Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းမြို့နယ် စစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့ရ

နတ်တလင်းမြို့နယ်ရှိ ကြက်မနက်ကျေးရွာတွင် ဘန်ကာ၊ ကတုတ်ကျင်းများဖြင့် အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဧပြီ ၁ရက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့စဉ် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်အား ပြသထားစဥ်။ ဓာတ်ပုံ - Bago Region PDF)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်အား ပြသထားစဥ်။ ဓာတ်ပုံ - Bago Region PDF)

▪︎စစ်ကောင်စီတပ်သားတစ်ဦးသေ၊ လက်နက်တစ်လက် သိမ်းဆည်းရရှိ

ပဲခူးတိုင်း နတ်တလင်းမြို့နယ်အတွင်း စစ်ကောင်စီ၏ အထိုင်စခန်းအားတိုက်ခိုက်စဉ် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့ရကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲတာဝန်ရှိသူက ပြောသည်။

ထို့အပြင် တိုင်း‌အတွင်းစစ်ရေးအရှိန်မြှင့်နေ၍ ပြည်သူများအနေဖြင့် လုံခြုံရေးသတိပိုရှိကြရန် ပဲခူးတိုင်းစစ်ဒေသခွဲတာဝန်ရှိသူက ဆိုသည်။

နတ်တလင်းမြို့နယ်ရှိ ကြက်မနက်ကျေးရွာတွင် ဘန်ကာ၊ ကတုတ်ကျင်းများဖြင့် အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဧပြီ ၁ရက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့စဉ် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

စစ်ကောင်စီစခန်းကို ပိတောက်ဖြူစစ်ဆင်ရေးအဖြစ် ဝင်ရောက်စီးနင်းချေ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း၊ စစ်ကောင်စီထံမှ MA3 ဒင်ခေါက် သေနတ်တစ်လက်၊ ကျည် (၂၀)နှင့် လက်ပစ်ဗုံးတစ်လုံးတို့ကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ – Bago Region PDF က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“နန်းထိုက်အောင်က တောင်ပိုင်းရဲ့ မြို့ပြစစ်ဆင်ရေးအားလုံးကို ဆောင်ရွက်တာ။ ပိတောက်ဖြူက တပ်ရင်းရဲ့စစ်ဆင်ရေးအနေနဲ့ ဆောင်ရွက်တာပါ။ ကျဆုံးသွားတဲ့ ကျွန်တော်တို့ရဲဘော်နှစ်ဦးရဲ့ ကျန်ရစ်သူမိသားစုဝင်‌တွေအတွက် ထောက်ပံ့မှုတွေလည်း လုပ်ပေးနေပါတယ်”ဟု ပဲခူးတိုင်းစစ်ဒေသခွဲတာဝန်ရှိသူက People’s Springသို့ ပြောသည်။

အဆိုပါ ပိတောက်ဖြူစစ်ဆင်ရေးကို သာယာဝတီခရိုင် PDF တပ်ရင်း(၃၈၀၁)မှ တပ်ခွဲ – ၂၊ တပ်ခွဲ – ၃၊ တပ်ခွဲ – ၄၊ ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၂)မှ တပ်ခွဲ – ၅၊ တပ်စု (၂)နှင့် ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁) ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ ကျဆုံးခဲ့သည့် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးမှာ သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ – ၂ မှ ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဆင်ရေးဒေသတွင်ပါဝင်သော ပဲခူးတိုင်းစစ်ဒေသခွဲတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်မှုများ အရှိန်မြှင့်နေသည်ဟုလည်း အသိပေးသည်။

” ၂၀၂၃ က ကျနော်တို့ရဲ့ အဆုံးအဖြတ်နှစ်ဖြစ်တဲ့အတွက် ကျနော်တို့က ဒီထက်ပိုပြီးတော့ စစ်ရေးအရှိန်တွေမြှင့်ဖို့ရှိပါတယ်။ ဒါကို ပြည်သူတွေက သိရှိနားလည်ပြီး လုံခြုံရေးသတိပိုရှိကြဖို့ လိုပါတယ်”ဟု ပဲခူးတိုင်းစစ်ဒေသခွဲတာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ မကျီးပင်ကျေးရွာက စစ်တပ်တပ်စခန်းအနီးမှာ အမျိုးသမီးတစ်ဦး သေဆုံးနေတာတွေ့ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်