Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများအား (၄၀) မမဖြင့် ပစ်ခတ်တိုက်ခိုက်

မတ်လ ၂၀ ရက်ကလည်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး ဘုရားမဲစစ်ဆေးရေးဂိတ်အား ဥသြစစ်ကြောင်းနှင့် DGRF တို့မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့သည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြသူများအား လိုက်လံဖမ်းဆီးနေသော စစ်ကောင်စီတပ်သားများနှင့် ရဲများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြသူများအား လိုက်လံဖမ်းဆီးနေသော စစ်ကောင်စီတပ်သားများနှင့် ရဲများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများအား (၄၀)မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဥသြစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ယမန်နေ့ (မတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီခွဲခန့်က မောင်မယ်ရှောင်ရွာအနီး အင်အား ၁၀ဦးခန့်ဖြင့် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများကို ဥသြစစ်ကြောင်းနှင့် DGRF(ထားဝယ်-ပကဖ)တို့ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှု ၁၀မိနစ်ခန့်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်ကာ ဒဏ်ရာရသူများအား လူနာတင်ယာဥ်တစ်စီးဖြင့် တင်ဆောင်သွားကြောင်း ဥသြစစ်ကြောင်းမှ တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement
Public Service Announcement

ထို့နောက် စစ်ကောင်စီတပ်က ရေး – ထားဝယ်ကားလမ်းအား ခေတ္တပိတ်ဆို့ထားခဲ့ပြီး ယင်းနေ့ညနေ ၆ နာရီခန့်တွင်မှ လမ်းပြန်ဖွင့်ပေးခဲ့သည်ဆိုသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးစာရင်းအား အတည်မပြုနိုင်သေးသော်လည်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

မတ်လ ၂၀ ရက်ကလည်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး ဘုရားမဲစစ်ဆေးရေးဂိတ်အား ဥသြစစ်ကြောင်းနှင့် DGRF တို့မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။