Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ် ဖမ်းဆီးခံပြည်သူများအနက် တစ်ဦးသတ်ဖြတ်ခံရပြီး တစ်ဦးလွတ်မြောက်လာ

ဒီပဲယင်းမြို့နယ်ရှိ ကြည်၊ဘုရားထွက်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ မတ်လ ၃၁ ရက်မှ ဧပြီ၂ ရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။

(ဒီပဲယင်းမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
(ဒီပဲယင်းမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသည့် ပြည်သူများအနက် တစ်ဦးသတ်ဖြတ်ခံရပြီး တစ်ဦးထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဧပြီလ ၄ ရက်) နံနက်ပိုင်းတွင် ဒီပဲယင်းမြို့နယ်၊ (၉)နံပါတ်မူးဘောင်နှင့် တောရကျောင်းကြား၌ စစ်ကောင်စီတပ်က သတ်ဖြတ်စွန့်ပစ်ထားသည့် ရုပ်အလောင်းတစ်လောင်းတွေ့ရှိပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသည့် ပြည်သူတစ်ဦးလည်း ဒဏ်ရာအများအပြားဖြင့် ထွက်ပြေးလွတ်မြောက်လာကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

“ပြန်လွတ်လာတဲ့ ပြည်သူက ညှင်းပန်းနှိက်စက်ခံထားရပြီး ဘယ်ဘက်နားရွက်ဖြတ်ခံထားရတယ်လို့ သိရပါတယ်။”ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

ဒီပဲယင်းမြို့နယ်ရှိ ကြည်၊ဘုရားထွက်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ မတ်လ ၃၁ ရက်မှ ဧပြီ၂ ရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီဘက်က စစ်ကြောင်းမှူး အပါအဝင် ၃၀ကျော်သေဆုံးခဲ့၍ Mi(35)တိုက်ခိုက်​ရေးယာဥ်ဖြင့်ပါ လာရောက်ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီတပ်သည် မတ်လ ၂၇ ရက်မှစ၍ ဘုတလင်မြို့မှ အင်အား ၁၂၀ခန့်ဖြင့် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းသို့ ထွက်လာပြီး စိုင်ပြင် – ဒီပဲယင်း လမ်းတစ်လျှောက်ကျေးရွာများသို့ စစ်ကြောင်းထိုးလာ၍ ကျေးရွာ ၁၀ရွာကျော်မှ ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရ၍ အကူအညီများလိုအပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။