Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အတွက်​ လေယာဥ်ဆီတင်သွင်းမှုနှင့်ဆက်စပ်​သောလူပုဂ္ဂိုလ်နှစ်ဦးနှင့်လုပ်ငန်း ၆ ခုကို အ​မေရိကန် ဒဏ်ခတ်အ​ရေးယူ

မတ် ၂၄ ရက်မှာ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လူပုဂ္ဂိုလ် ၂ ဦးနဲ့ လုပ်ငန်း ၆ ခုကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ကြောင်း​ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်က အရပ်သား ဧရိယာတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အခုလို အရေးယူ ပိတ်ဆို့မှု အသစ်တွေ သတ်မှတ်ခဲ့တာလို့လည်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဆိုပါတယ်။

(စစ်တပ်က ပြည်သူများကိုပါ မ​ရှောင် ဗုံးကျဲသတ်ဖြတ်ရာတွင်အဓိက အသုံးပြု​နေ​သောရုရှားထုတ် YAK-130 တိုက်​လေယာဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်တပ်က ပြည်သူများကိုပါ မ​ရှောင် ဗုံးကျဲသတ်ဖြတ်ရာတွင်အဓိက အသုံးပြု​နေ​သောရုရှားထုတ် YAK-130 တိုက်​လေယာဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

အ​မေရိကန်အစိုးရကစစ်ကောင်စီအတွက်လေယာဉ်ဆီတင်သွင်းမှုတွေကို အဓိကပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှု အဖြစ်လူပုဂ္ဂ်ုလ် ၂ ဦးနဲ့ လုပ်ငန်း ၆ ခုကိုထပ်မံဒဏ်ခတ်ပိတ်ဆို့အ​ရေးယူ​ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မတ် ၂၄ ရက်မှာ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လူပုဂ္ဂိုလ် ၂ ဦးနဲ့ လုပ်ငန်း ၆ ခုကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ကြောင်း​ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်က အရပ်သား ဧရိယာတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အခုလို အရေးယူ ပိတ်ဆို့မှု အသစ်တွေ သတ်မှတ်ခဲ့တာလို့လည်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဆိုပါတယ်။

အမေရိကန်က နာမည်ပျက် စာရင်းသွင်းပြီး အရေးယူ ပိတ်ဆို့မှုတွေ ခံရသူ လူပုဂ္ဂိုလ် ၂ ဦးကတော့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ခရိုနီတွေဖြစ်တဲ့ ထွန်းမင်းလတ်နဲ့ ဇနီးဖြစ်သူ ဝင်းမင်းစိုးတို့ပါပဲ။ ထွန်းမင်းလတ်ဟာ အမေရိကန်က ပိတ်ဆို့ အရေးယူထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နီးစပ်မှု ရှိသလို စစ်ဘက် အရာရှိဟောင်း တစ်ဦးရဲ့ သားဖြစ်တယ်လို့ ဘဏ္ဍာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူဟာ မြန်မာနိုင်ငံ အခြေစိုက် Star Sapphire ကုမ္ပဏီများအဖွဲ့နဲ့ Star Sapphire ကုန်သွယ်ရေး ကုမ္ပဏီ လီမိတက်တို့လို လုပ်ငန်းတွေကို ပိုင်ဆိုင်ထားပြီး ဒရုန်းတွေ၊ လေယာဉ် အစိတ်အပိုင်းတွေ အပါအဝင် စစ်လက်နက်တွေ ပြည်တွင်း တင်သွင်းမှုကို စီမံ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ ထွန်းမင်းလတ်ဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါး မှောင်ခိုမှု၊ ငွေကြေး ခဝါချမှုတွေနဲ့ ဖမ်းဆီး ခံထားရပြီး အမှုရင်ဆိုင်ဖို့ စောင့်နေပါတယ်။ ထိုင်းရဲတပ်ဖွဲ့က ထွန်းမင်းလတ်ကို ဖမ်းဆီးချိန်မှာ မင်းအောင်လှိုင် သားသမီးတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ဆက်နွှယ်တဲ့ မှတ်တမ်းမှတ်ရာတွေကိုပါ သိမ်းဆည်း ရမိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထွန်းမင်းလတ်ရဲ့ ဇနီးဖြစ်တဲ့ ဝင်းမင်းစိုးကတော့ Star Sapphire ကုန်သွယ်ရေး ကုမ္ပဏီ လီမိတက်နဲ့ စင်ကာပူ အခြေစိုက် Star Sapphire Group PTE. LTDတို့ကို ပူးတွဲ ပိုင်ဆိုင်ထားပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှု ခံရတဲ့ အဖွဲ့အစည်းတွေ စာရင်းမှာ Star Sapphire ဆက်စပ် လုပ်ငန်း ၃ ခုရဲ့ နာမည်တွေအပြင် စစ်ကောင်စီအတွက် လေယာဉ်ဆီတွေ တင်သွင်းနိုင်ရေး ကွန်ရက်မှာ ထဲထဲဝင်ဝင် ကူညီ ပံ့ပိုးနေတဲ့ Asia Sun Group ၊ Asia Sun Trading ကုမ္ပဏီလီမိတက်နဲ့ Cargo Link Petroleum Logistics ကုမ္ပဏီတို့ ပါဝင်လာတာ တွေ့ရပါတယ်။

၂၀၂၂ နှစ်ကုန်ပိုင်းက မြန်မာနိုင်ငံ အလယ်ပိုင်း လက်ယက်ကုန်း ကျေးရွာမှာ ကလေးငယ်တွေနဲ့ ဆရာမတွေ ရှိနေတဲ့ စာသင်ကျောင်း တစ်ခုကို လေကြောင်းကနေ တိုက်ခိုက်တာမျိုး၊ မြန်မာနိုင်ငံ မြောက်ပိုင်းက ကချင်ပြည်နယ်မှာ ဂီတ ဖျော်ဖြေပွဲ ကျင်းပနေချိန် ဗုံးကြဲ တိုက်ခိုက်လို့ လူ ၈၀ လောက် သေဆုံးတာမျိုးတွေကို စစ်ကောင်စီက လေယာဉ်တွေ အသုံးပြုပြီး ကျူးလွန်ခဲ့ကြောင်းလည်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ရေးသား ဖော်ပြထားခဲ့ပါတယ်။

“လက်ယက်ကုန်းရွာက ကလေးများနဲ့ အနမ့်ပါပြည်သူများအပါအဝင် စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ပြည်သူများအတွက်လေယာဥ်ဆီတင်ပို့၊ စုဆောင်း၊ ဖြန့်ဖြူးမှုနဲ့ဆက်စပ်နေတဲ့ လူနှစ်ဦးနဲ့ လုပ်ငန်း ခြောက်ခုကို အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့မှုစာရင်းထည်း ထည့်လိုက်ပါတယ်။စစ်အုပ်စုကိုလေယာဥ်ဆီတင်ပို့၊စုဆောင်း၊ ဖြန့်ဖြူးမှုလုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းတွေကိုလည်း အခုလိုလုပ်ဆောင်မယ်လို့ ထပ်မံသတိပေးထားပါတယ်။တရားမျှတမှုကို အပြည့်အဝမဟုတ်သေးသည့်တိုင်

အောင်တစုံတရာအထိပေးဆောင်နိုင်ခဲ့ပါတယ်” ဟုလူ့အခွင့်အ​ရေးဝန်ကြီး ဦး​အောင်မျိုးမင်းက​ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ