Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနှင့် ဝက်လက်နယ်တို့တွင် စစ်ကောင်စီတပ်အားတိုက်ခိုက်ရာ ခုနစ်ဦးထက်မနည်းသေ

ဝက်လက်နယ်၌ မိုင်းဆွဲခံရသော စစ်အုပ်စုသည် ရွှေဘိုမြို့သို့ပြန်လည်ဆုတ်ခွာသွား၍ ယာယီပိတ်ထားသော ရွှေဘို-မန္တလေးလမ်းအား ပြန်လည်ဖွင့်ထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

(၂ဝ၂၁ ဖေဖော်ဝါရီလ ၁၇ ရက်က နေပြည်တော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - AFP)
(၂ဝ၂၁ ဖေဖော်ဝါရီလ ၁၇ ရက်က နေပြည်တော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - AFP)

စစ်ကိုင်းတိုင်း စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်တို့၌ စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ခုနစ်ဦးထက်မနည်းသေဆုံးကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

မတ်လ ၂၅ ရက် ညနေပိုင်းက ဆားတောင်မြို့မှ သိမ်ချောင်းရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ညနေ ၆ နာရီ ၄၅မိနစ်ခန့်တွင် ကူကြီးကုန်းနှင့်သိမ်ချောင်းရွာကြား၌ စနိုက်ပါဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

အဆိုပါ စစ်ကြောင်းကို ည ၇နာရီခွဲခန့်တွင် သိမ်ချောင်းရွာချောင်းကူးတံတားအနီး၌ ကင်းပုန်းဝပ်၍ဆက်တိုက်ခဲ့ရာ တိုက်ပွဲချိန် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံးကြောင်း ကိုသက်ကြီးက ဆိုသည်။

စစ်ဆင်ရေးကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)နှင့် မိုးကြိုး(ဆားတောင်)အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အလားတူ မတ်လ ၂၅ ရက် နံနက် ၁၀နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ ရွာသာကြီးမှ စိုင်နိုင်ကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်သားများကို ရွေဘိုခရိုင်အမှတ်(၂၃)တပ်ရင်းတပ်ခွဲ၁နှင့်ဒေသခံ (ပကဖ)တပ်ဖွဲ့များပူးပေါင်း၍ မိုင်း၁၀လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိနိုင်ကြောင်း ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တပ်ရင်း၂၃) က သတင်းထုတ်ပြန်သည်။

“ရွာသာကြီးကနေခွဲထွက်လာတယ်။ အင်အား ခန့်မှန်း တစ်ရာလောက်တော့ရှိမယ်။ ကားကြီးကို အဓိကထားဆွဲလိုက်တာ။ ​မမျှော်လင့်ဘဲ နောက်ကားအသေးပေါ်က တအားပစ်တဲ့အတွက် ရဲဘော်တွေအထိအခိုက်တော့မရှိဘူး။ အသက်လုပြီးဆုတ်ခဲ့ရတယ်။ လယ်ကွင်းပြင်ထဲမှာ ဆွဲရတာဆိုတော့။”ဟု ရွှေဘိုခရိုင် (တပ်ရင်း၂၃) တပ်ရင်းမှူး ကိုရန်ကြီးက ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဝက်လက်နယ်၌ မိုင်းဆွဲခံရသော စစ်အုပ်စုသည် ရွှေဘိုမြို့သို့ပြန်လည်ဆုတ်ခွာသွား၍ ယာယီပိတ်ထားသော ရွှေဘို-မန္တလေးလမ်းအား ပြန်လည်ဖွင့်ထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook