Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီက ရန်ကုန်တွင် ည ၉ နာရီမှမနက် ၄ နာရီအတွင်း လူငယ်များကိုအ​မေးအမြန်းမရှိဖမ်းဆီးစစ်​​ဆေးရန်ညွှန်ကြားထားဟုဆို

ရန်ကုန်မြို့အတွင်း စစ်ကောင်စီထောက်တိုင်များ ပစ်ခတ်သတ်ဖြတ်ခံရမှု များပြားလာခြင်းအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ ပြန်လည်ဝင်ရောက် နေကြောင်း သတင်းအရ ဟု၎င်းတို့က​ပြောသည်။

(၂၀၂၂ ခုနှစ်တွင် ရန်ကုန်မြို့လယ်တစ်​နေရာတွင် စစ်​ကောင်စီတပ်က လူငယ်အချို့ကိုဖမ်းဆီး​နေစဥ်။ဓါတ်ပုံ-CJ)
(၂၀၂၂ ခုနှစ်တွင် ရန်ကုန်မြို့လယ်တစ်​နေရာတွင် စစ်​ကောင်စီတပ်က လူငယ်အချို့ကိုဖမ်းဆီး​နေစဥ်။ဓါတ်ပုံ-CJ)

ရန်ကုန်မြို့တွင် ည ၉ နာရီ မှ မနက် ၄ နာရီအတွင်း အမေးအမြန်းမရှိ လူငယ်များကို ပစ်မှတ်ထား၍ ဖမ်းဆီးစစ် ဆေးရန် စစ်ကောင်စီက ညွှန်ကြားလာကြောင်း နယ် မြေခံရဲများနှင့်နီစပ်သူများက ပြောသည်။

ရန်ကုန်မြို့အတွင်း စစ်ကောင်စီထောက်တိုင်များ ပစ်ခတ်သတ်ဖြတ်ခံရမှု များပြားလာခြင်းအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ ပြန်လည်ဝင်ရောက် နေကြောင်း သတင်းအရ ဟု၎င်းတို့က​ပြောသည်။

“မာရှယ်လော ပုံစံမဟုတ်ဘူး။ရန်ကုန်တစ်မြို့လုံး စီမံချက်နဲ့ ည ၉ နာရီကနေ မနက် ၄ နာရီအတွင်း သူတို့ဘက်က အမေးအမြန်းမရှိ ဖမ်းမယ် ဆိုပြီး မနေ့က ဖုန်းနဲ့ လှမ်းအသိပေးတယ်”ဟု မြောက်ဥက္ကလာပ ရဲစခန်း နှင့် နီးစပ်သူ တစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ထို့အပြင် ယမန်နေ့(မတ်လ ၃၁ ရက်) ည ၈ နာရီခန့်ကလည်း မြောက်ဒဂုံ ၄၁ ရပ်ကွက် လမ်းမပေါ်၌ လူငယ်နှစ်ဦး ဖမ်းဆီးခံရကြောင်းဒေသခံတစ်ဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

“ဖူဆယ်ကွင်းကနေ ဘောလုံးကန်ပြီး ပြန်လာတဲ့ ကလေးတွေ။လမ်းပေါ် တက္ကစီ ငှားနေတုန်း ဖမ်းခံရတာ။ဖမ်းခံရတဲ့ကလေး တွေနဲ့ဆက်စပ်လို့ဆက်စုံစမ်းနေတုန်းပဲ”ဟု ၎င်းက ဆက်​ပြောသည်။

ယခုရက်ပိုင်းတွင် ခရမ်း၊သုံးခွ၊မြောက်ဒဂုံ နှင့် သာကေတ တို့တွင် စစ်ကောင်စီလက်အောက်ခံရဲများ၊ သတင်းပေးများ မကြာခဏပစ်ခတ်ရှင်းလင်းခံ​နေရသည်။

ထို့အပြင် မတ် ၂၉ ရက်က Express ကားဖြင့် PDF များ ဝင်ရောက်လာသည်ဆိုသည့် ဗီဒီရိုဖိုင်သည် လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများသည် ရန်ကုန်တိုင်းအတွင်း အင်အားအများအပြားဖြင့် စစ်ဆေးမှုများပိုမိုပြုလုပ်​နေသည်။

အမှန်မှာအဆိုပါ ဗီဒီရိုဖိုင်သည် ကရင်ပြည်နယ် ကျုံဒိုးမြို့တွင် စစ်​ကောင်စီရဲစခန်းနှင့် စစ်တပ်တပ်စွဲ​နေ​သော​နေရာများကို တိုက်ခိုက်ခဲ့​သော Lion Battalion Commando ဗျူဟာစစ်ကြောင်းမှရဲဘော်များ Expressကား အသုံးပြုပြန်ကြခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။