Connect with us

Hi, what are you looking for?

သတင်း

ရွှေကူနယ် မံဝိန်းရွာကို လေကြောင်းတိုက်ခိုက်ခြင်း၊ စစ်ကြောင်းများ ဝင်ရောက်မီးရှို့ခြင်းကြောင့် နေအိမ် ၁၀၀ကျော် မီးလောင်ပြာကျ

ယမန်နေ့ (မတ်လ ၃၀ရက်( နေ့လည်ပိုင်းက မံဝိန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ နေအိမ် နှစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးကူးစက်မှုများ ရှိခဲ့သည်ဟု ဖော်ပြသည်။

(ကချင်ပြည်နယ် မံဝိန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ မီးရှို့ဖျက်ဆီးပြီးနောက် ဝေဟင်မှ မြင်တွေ့ရစဉ်)

ကချင်ပြည်နယ် မံဝိန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စစ်ကြောင်းများ ဝင်ရောက်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀၀ကျော် မီးလောင်ပြာကျခဲ့ရသည်ဟု ရွှေကူပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ နေ့လည်ပိုင်းတွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မတ်လ ၃၀ရက်( နေ့လည်ပိုင်းက မံဝိန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ နေအိမ် နှစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးကူးစက်မှုများ ရှိခဲ့သည်ဟု ဖော်ပြသည်။

ထို့ပြင် စစ်ကောင်စီ၏ တပ်မ(၈၈)လက်အောက်ခံ တပ်များက ကျေးရွာအတွင်း နေအိမ်များကို မီးရှို့ ဖျက်ဆီးမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လူနေအိမ် ၁၀၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး စပါးကျီများလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့၍ ပျက်စီးဆုံးရှုံးခဲ့မှုများကို ဝေဟင်မှရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းကိုလည်း ဖော်ပြခဲ့ရာ ရွာတန်းရှည်၏ သုံးပုံနှစ်ပုံခန့် မီးလောင်ပြာကျခဲ့သည်ကိုတွေ့ရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မတ်လ ၂၄ရက်ကလည်း ရွှေကူမြို့နယ် နတ်လန်ရွာမှ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

မတ်လ ၂၀ရက်တွင် ရွှေကူမြို့မှ ထွက်လာသည့် စစ်ကြောင်းက မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။ စစ်ကောင်စီတပ်က အထိနာ၍ မတ်လ ၂၅ရက်နှင့် ၃၀ ရက်နေ့များ၌ လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။