ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယခုတိုက်ပွဲကို အလယ်ပိုင်းတိုင်းစစ်ဒေသတပ်ရင်းများဖြစ်သည့် အမှတ် (၁၁၀၁၊ ၁၁၀၂၊ ၁၁၀၄၊ ၁၁၀၆၊ ၁၁၀၇၊ ၁၁၀၈)၊ ဘော်လခဲ PDFနှင့် KNDF တပ်ရင်း (၂၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုမရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

စစ်ကောင်စီက ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူလေးဦးလက်နက် ကြီးထိမှန် ဒဏ်ရာရကာ တစ်ဦးမှာ ပြင်းထန်ဒဏ် ရာရရှိခဲ့ကြောင်း BPDFက အသိပေးသည်။

ယခုလဆန်းပိုင်းကစ၍ ကရင်နီဒေသအနှံ့ ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်မှာ အထိနာ နေပြီး ဒီးမော့ဆို ၊ ဖယ်ခုံ ၊မိုးဗြဲနှင့် ပင်လောင်းမြို့နယ်တိုက်ပွဲများ၌ သေဆုံးသူ ၄၀ဦးထက်မနည်းရှိပြီး စစ်ကောင်စီတပ်သားခြောက်ဦး အရှင်ဖမ်းမိထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။