Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်နယ် ရင်းကဲ – ကျင်ဒွေးလမ်းပိုင်း ယာယီပိတ်ထားဟု CDF အသိပေး

ကန်ပက်လက်မြို့နယ်အတွင်း ရင်းကဲ့ – ကျင်ဒွေး- မကွီးအိမ်နုးမြို့ကို အဓိကဆက်သွယ်ထားသော ယင်းလမ်းပိုင်းအား ယာယီပိတ်လိုက်ကြောင်းကို ချင်းကာကွယ်ရေးဖွဲ့ (ကန်ပက်လက်) CDF – Kanpetletက ယနေ့ (မတ်လ၂၆ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။

(ချင်းကာကွယ်ရေးဖွဲ့ (ကန်ပက်လက်) CDF – Kanpetletမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF)
(ချင်းကာကွယ်ရေးဖွဲ့ (ကန်ပက်လက်) CDF – Kanpetletမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF)

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း ရင်းကဲ – ကျင်ဒွေးလမ်းပိုင်းကို လတ်တလောကာလ လုံခြုံရေးအခြေအနေအရ ယာယီပိတ်ထားကြောင်း CDF – Kanpetletက သတင်းထုတ်ပြန်သည်။

ကန်ပက်လက်မြို့နယ်အတွင်း ရင်းကဲ့ – ကျင်ဒွေး- မကွီးအိမ်နုးမြို့ကို အဓိကဆက်သွယ်ထားသော ယင်းလမ်းပိုင်းအား ယာယီပိတ်လိုက်ကြောင်းကို ချင်းကာကွယ်ရေးဖွဲ့ (ကန်ပက်လက်) CDF – Kanpetletက ယနေ့ (မတ်လ၂၆ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။

“လုံခြုံရေးအခြေအနေတခုကြောင့်ပါ”ဟု CDF – ကန်ပက်လက် တပ်မဟာမှူး ဆလိုင်းထွန်းလိန်းထန်းက ပြောသည်။

ရင်းကဲ – ကျင်ဒွေးလမ်းပိုင်းကို မတ်လ ၂၇ရက်မှ စ၍ မတ်လ ၃၀ရက်အထိ ယာယီပိတ်ထားမည်ဖြစ်ပြီး ယင်းကာလအတွင်း မည်သူတစ်ဦးတစ် ယောက်မျှ သွားလာခြင်းမပြုရန်နှင့် အရေးပေါ် သွားလာရန်လိုအပ်ပါက သက်ဆိုင်ရာသို့ ခွင့်ပြု ချက်ယူရယူပြီးမှသာ သွားလာကြရန် CDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မတူပီ -ပလက်၀လမ်း၌ တိုက်ပွဲများဖြစ်ပွားနေသည်။

စစ်​ကောင်စီတပ်သည် မတ်လတွင် မတူပီ-ပလက်၀လမ်းရှိ ထယ်ဘွေးစစ်တပ်စခန်းသို့ရိက္ခာဖြည့်၊စစ်ကူပို့ရန်နှင့် ဟားခါးသို့ ရိက္ခာနှင့် အင်အားဖြည့်ရန် က​လေး၊ဖလမ်းတို့မှတစ်ဆင့် စစ်ကားတန်းများ​စေလွှတ်ထားခြင်းဖြစ်သည်။အဆိုပါကားတန်း ၂ တန်းစလုံးကို ချင်းကာကွယ်​ရေးတပ်ဖွဲ့များက လမ်းတစ်​လျှောက်တိုက်ခိုက်​နေရာ စစ်သားများ​သေဆုံးထိခိုက်မှုများဆက်တိုက်ကြုံ​နေပြီး ကားတန်းမှာလည်းခရီးမတွင်ဘဲဖြစ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်နဲ့ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က အင်အား ၂၀၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်လာလို့ မေလလယ်မှ စပြီး တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ချင်းတောင်ပိုင်းကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)ကထုတ်ပြန်ပြီး စစ်တပ်ဟာ အခြေအနေမကောင်းလို့လေကြောင်းကအကြိမ်ပေါင်းများစွာတိုက်ခိုက်နေတယ်လို့ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကန်ပက်လက်မြို့နယ်မှာစစ်ရှောင်ပြည်သူတွေရဲ့နေအိမ်တွေကိုမသမာသူလူတစ်စုကဖောက်ထွင်းနေတာကြောင့်ညမထွက်ရအမိန့်ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)က မေလ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

သတင်း

စစ်တပ်ကမတူပီမြို့နယ်ထဲကိုဂျက်ဖိုက်တာ၊ Y12 တွေနဲ့တပြိုင်နက်ဗုံးကြဲပြီးကျန်တဲ့မြို့နယ်တွေကိုကင်းထောက်နေ