Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကန်ပက်လက်နယ် ရင်းကဲ – ကျင်ဒွေးလမ်းပိုင်း ယာယီပိတ်ထားဟု CDF အသိပေး

ကန်ပက်လက်မြို့နယ်အတွင်း ရင်းကဲ့ – ကျင်ဒွေး- မကွီးအိမ်နုးမြို့ကို အဓိကဆက်သွယ်ထားသော ယင်းလမ်းပိုင်းအား ယာယီပိတ်လိုက်ကြောင်းကို ချင်းကာကွယ်ရေးဖွဲ့ (ကန်ပက်လက်) CDF – Kanpetletက ယနေ့ (မတ်လ၂၆ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။

(ချင်းကာကွယ်ရေးဖွဲ့ (ကန်ပက်လက်) CDF – Kanpetletမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF)
(ချင်းကာကွယ်ရေးဖွဲ့ (ကန်ပက်လက်) CDF – Kanpetletမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF)

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း ရင်းကဲ – ကျင်ဒွေးလမ်းပိုင်းကို လတ်တလောကာလ လုံခြုံရေးအခြေအနေအရ ယာယီပိတ်ထားကြောင်း CDF – Kanpetletက သတင်းထုတ်ပြန်သည်။

ကန်ပက်လက်မြို့နယ်အတွင်း ရင်းကဲ့ – ကျင်ဒွေး- မကွီးအိမ်နုးမြို့ကို အဓိကဆက်သွယ်ထားသော ယင်းလမ်းပိုင်းအား ယာယီပိတ်လိုက်ကြောင်းကို ချင်းကာကွယ်ရေးဖွဲ့ (ကန်ပက်လက်) CDF – Kanpetletက ယနေ့ (မတ်လ၂၆ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။

“လုံခြုံရေးအခြေအနေတခုကြောင့်ပါ”ဟု CDF – ကန်ပက်လက် တပ်မဟာမှူး ဆလိုင်းထွန်းလိန်းထန်းက ပြောသည်။

ရင်းကဲ – ကျင်ဒွေးလမ်းပိုင်းကို မတ်လ ၂၇ရက်မှ စ၍ မတ်လ ၃၀ရက်အထိ ယာယီပိတ်ထားမည်ဖြစ်ပြီး ယင်းကာလအတွင်း မည်သူတစ်ဦးတစ် ယောက်မျှ သွားလာခြင်းမပြုရန်နှင့် အရေးပေါ် သွားလာရန်လိုအပ်ပါက သက်ဆိုင်ရာသို့ ခွင့်ပြု ချက်ယူရယူပြီးမှသာ သွားလာကြရန် CDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မတူပီ -ပလက်၀လမ်း၌ တိုက်ပွဲများဖြစ်ပွားနေသည်။

စစ်​ကောင်စီတပ်သည် မတ်လတွင် မတူပီ-ပလက်၀လမ်းရှိ ထယ်ဘွေးစစ်တပ်စခန်းသို့ရိက္ခာဖြည့်၊စစ်ကူပို့ရန်နှင့် ဟားခါးသို့ ရိက္ခာနှင့် အင်အားဖြည့်ရန် က​လေး၊ဖလမ်းတို့မှတစ်ဆင့် စစ်ကားတန်းများ​စေလွှတ်ထားခြင်းဖြစ်သည်။အဆိုပါကားတန်း ၂ တန်းစလုံးကို ချင်းကာကွယ်​ရေးတပ်ဖွဲ့များက လမ်းတစ်​လျှောက်တိုက်ခိုက်​နေရာ စစ်သားများ​သေဆုံးထိခိုက်မှုများဆက်တိုက်ကြုံ​နေပြီး ကားတန်းမှာလည်းခရီးမတွင်ဘဲဖြစ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

Federal Wings၏ ကိုယ်ပိုင်ဒီဇိုင်းအသစ်ဖြင့် ဒရုန်းများ အောင်မြင်စွာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်သည်။

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

သတင်း

စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များလည်း ပျက်စီးနေရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိပ်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။