Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ရန်ကုန်တွင် ည ၉ နာရီမှမနက် ၄ နာရီအတွင်း လူငယ်များကိုအ​မေးအမြန်းမရှိဖမ်းဆီးစစ်​​ဆေးရန်ညွှန်ကြားထားဟုဆို

ရန်ကုန်မြို့အတွင်း စစ်ကောင်စီထောက်တိုင်များ ပစ်ခတ်သတ်ဖြတ်ခံရမှု များပြားလာခြင်းအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ ပြန်လည်ဝင်ရောက် နေကြောင်း သတင်းအရ ဟု၎င်းတို့က​ပြောသည်။

(၂၀၂၂ ခုနှစ်တွင် ရန်ကုန်မြို့လယ်တစ်​နေရာတွင် စစ်​ကောင်စီတပ်က လူငယ်အချို့ကိုဖမ်းဆီး​နေစဥ်။ဓါတ်ပုံ-CJ)
(၂၀၂၂ ခုနှစ်တွင် ရန်ကုန်မြို့လယ်တစ်​နေရာတွင် စစ်​ကောင်စီတပ်က လူငယ်အချို့ကိုဖမ်းဆီး​နေစဥ်။ဓါတ်ပုံ-CJ)

ရန်ကုန်မြို့တွင် ည ၉ နာရီ မှ မနက် ၄ နာရီအတွင်း အမေးအမြန်းမရှိ လူငယ်များကို ပစ်မှတ်ထား၍ ဖမ်းဆီးစစ် ဆေးရန် စစ်ကောင်စီက ညွှန်ကြားလာကြောင်း နယ် မြေခံရဲများနှင့်နီစပ်သူများက ပြောသည်။

ရန်ကုန်မြို့အတွင်း စစ်ကောင်စီထောက်တိုင်များ ပစ်ခတ်သတ်ဖြတ်ခံရမှု များပြားလာခြင်းအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ ပြန်လည်ဝင်ရောက် နေကြောင်း သတင်းအရ ဟု၎င်းတို့က​ပြောသည်။

“မာရှယ်လော ပုံစံမဟုတ်ဘူး။ရန်ကုန်တစ်မြို့လုံး စီမံချက်နဲ့ ည ၉ နာရီကနေ မနက် ၄ နာရီအတွင်း သူတို့ဘက်က အမေးအမြန်းမရှိ ဖမ်းမယ် ဆိုပြီး မနေ့က ဖုန်းနဲ့ လှမ်းအသိပေးတယ်”ဟု မြောက်ဥက္ကလာပ ရဲစခန်း နှင့် နီးစပ်သူ တစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ထို့အပြင် ယမန်နေ့(မတ်လ ၃၁ ရက်) ည ၈ နာရီခန့်ကလည်း မြောက်ဒဂုံ ၄၁ ရပ်ကွက် လမ်းမပေါ်၌ လူငယ်နှစ်ဦး ဖမ်းဆီးခံရကြောင်းဒေသခံတစ်ဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

“ဖူဆယ်ကွင်းကနေ ဘောလုံးကန်ပြီး ပြန်လာတဲ့ ကလေးတွေ။လမ်းပေါ် တက္ကစီ ငှားနေတုန်း ဖမ်းခံရတာ။ဖမ်းခံရတဲ့ကလေး တွေနဲ့ဆက်စပ်လို့ဆက်စုံစမ်းနေတုန်းပဲ”ဟု ၎င်းက ဆက်​ပြောသည်။

ယခုရက်ပိုင်းတွင် ခရမ်း၊သုံးခွ၊မြောက်ဒဂုံ နှင့် သာကေတ တို့တွင် စစ်ကောင်စီလက်အောက်ခံရဲများ၊ သတင်းပေးများ မကြာခဏပစ်ခတ်ရှင်းလင်းခံ​နေရသည်။

ထို့အပြင် မတ် ၂၉ ရက်က Express ကားဖြင့် PDF များ ဝင်ရောက်လာသည်ဆိုသည့် ဗီဒီရိုဖိုင်သည် လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများသည် ရန်ကုန်တိုင်းအတွင်း အင်အားအများအပြားဖြင့် စစ်ဆေးမှုများပိုမိုပြုလုပ်​နေသည်။

အမှန်မှာအဆိုပါ ဗီဒီရိုဖိုင်သည် ကရင်ပြည်နယ် ကျုံဒိုးမြို့တွင် စစ်​ကောင်စီရဲစခန်းနှင့် စစ်တပ်တပ်စွဲ​နေ​သော​နေရာများကို တိုက်ခိုက်ခဲ့​သော Lion Battalion Commando ဗျူဟာစစ်ကြောင်းမှရဲဘော်များ Expressကား အသုံးပြုပြန်ကြခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။